သူတို့လေးတွေဘဝများ သာယာပါစေ။

အာဂDecember 24, 20141min014

ကျွန်တော်ပုဂံသွားတုန်းက သရပါ 3 စားသောက်ဆိုင်ရဲ့ မလှမ်းမကမ်းမှာ ဒီကလေး ၂ယောက် လမ်းဘေးမှာထမင်းစားနေတာမြင်တော့ စိတ်မကောင်းဖြစ်မိပြီး ။ သူတို့ ဘဝလေးတွေအကြောင်းမေးမြန်းဖြစ်ခဲ့တယ်။ သူတို့က ညီအစ်ကို တွေပါတဲ့ ကျောင်းလည်း တက်နေပါသတဲ့။ တစ်ယောက်က ၄တန်း။ တစ်ယောက်က ၅တန်းတဲ့ ။ အခုကျောင်းပိတ်လို့လာတောင်းနေတာပါတဲ့။ ရင်ထဲ ဆို့ တက်မိသွားတယ်။ သူတို့လိမ်နေတာများလို့တွေးလည်းတွေးမိတယ်။ဒါပေမဲ့ သေချာ စိစစ်မေးမြန်းကြည့်တို့ သူတို့မလိမ်ဘူး။ရိုးသားတာသိလိုက်ရတယ်။ အဲဒီ ညီအစ်ကို နှစ်ယောက် ကျောင်းမှာ အဆင့်တွေလည်း အဆိုးကြီးမဟုတ်ဘူးဗျ။ တစ်ယောက် က အဆင့် ၅ ။တစ်ယောက် ကအဆင့် ၁ဝ လောက်ရှိတယ်။ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ သူတို့ကိုများ ဖေးဖေးမမနဲ့ သေချာပညာရေးလိုက်စားခိုင်း ရင် ဒီထက် အဆင့်တွေရမယ်နောင် သူတို့ဘဝကောင်းစားမယ်ဆိုတဲ့အတွေးနဲကပေ့ါ။အခု စားနေတဲ့ ထမင်းဟင်းတွေကရောဘယ်ကရလဲဆိုတော့ ဘုန်းကြီးကျောင်းက နေယူလာ တာတဲ့ သူတို့အောက်မှာ ညီမလေးတစ်ယောက်ရှိတယ်။ အဖေကတော့မရှိတော့ဘူးဆိုလား။ ဘယ်ရောက်သွားလဲဆိုလားပဲ။ ထူးခြားတာက သူတို့က ရန်ကုန်က သူတောင်းစား တွေလို ဆိုင်ထဲဝင်လိုက်မတောင်းဘူး။ဘေးနားကဖြတ်လျောက်တဲ့ လူတွေကိုလည်း သနားပါခင်ဗျာဆိုပြီးမတောင်းဘူး။ သူတို့ခွက်လေးချထားတယ်။ စေတနာရှိရင်ထည့်လှူဆိုတဲ့ သဘောမျိုး။ဒီတော့ ကိုယ်လည်း အားပေးရတယ်။ ညီလေးတို့ကို အစ်ကို ပိုက်ဆံတော့မလှူဘူး။ ကျောင်းအတွက်လိုအပ်တဲ့ စာရေးကိရိယာတွေပေးမယ်ရ လား ဆိုတော့ သူတို့လက်ခံတယ်။ ဒါကြောင့် ကျွန်တော့်ကိုလိုက်ပို့တဲ့လူကို ကိုယ့်တက်နိုင်သမျှလေးပေးပြီးတော့ စာအုပ်၊ခဲတံ၊ခဲဖျက်တွေဝယ်ခိုင်းပြီးသူတို့ကိုလှူ ခဲ့ မိတယ်။သူတို့ညီအစ်ကိုလည်း လိုလိုချင်ချင်နဲ့ယူခဲ့တယ်။ အရမ်းလည်းကျေနပ်မိခဲ့ ပါတယ်။ ဒါလေးက တော့ သွားဖူးသမျှခရီးတွေထဲမှာမှ အမှတ်တရလေးပါပဲ။ နောက်ဆုံး တွေးမိတာကတော့ ဆရာတာရာမင်းဝေ အတွေးထဲ ကလို သူတို့ လေးတွေက တောင်းစားတာမှန်တယ်။ ပညာလည်းသင်နေတယ်။ သို့သော် ခိုးယူ၊ဓားပြတိုက်မစားမစားဘူးလုမစားဘူး။ ရိုးသားတယ်ဆိုတာပါပဲ။သူတို့ညီအစ်ကို ၂ယောက်ဘဝ တိုးတက်ပါစေလို့ဆုတောင်းလျက်။



