လွယ်ကူစားကောင်း ကိုရီးယားထမင်းလိပ် လုပ်ကြမယ်

SawAungDecember 24, 20141min012

ကိုရီးယားထမင်းလိပ်လို့လည်းခေါ်ကြတဲ့ အဆာပြေစားတဲ့ ထမင်းလိပ်ဟာ ခုတလော နေရာတိုင်းလိုလိုမှာ တွေ့နေရတတ်ပါတယ်။ သိပ်မကြိုက်လှပေမယ့် တစ်ခါတစ်ရံ ကျွန်တော့်ခံတွင်း တွေ့တာမို့ ကြားဖူးနားဝ မြင်နေတဲ့ဆီကနေ လေ့လာသင်ယူခဲ့ပါတယ်။

အဓိက ထမင်းလိပ်မှာ ပါဝင်တဲ့အရာတွေက

ကြက်ဥကြော်

ကြက်အူချောင်း

ဝက်အူချောင်း

ဂဏန်းချောင်း

မုန်လာဥ ဖြူ

မုန်လာဥ အနီ

ဆလပ်ရွက်

မုန်လာပင်ပါပေါက် (ဒါကတော့ ကျွန်တော်သက်သက်ထည့်ထားတာပါ)

စသည်သဖြင့်ပေါ့။

 

လိုအပ်တဲ့ ပစည်းတွေကတော့

ရေညှိဖတ်

ရှမ်းဆန်

ဝါးယင်းလိပ် (ကျွန်တော်ကတော့ သိပ်မသုံးဖြစ်ပါဘူး မဝယ်ဖြစ်တာလည်းပါပါတယ်။)

ယောင်းမအပြားတစ်ချောင်း

ဓားထက်ထက်တစ်ချောင်း ဆိုရင် လုံလောက်ပါတယ်။

 

 

ထမင်းလိပ်ထဲထည့်တဲ့ အစာတွေက ပုံမှန် သုံးမျိုး လေးမျိုးပဲထည့်ကြပါတယ် အစာများများ စားချင်ရင်တော့ ငါးမျိုးပေါ့။

ဆလပ်ရွက်အစား ကျွန်တော်ကတော့ မုန်လာပင်ပေါက် စိမ်းစိမ်းလေးတွေ အသုံးပြုပါတယ် ပိုစားကောင်းလို့ပါ။

ပထမဆုံး ကြက်ဥကို ခလောက်ပြီး အပြန့်ကြော်ပြီးချထားရပါမယ်။

မုန်လာဥအနီကိုလည်း အစိမ်းကို ခြောက်ခြမ်းလောက် အရှည်လေးတွေ လှီးထားပါ့မယ်။

မုန်လာဥအဖြူကိုလည်း ဒီအတိုင်းပါပဲ။

မုန်လာပင်ပေါက်လေးတွေကိုတော့ အရှည်လိုက်လေးတွေ ရေနွေးဖျောထားရုံပါပဲ။

ကြက်အူချောင်း ဖြစ်ဖြစ် ၊ ဝက်အူချောင်း ဖြစ်ဖြစ် ၊ ဂဏန်ချောင်းဖြစ်ဖြစ် တစ်ခုခုအသုံးပြုနိုင်ပါတယ်။ သူတို့ကိုတော့ ၂ခြမ်းပဲခြမ်းထားရုံပါ။

အချို့တွေဟာ အစာတွေကို ရေနွေးဖျောသလို အစိမ်းလိုက်ထည့်ကြပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမလုပ်ပါဘူး မြန်မာပါးစပ်နဲ့ကိုက်အောင ်လုပ်စားပါတယ်။

ဒယ်အိုးပူပူပေါ်မှာ ဆီလေးအနည်းငယ်စွတ်ရုံစွတ်လိုက်ပါ။ မုန်

လာပင်ပေါက်မှအပ မုန်လာဥအနီ ၊ အဖြူ ၊ ကြက်အူချောင်း လှီးပြီးတွေကို ဆီစွတ်ထားတဲ့ ဒယ်အိုးထဲမှာ ကြက်သားမှုန့်လေးအနည်းငယ်နဲ့  ၂မိနစ် သို့မဟုတ် ၃မိနစ်လောက် အိုးကင်ပူလေးတိုက်လိုက်ပါ။ ပြီးရင် ဆယ်ထားလို့ရပါပြီ၊

