ဆန်ကာ သုံးခု

Yin Nyine NwayAugust 18, 20101min04


တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး….အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်…ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး….လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်…. ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်… ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး… သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ… ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မဝင်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။

4 comments

  • tunaung

    August 18, 2010 at 1:58 pm

    တယ်ကောင်းပါလါးကူးထားလိုက် ကျေးဇူးဘဲ

    Reply

  • tunaung

    August 18, 2010 at 1:59 pm

    တယ်ကောင်းပါလါးကူးထားလိုက်တယ် ကျေးဇူးဘဲ

    Reply

  • bigcat

    August 18, 2010 at 10:08 pm

    ဟုတ်ကဲ့၊ အစက နှစ်လုံးပေါက် ဒဲ့ဂဏန်းပေးမလို ့အခုတော့ မပြောတော့ပါဘူး။ ကိုယ့်ဟာကိုပဲ ရှာထိုးပါတော့။

    Reply

  • kopauk mandalay

    August 19, 2010 at 2:22 am

    မြန်မာပြည်က ဇာတ်တော်ထဲက တေမိမင်းသားနဲ့သီလဝတို့က ဆိုကရေးတီးထက် ပိုပြီးဆင်ခြင်တယ်ထင်ပါရဲ့စကားကိုလုံးဝမပြောတော့တာတဲ့။
    အံ့ရော အံ့ရော အံ့ရော နော်

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.