14 comments

  • kai

    December 25, 2014 at 5:29 am

    ကိုရင့်လိုလူတွေများလာရင်.. တိုင်းပြည်အနာဂတ်တွေအတွက်.. နည်းနည်းတော့ စိတ်ချမိမှာ…။
    “ငါ့လက်ကလွတ်ဗြွတ်..” အလှူမဟုတ်လို့.. သာဓုကြီးကြီး.. တခု…။

    တခုပဲ..
    ဒီချာတိတ်ကလေးတွေ.. ပုဂံလိုနေရာမှာ.. လာလည်တဲ့တိုးရစ်တွေကို.. နတ်လမ်းညွှန်.. အကူအညီပေးယုံနဲ့.. ငွေရတဲ့.. ပညာရတဲ့.. ဘဝတက်လမ်းရှိတာကို.. ဘာလို့တောင်းစားသလည်းတော့.. တွေးမရ..။

    Reply

    • မြစပဲရိုး

      December 27, 2014 at 4:55 am

      အုပ်ချုပ်သူတွေ ကိုယ်တိုင် တောင်းစား နေကြ တဲ့ နိုင်ငံမှာ
      ဒီလို ကလေး တွေ တောင်းစား နေကြတာ ဆန်းလို့လား သူကြီးမင်းရယ်။

      တိုင်းပြည်ထဲ သံယံဇာတ တွေ ရေမြေ သဘာဝ ကောင်း တွေ ရှိတာကို
      ဘာလို့တောင်းစားသလည်းတော့.. တွေးမရ..။ 😉

      အရီး တို့ မင်းသားက မိုက်သကွယ်။
      မင်းသမီး တစ်ပင်ထဲ လေးရော မပါဘူးလား။
      :))

      Reply

    • kyeemite

      December 29, 2014 at 3:35 pm

      .အဲ့အရွယ်ကလေးတွေ ပုဂံဘုရားမှာ ဧည့်သည်တွေနားကပ်ခွင့်မရတော့ဘူးဗျ..သဂျီးရ
      .ဘုရားလူဂျီးဆိုသူတွေ…လုံခြုံရေးဆိုသူတွေကမောင်ထုတ်သဗျ…
      .နိုင်ငံခြားသားနားကပ်ဖို့ဆို ပိုဝေးသေး….. :buu:
      .ကိုရင်အာဂရဲ့ စေတနာမှန်လေးကိုလေးစားပါတယ်..သာဓုပါဗျို့
      .

      Reply

  • ရွှေပြောင်ပြောင် စေတီတွေကို ရွှေထပ် ကပ်ရတာထက်
    ဒီလို ကလေးတွေရဲ့ ဘဝတစ်ထောင့်တစ်နေရာကို ကူညီရတာ ပို သဘောကျမိတယ်ဗျာ။

    ဘာလို့လဲတော့မသိ
    အဲ့လို ကလေးတွေ . . .တွေ့ရင် . . .
    အသက်ကြီးကြီး တုန်တုန်ချိချိ အဖိုးအဖွားတွေ တောင်းစားနေရတာ မြင်ရင်
    ရင်ထဲ တနင့်နင့်နဲ့
    ကိုယ်တစ်ခုခု မကူညီလိုက်နိုင်ရင်ကို
    တာဝန်မကျေသလို ခံစားမိနေတာ
    😥

    ကျနော် ပြောင်းလဲပေးနိုင်တဲ့အရာတွေကို ပြောင်းလဲပေးနိုင်ဖို့ ခွန်အား သတိ္တနဲ့ အစွမ်းအစ . . .

    ကျနော် မပြောင်းလဲနိုင်တဲ့အရာတွေကို ဒီအတိုင်း လျစ်လျူရှုထားနိုင်တဲ့ စိတ်တည်ငြိမ်မှုနဲ့. . .

