ပညာ

ko sixDecember 14, 20141min08

ဘာလာလာမ​ဒေါင်​းနိုင်​​တော့တာ
ဒီတိုင်​းပြည်​လား
အ​တွေးအ​ခေါ်​တွေက
ပိုက်​ဆံကိစ္စနဲ့ချည်​းပွင်​့တယ်​
အနုပညာ​လောကကလည်​း
​ခေါက်​ပြန်​​ပေးအသက်​ရှူ​နေရတယ်​
မူလတန်​းက​တောကြိုချူံကြားမှာ
ကျည်​ကွင်​းဂါထာကိုရွတ်​လို့
ဘွဲ့လက်​မှတ်​ဟာ
​ပြေး​ပေါက်​မှားသွားတဲ့ အရင်​းအနှီးလား
သိပ်​​တော့မဆင်​း​သေးဘူး
အနိမ်​့မှာလာစိုက်​​နေတဲ့လှံက
​လှေကားဖြစ်နိုင်​​သေးတယ်​
ကိုစစ်​

8 comments

  • Tint Lwin

    December 14, 2014 at 9:01 pm

    ပထမဆုံး education ကို defination ဖွင့်သင့်တယ်လို့ထင်တယ်
    ပညာတတ်တယ် ဆိုတာရော ဘယ်လိုသတ်မှတ်မလဲ
    ရပ်ကွက်ထဲ ပြောနေကြတာတော့
    ဘွဲ့ရပြီးရင် ပညာတတ်တယ်လို့ ယူဆတယ်
    စာရှုသူကရော ဘယ်လိုထင်သလဲ
    ဆရာမဖြစ်မှလား အင်ဂျင်နီယာဖြစ်မှလား Msc Phd
    ရမှလား သို့မဟုတ် ဘွဲ့တွေအများကြီးရမှလား
    ထိုအယူအဆ သည်မှန်သည်ဆိုပါစို့

    apple ရဲ့ စတိဂျော့ နဲ့ Microsoft ရဲ့ ဘီးဂိတ်
    တို့က ဒုတိယနှစ်နဲ့ ကျောင်းထွက်တာ
    နောက် အက်ဒီဆင်ဆိုအထက်တန်းတောင်မအောင်ဘူး
    သူထွင်ခဲ့တဲ့ မီးသီး တွေကို ယနေလူတွေမှီခိုခဲ့ရတယ်
    အဲဒီတော့ သူတို့က ပညာမတတ်ဘူးဆိုတဲ့သဘော
    သက်ရောက်သွားတယ်

    အဲလိုဆိုရင်
    သူတို့ရဲ့နည်းပညာတွေကို ကဘာနဲ့ အဝှမ်း
    university college တွေမှာသင်နေကြတယ်
    ပညာမတတ်တဲ့လူတွေရှာတဲ့ပညာကို
    ပညာတတ်တဲလူတွေသင်တဲ့သဘောသက်ရောက်သွားတယ်
    ရှုပ်သွားပြီလားစာရှုသူ
    ဒါကဆက်စပ်တွေးခေါ်ကြည့်တာပါ

    ဆိုလိုချက်က ပညာတတ်တာနဲ့ ဘွဲ့ရတာတိုက်ရိုက်မပတ်သက်
    ဘူးလို့ဆိုလိုချက် သက်ရောက်သွားတယ်

    ဘွဲ့မရတဲ့သူလည်း ပညာတတ်ဖြစ်ခွင့်ရှိတယ်လို့ ဆိုလိုချက်သက်
    ရောက်သွားတယ်

    buddish ကတော့
    Education is the understanding in detail.
    လို့ defination ပြန်ပါတယ်

    ပညာဆိုတာ အရာအားလုံးကို အသေးစိတ်နားလည်သိရှိတာလို့
    ဆိုပါတယ်
    စာရေးသူ တစုံတရာမှတ်ချက်မပြုလိုပါ
    အတွေးလမ်းစ ဖွင့်ရုံပါ
    ကျေးဇူး စာရှုသူ

