အစ်မ မခင်လတ် အတွက် နှစ်သစ်ကူး လက်ဆောင်…။

black chawDecember 27, 20141min05

အစ်မလတ်ရေ…။

ပထမအကြိမ် အမျိုးသားအားကစားပွဲတော် ကြီးမှာ

စီးပွားရေးတက္ကသိုလ် အနုပညာအသင်း အနေနဲ့

အကြိုလှုံ့ဆော်တေး ၂ ပုဒ် မြန်မာ့အသံက ထုတ်လွှင့်ခဲ့ပါတယ်။

ဂုဏ်ယူစရာတစ်ခုကတော့ ၂ ပုဒ်လုံး ဓါတ်ပြားရခဲ့တာပါပဲ။

တေးရေးကတော့ ထုံးစံအတိုင်း ကျွန်တော် ဘလက်ချော ပေါ့။

တေးဆိုကတော့ စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူ တွေပေါ့ခင်ဗျာ။

တေးဂီတကတော့ Drum ကိုစန်းချိုလင်း၊ Keyboard ကိုသက်(အိုအေစစ်)၊

Bass ကိုဖိုးကလဲ၊ Lead ကိုမြတ်စိုး တို့က တီးခတ်ပေးပြီး

ခင်စံပယ်ဦးစတူဒီယိုမှာ အသံဖမ်းကြပါတယ်။

အဲဒီ သီချင်းလေးတွေ အမှတ်တရ ပြန်တင်ပေးမလို့ ခင်ဗျ။

ဘလက်ချောကြီးရဲ့ ကျောင်းသားဘဝ အနုပညာလှုပ်ရှားမှုတွေထဲက တစ်ခုပေါ့ခင်ဗျာ။

ပထမ တစ်ပုဒ်က ဒို့ မြန်မာ ဆိုတဲ့ သီချင်းလေးခင်ဗျ…။

စာသားတွေတော့ ပျင်းလို့ ပြန်ရေးမပြတော့ပါဘူး။

သီချင်းက ၁၉၉၃ လောက် သွင်းထားတဲ့ သီချင်းဆိုတော့

သည်းခံ နားထောင်ပေးကြပါခင်ဗျာ။

 

 

ဒီသီချင်းလေးကို အစ်မ မခင်လတ်အတွက် နှစ်သစ်ကူးလက်ဆောင် အဖြစ်တင်ပေးတာပါခင်ဗျာ…။

နှစ်သစ်မှာ အရာရာ အဆင်ပြေ ပါစေအစ်မရေ…။

ချစ်ခင်လေးစားတဲ့

မောင်ဘချော (စီးပွားရေးတက္ကသိုလ်)…။

5 comments

  • ဒေါင်း သွား တယ် ခည
    အိမ်ကျမှ အေးအေးဆေးအေး နားထောင်ဦးမယ်…
    (အရီးအတွက် ဆိုပေမယ့်… )

    😆

    Reply

  • မြစပဲရိုး

    December 28, 2014 at 9:54 pm

    ဝမ်းမြောက် ဝမ်းသာ စွာ မျိုးချစ်စိတ် အပြည့်ဖြင့် နားထောင်ပြီး ပါပြီ ချစ်စွာသော မောင်လေး ရေ့။
    သီချင်း လေး ကို မျှပေးလို့ ကျေးဇူးလဲ အထူးတင်တယ်။
    ဒီလို သီချင်းသည် တစ်ဦး ဟာ ကိုယ့်ရွာသား မို့ ရွာအတွက် ပိုပြီးတော့ လဲ ဂုဏ်ယူသွားတယ်။
    ဒါ့အပြင် ကိုယ့် အမိတက္ကသိုလ် ရဲ့ သား ဖြစ်နေမှတော့ မောင် နှစ်ထပ်ကွမ်း ဖြစ်ပြီး ခင်မင်တော့ တာ မဆန်းပါနော။

    ကိုဘချော ရဲ့ သီချင်း ထဲ ကလို
    မြန်မာပြည် ရဲ့ ပြင်ပမှာ နေလဲ မြန်မာသွေး က နီ နေဆဲပါ။
    မြန်မာ ဆိုတဲ့ အမျိုးအတွက် ဂုဏ် ကို ဆောင်နိုင်ဖို့ အားမာန် နဲ့ ကြိုးစား နေဆဲပါ။
    ရွှေတံဆိပ်မဟုတ်တောင် Fair player အဖြစ် နေနေ ရရင် ကို ဟုတ်လှပြီ။

    အစ်မ ရဲ့ မောင် လဲ ချစ်သော ညီမ နဲ့ အတူ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပြီး လိုရာဆန္ဒတွေ ပြည့်ဝ အောင်မြင်ကြပါစေ။
    ရွာထဲ လဲ မကြာမကြာ မြင်လိုပါတယ်။

    ချစ်ခင်စွာဖြင့်
    အစ်မလတ်

    BTW- ဒုတိယ တစ်ပုဒ် ကိုလဲ ကြားပါရစေ။ :))

    Reply

  • ခင်ဇော်

    December 29, 2014 at 9:15 am

    ဟန်းဒီကက်ပေးနော်

    :k:

    Reply

    • La Yeik

      December 29, 2014 at 11:05 am

      ဒေါင်းလင့်လေးပေးလို့ ကျေးကျေးပါ အူးလေး…ဒေါင်းပီး နားထောင်လိုက်အူးမယ်…

      Reply

Leave a Reply

Your email address will not be published.