    အဲ့ဒီ အရာနှစ်မျိုးကို ခွဲခြားသိနိုင်တဲ့ ဉာဏ်ပညာ

    ကျနော့်အတွက် အရေးတကြီး လိုအပ်တယ်။

    Reply

    • ခင်ဇော်

      December 25, 2014 at 12:20 pm

      Agree..!!
      😥

      Reply

  • aye.kk

    December 25, 2014 at 3:59 pm

    အာဂ
    မရှိဆင်းရဲ နွမ်းပါးတဲ့ ငယ်ရွယ်တဲ့သူတွေအပေါ်မှာ
    ကရုဏာ ထားတတ်တဲ့၊စိတ်ကို လေးစားမိတယ် ။ မွန်မြတ်တဲ့အတွက်
    အင်မတန်ကုသိုလ်ရပါတယ်။

    Reply

  • padonmar

    December 25, 2014 at 9:46 pm

    ဒို့ရွာသားကွ

    Reply

  • Ma Ma

    December 25, 2014 at 10:47 pm

    ကောင်းလိုက်တဲ့ အလှူ ပဲ။
    အကြံဉာဏ်လည်း ကောင်း၊ စေတနာလည်း ကောင်း။
    သာဓု သာဓု သာဓု 🙂

    Reply

  • Kaung Kin Pyar

    December 26, 2014 at 9:37 am

    သာဓုခေါ်ပါတယ် ကိုအာဂရေ….
    တကယ်လိုတဲ့နေရာမှာ … အလှူပေးခဲ့တာလေး…

    Reply

  • Yae Myae Tha Ninn

    December 26, 2014 at 12:00 pm

    သာဓုပါ ဆရာကြီးရေ… ဒါတွေက မေးဖြစ်မှ သိရတာ.. သာမန်ဆို ကောက်ချက်လွယ်လွယ်ချမိကြမှာ… အဲလိုဘဝတွေ ဘယ်လောက်တောင် ရှိနေပြီလဲ… 🙁

    Reply

  • ခင် ခ

    December 26, 2014 at 12:55 pm

    အလှုပြုတဲ့ လုပ်ဆောင်မှုလေးအတွက်တော့ ကိုအာဂကို ချီးမွှမ်းမိတယ်ဗျ။
    အဲလိုကလေးအရွယ်လေးတွေဘဲ ပုဂံဘုရားဖူးသွားတုန်းက ဘုရားတစ်ခုဝင်မိရင် ” ဦးလေးကြီး ဘုရားသမိုင်းပြောပြရမလား မြန်မာလိုရော အင်္ဂလိပ်လိုရော ပြောပြပေးမယ် ဦးလေးကြီးတို့စေတနာရှိသလောက်ပေးပါ၊ မပေးလည်းလိုက်ပြောပေးမယ်လေ” ဆိုပြီး အနားကပ်လာပြောတဲ့ ကလေးတွေ ဘုရားတိုင်းမှာတွေ့ရတယ် ငွေတောင်းနည်းတစ်ခုဆိုပေမယ့် သူ့လုပ်အားနဲ့သူတို့နိုင်သလောက်လုပ်ပြီးငွေတောင်းတာမို့ ပြောခိုင်းပြီး မုန့်ဖိုးပေးတတ်ကြပါတယ်။
    သူ့အရပ် သူ့ဇာတ်နဲ့တော့ ဟုတ်လို့ပါဘဲ။

    Reply

  • uncle gyi

    December 28, 2014 at 8:17 am

    ဒီတခါသူကြီးကစံနစ်ကြောင့်လို့မပြောတာဆန်းတယ်

    Reply

  • ဝင့်ပြုံးမြင့်

    December 28, 2014 at 8:45 pm

    . အထက်က ကောင်းကင်ပြာလိုပဲ။ သာဓုခေါ်ပါတယ် ကိုအာဂနဲ့ မနွယ်ပင်ရေ။

    Reply

  • Paing Lay

    December 29, 2014 at 2:40 pm

    သာဓုပါ……….ကိုအာဂရေ……..ထပ်တူထပ်မျှပါပဲ……….. 😥

    Reply

Leave a Reply

Your email address will not be published.