မာနလှိုင်းလေး ငြိမ်းပါစေသား

ကာရံDecember 23, 20141min04

မာနလှိုင်းလေး ငြိမ်းပါစေသား

ဝေခွဲမရ ကြေ ွကွဲညများ
လမင်းလည်းမသာ ကြယ်လည်းမလာ
ညမွှေးပန်းများ ဆွံအခဲ့ည
မျက်ရည်စက်များ ခါးသက်လှပြီ . . .

ကံကြမ္မာရိုင်း တိုးကပ်ရင်းမို့
တို့ဘဝတွေ အဆုံးသပ်ရင်း
ရင်တွင်းမိုးတို့ တိုးခက်နေပြီ . . .

ကမ်းနံဘေးနား လှိုင်းကြမ်းများဝေ
အဝေးကအိမ် ယိုင်လုလုဘဝ
ငါတို့ဘယ်များ ခိုနားရမည်
သင်တို့ သင်တို့ သိပါစလေ
လောဘရမ္မက် ကြီးလှပေစွ . . .

အလှည့်ဆိုတာ ကြုံကောင်းပါမူ
ခံစားပြည်သူ မျက်ရည်မြစ်ချောင်း
ဆုံးသည့်တစ်နေ့ သင်တို့ သင်တို့
အနိုင်ယူမြဲ နေပါလေစ . . .

ကာရံ ၂၄ ့၁၂ ့၂၀၁၄

4 comments

  • မြစပဲရိုး

    December 24, 2014 at 12:31 am

    အတ္တတွေ၊ လောဘတွေ နဲ့ လူတွေ ရဲ့ အုပ်ချုပ်မှု ကို ငြိမ်ခံ နေတဲ့ ကိုယ့် အသုံးမကျမှု ကို ကိုယ် အံ့ဩနေမီတယ်။
    တကယ်တော့ အရီး တို့ တွေ ရဲ့ လူထု မှာ လားရာ တူတဲ့ စည်းလုံးမှု မရှိဘဲ ရတဲ့ အရိုးအရင်းလေး ကိုက်နေတာဘဲ ကျေနပ်နေမိကြလို့ ထင်ရဲ့။

    ဒါထက်
    ခေါင်းစဉ် က ငြိမ်း သုံးချင်ရင် မီး ဖြစ်သင့်သလားလို့။
    မာနမီးပေါ့။
    လှိုင်း ဆိုရင်တော့ ငြိမ် ပေါ့။ ဝတ်စပေါက်နှစ်လုံး ပိုသွားတာလား။
    :))

    Reply

  • ကာရံ

    December 24, 2014 at 6:22 am

    ဟုတ်ဘူးအတိဘဲ

    Reply

  • ကာရံ

    December 24, 2014 at 11:32 pm

    ဟုတ်ပ သူရရေ

    Reply

Leave a Reply

Your email address will not be published.