“ရလာဒ်က မလှ”

ခင္ခDecember 26, 20141min06

“ရလာဒ်က မလှ”

အင်အားနှစ်ခု အပြိုင်လုတော့
မည်သူမဆို နိုင်ချင်ကြတယ်
အဲဒါပြိုင်ပွဲတဲ့။

အချစ်နဲ့စစ် မတရားတာမရှိ
အပိုင်ရဖို့ နည်းမျိုးစုံသုံး
အနိုင်ရသူ သာစမြဲ။

ကိုယ့်လူမျိုးချင်း နှိပ်ဆက်ခြင်းနဲ့
အနိုင်လုယူ အာဏာတည်သူ
ထိုထိုသူကို တရားတယ်လို့
မင်းထင်လေရော့သလား။

အနိုင်ရကာ ဗိုလ်စွဲပေမယ့်
အသိမှတ်ပြုစစ်တမ်း
ပြည်သူရင်ထဲ ကောက်ယူလှမ်းရင်
ရလာဒ်သုည ကပ်နေမယ်ထင်။

ခင်ခ။

6 comments

  • အဲ့ဒါပေါ့။
    တစ်ဖက်က အနိုင်
    တစ်ဖက်က အရှုံး
    အနိုင်နဲ့အရှုံးက မျဉ်းတပြေးထဲ တချိန်တည်းမှာ
    ဖြစ်ပေါ်နေတယ်
    ဆိုတော့ အမှန်တရားမျိုးစုံရှိတဲ့ပိုစ့်မော်ဒန်ခေတ်မှာ
    ဒါက ဖြစ်နေမှာပဲ။

    တစ်ဖက်က နိုင်ပေမယ့်
    နောက်တစ်ဖက် ထောင့်တစ်ထောင့်က ရှုံးနေရင်
    အနိုင်ဆိုတဲ့ရလဒ်ဟာ လက်ခံရမလောက်
    ဒါပေမယ့်
    တစ်ဖက်ရဲ့ အနိုင်ရမှုနောက်မှာ
    နောက်ထပ် ထောင့်တွေ ထောင့်တွေကတော့
    အရှုံးတွေ နစ်နာမှုတွေ များစွာ အစွယ်အပွါးထွက်နေမယ်ဆိုရင်
    အဲ့ဒီ အနိုင်ရမှုဟာ
    ပြန်စဉ်းစားသင့်တဲ့ အနိုင်ပဲ

    Reply

  • မြစပဲရိုး

    December 27, 2014 at 12:52 am

    သူတို့ လား ကိုခ ရယ်။
    ဘယ်သူ သေသေ ငတေ မာ ရင်ပြီး ရော စိတ်ရှိသူတွေ မို့
    သုည မက အနှုတ်ပြလဲ ဂရုစိုက်မယ် မထင်။
    နောက်မှ ဘာဖြစ်ဖြစ် လောလောဆယ်မှာ သွေးမကွဲ ဘဲ ညီနေဖို့ အဓိက လိုတာ။
    ဒီလိုပုံ၊ ဒီလို လူ တွေနဲ့ ဘယ်လိုလုပ်ရမယ်တောင် မသိတော့။ 🙄

    Reply

  • Ma Ma

    December 27, 2014 at 8:01 am

    အပြင်ပန်းရတဲ့ ရလာဒ်နဲ့
    ရင်တွင်းကပေးတဲ့ ရလာဒ်
    ကွာဟပုံကို ထင်သာမြင်သာရှိစေလိုက်တာ။ 🙂

    Reply

  • ခင်ဇော်

    December 27, 2014 at 8:07 am

    သုညမက
    မိုင်းနပ်(စ) ပြနေပြီ။

    👿

    Reply

  • kyeemite

    December 29, 2014 at 1:22 pm

    .-_ _ _ _ _
    .ခက်ပါသေး

    Reply

  • min kyansix

    January 1, 2015 at 12:40 pm

    အော်
    အနိုင်နဲ့ အရှုံး
    ဘယ်ဘက်ကနေနေ ဘေးထွက်ဆိုးကျိုးတော့ ရှိနေတာပါဘဲ

    Reply

Leave a Reply

Your email address will not be published.