ရှမ်းဆန်ကိုချက်ရာမှာတော့ မပျော့မမာအောင် ချက်ရပါ့မယ်

နောက်မို့ဆို ထမင်းတွေဟာ အစေ့လိုက်မဖြစ်ပဲ  လုံးကုန်မှာ စိုးလို့ပါ။

ကြော်ထားတဲ့ကြက်ဥကိုတော့ ကတ်ကြေးနဲ့ လက်တစ်လုံးအရွယ်ညှပ်ထားရပါမယ်။968796_10200880517407639_1283340613_n

အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့။ ပျော်ပွဲစားထွက်ထွက် ၊ ခရီးသွားသွား ၊ ရောက်တဲ့နေရာမှာ ချက်ချင်း လုပ်စားလို့ရပါတယ်။ ဝန်လည်းမကျယ်ပါဘူး။ အိမ်မှာလည်းရပါ

တယ်။

1005177_10200880517367638_2056372713_n

ကဲစ လိပ်ကြရအောင်။

ပြန့်တဲ့အရာတစ်ခုအပေါ်မှာ ရေညှိဖတ်ကိုခင်းလိုက်ပါ။ ယောင်းမအပြားနဲ့ ရှမ်းဆန်ချက်ထားတဲ့ထမင်းကို ခပ်ပါးပါးဖြန့်ပါ။ ထမင်းဟာ အပူငွေ့မပျောက်ပါစေနဲ့ ဖြန့်ခင်းပြီးပြီဆိုရင်တော့။ မုန်လာပင်ပေါက် ၊ မုန်လာဥ အနီ ၊ မုန်လာဥ အဖြူ ၊ ကြက်ဥကြော် နဲ့ ကြက်အူချောင်း တို့ကို ရေညှိ

ဖတ်ထိပ်ကနေပီ အစုလိုက်ကို အမြောင်းလိုက်စီပါတယ်။ ပြီးရင်တောင်ဖျာခေါက်သလိုပါပဲ ကျစ်ကျစ်လစ်လစ် လက်ကိုအစကနေလိပ်ပြီး။ လက်ဖဝါးလေးနဲ့ လှိမ့်ရုံပါပဲ။ ထမင်းအပူနဲ့ ကျစ်သွားပါလိမ့်မယ်။ အလိပ်လေးရပြီဆိုရင်တောင် ပြင်ညီပေါ်မှာ လက်ထပ်ကနေ လက်ဖနောင့်ရောက်တဲ့အထိ သုံးခါလောက် လှိမ့်ပေးပါ။ ပိုကျစ်သွားအောင်ပါ။ အချို့ကတော့ လွယ်ကူအောင် ဝါးရင်းလိပ်သုံးပါတယ်။ ကျွန်တော်ကတော့ အလွယ်တကူပါပဲ။

1010950_10200880518087656_407339981_n992801_10200880518727672_1275169223_n

ထမင်းအလိပ်ကလေးတွေရရင်တော့ ဒါးနဲ့ ကိုလိုချင်သလော

က်လှီးရုံပါပဲ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာ ငရုတ်ဆီ ၊ မရောနိ ၊ တရုတ်ငံပြာရည်တို့နဲ့ တွဲဖက်စားသုံးနီုင်ပါတယ်။ ကိုယ်တိုင်လုပ်မယ်ဆို အကုန်အကျလည်းမများ လူအရေအတွက် များများလည်း စားလို့ရတဲ့ ကိုရီးယားထမင်း

လိပ်ပါ။

1208890_10201248332282781_1406129050_nIMG_20141209_083149

#ကျေးဇူးတင်ပါတယ်

#အောင်မိုးသူ

12 comments

  • weiwei

    December 24, 2014 at 1:04 pm

    ရှမ်းဆန်နဲ့ချက်ထားတဲ့ထမင်းကို နှမ်းဆီ၊ ဆား၊ နှမ်းနက်စေ့ တွေနဲ့နယ်ပြီးမှ လိပ်တာ ပိုကောင်းတယ် ..
    အရသာ ပိုရှိသွားတာပေါ့ …

    Reply

  • အမ်
    အောက်ဆုံးက ပုံက
    ထမင်းလိပ် နှစ်လိပ်လားငင်

    အခုတလော မျက်လုံးတွေ ဝါးလာတယ်ဗျာ
    ဖွေးဖွေးနဲ့ ဒေါ်ဖွားမေ ယှဉ်ပြီးလျှောက်လာရင်
    ဖွေးဖွေးကို ဝါးချင်နေတယ်

    :k:

    Reply

  • sorrow

    December 26, 2014 at 2:03 pm

    – အစ်ကို ..ကင်ချီနဲ့ဆိုအတော်လိုက်မယ်ဗျနော်…

    Reply

  • Ma Ma

    December 26, 2014 at 5:32 pm

    ရွာထဲမှာ စဖိုမှုးတစ်ယောက်တိုးလာပြီ။
    တခါတုန်းက ရဲစည်ပြောသလို ရွာ့စဖိုမှုးတွေပေါင်းပြီး စတုဒိသာ ကျွေးရင်ကောင်းတယ်။
    အဲဒါဆိုခုကတည်းက စာရင်းပေးထားမယ်။ :p:

    Reply

  • မြစပဲရိုး

    December 27, 2014 at 5:15 am

    ဒီမှာ အားလုံးရတယ်။
    စမ်းကြည့်ဖို့ တစ်မျိုး ရလာပြန်ပေါ့။
    မင်းပြောတာကတော့ အလွယ်သား။

    ကျောက်စ် ရဲ့ ပေါက်စ် ရော၊ (၃ ခါ လုပ်ပြီး၊ မနေ့က ပါတီမှာ နာမည်ကောင်း ရပါ၏။ ကျေးဇူးပါ ကျောက်စ် – တစ်ခု ဘဲ ကိုယ်က ကြီးကြပ်ရုံသာ) 😉
    မောင်ကြီး ဒါလင် ရဲ့ နှမတော် လေး မနို ရဲ့ ကြက်ပေါင်း ရော အောင်မြင်ပြီးပြီ။ (ဒါကတော့ ကိုယ်တိုင်ပေါင်း)

    ကိုရီးယား လိပ် နဲ့ ဂျပန်လိပ် ကြား မြန်မာလိပ် လုပ်ကြည့် မယ် မောင်အောင် ရေ့။
    ကျေးဇူးပါ။ :))

    Reply

    • အောင် မိုးသူ

      December 29, 2014 at 10:27 am

      မြန်မာပါးစပ်နဲ့ကိုက်အောင်လုပ်စားထားတာလေ ဟီးးးးးးးးးးး

      Reply

  • ခင်ဇော်

    December 27, 2014 at 8:05 am

    ဟိ။ လွယ်လိုက်တာ။
    ဂလိုကျတော့။
    လုပ်ပျင်းတာက ဘယ်လိုဖျောက်ရမလဲပဲ မသိတာ။

    :k:

    Reply

  • ဝင့်ပြုံးမြင့်

    December 27, 2014 at 3:14 pm

    .သွားတက်လေးနဲ့ ချောမှချော။

    Reply

    • အောင် မိုးသူ

      December 29, 2014 at 10:28 am

      အဟားးးးးးးးးးးးးးးးး မုန့်ဝယ်ကျွေးမယ် ဟီးးးးးးး

      Reply

  • manawphyulay

    December 27, 2014 at 3:24 pm

    ရွာမှာ စားဖိုမှူးသာ များလာတယ်။ တစ်ခါမှ ထမင်းလည်း ဖိတ်ကျွေးခံရသေးဝူးနော် :mrgreen:

    Reply

  • La Yeik

    December 29, 2014 at 11:12 am

    ကိုရီးယားထမင်းလိပ်လုပ်စားတာနဲ့ အောက်ဆုံးကပုံ ဘာမှလဲမဆိုင်ဘူး…
    စကားမစပ် တော့ပိုကီလုပ်နည်းတင်ပေးပါလားအူးလေး….

    Reply

Leave a Reply

Your email address will not be published.