    Reply

    • မြစပဲရိုး

      December 15, 2014 at 12:05 am

      ကိုတင့်လွင် နောက်က ကျွန်မ အမြင်ကို လိုက်ပြောရရင်

      ဘွဲ့ရ ဆိုတာ လက်တွေ့လောကထဲမှာ အသုံးချ နိုင်ဖို့ အတွက် အဲဒီပညာ တွေ ကို နားလည် ကြောင်း တနည်း သီအိုရီ သိတဲ့ သူလို့ သတ်မှတ်ချင်ပါတယ်။
      အဲဒီမှာ လက်တွေ့ လုပ်ရမဲ့ အလုပ် ကို ကျွမ်းကျင်သူ လို့ သတ်မှတ်လို့ မရသေးပါဘူး။
      ဆိုင်ရာ အလုပ်ခွင် ကို ဝင်ပြီး သိပြီး သီအိုရီ တွေ ကို လက်တွေ့အသုံးချ ရင်း နဲ့ အမှားပေါင်းများစွာ ကျူးလွန် အမှန် ရောက်ပြီးမှ ကျွမ်းကျင်သူ ဖြစ်လာပါတယ်။

      ဒါကြောင့် ဘွဲ့ရ ဆိုတိုင်း ပညာတတ် လို့ မပြောနိုင်ပါဘူး။

      ဘွဲ့မရဘဲ လုပ်ငန်းခွင် မှာ ဆရာတစ်ဆူ လို ကျွမ်းကျင်နေခဲ့ရင် သူဟာ အဲဒီ အလုပ်ရဲ့ ပညာမှာ ပညာတတ် ပါဘဲ။

      ကိုတင့်လွင် ပြောတဲ့ ဥပမာ စတိဗ်တို့၊ ဘီလ်တို့ ရဲ့ ကျောင်းထွက်ရခြင်း အကြောင်းက
      သူတို့ လက်တွေ့ ဘာကို လုပ်ချင်လဲ သူတို့ သိပြီးသား။
      သူတို့ မှာ ရည်မှန်းချက် အနာဂါတ် ရှိပြီးသား။
      အဲဒါတွေ က ကျောင်း မှာ မသင်ပေးနိုင်လို့
      ကျောင်း က သင်ရိုး က သူတို့ လုပ်ချင်တာထက် နိမ့် နေလို့ အချိန်ကုန် မခံ ဘဲ ကျောင်းထွက်ပြီး လက်တွေ့ အလုပ်ကို သူတို့ ဟာသူတို့ရဲ့ အတွေ့အကြုံ တွေ အမှားပေါင်းများစွာ တွေ က နေ သင်ယူခဲ့ကြတာပါ။
      သူတို့ လုပ်ခဲ့တဲ့ အမှား တွေ က သူတို့ ဆရာ တွေ ဖြစ်ချင်ဖြစ်နေမပေါ့။
      :))

      ကိုစစ် ကဗျာ ကို လိုက်ရရင်
      ကိုစစ်ရေ …
      လှေခါး အပေါ်ရောက် ရင် လူအတော်များများ ရဲ့ သွေး က ဖြူ သွား တတ်တယ်လို့ မောင်စိန်ဝင်း က ဖွဲ့ခဲ့ဘူးတာဘဲ။
      ဒါပေမဲ့ …
      လောလောဆယ် မြန်မာပြည် ရဲ့ အာဏာ လှေခါး အပေါ်မှာ သွေးနီ နေနဲ့ လူတစ်ချို့ အကြောင်း ကိုတော့ အားတက်စရာ ကြားနေရတယ်။
      :))

      Reply

    • kai

      December 15, 2014 at 10:52 am

      မှန်ပါ့…။
      ပညာကို အတန်းပညာ..ဘွဲ့နဲ့တိုင်းတာမရဘူးလို့.. ယေဘုယျယူဆရင်မှန်တာပေါ့…
      ဒါပေမယ့်…
      ပညာကိုအဲဒီလိုမှ စံနှုန်းတခုမထားရင်.. လူတွေရဲ့အရည်အချင်းပြရခက်နေကုန်မပေါ့..
      ဘယ်သူက..ဘယ်လောက်တတ်..သိ.. ဘယ်လိုသိနိုင်ပါ့မလည်း..။
      အလုပ်ခန့်တဲ့သူတွေလည်း.. ဘယ်နှယ်ခန့်ကြပါ့မလည်း..။
      ဒီခေတ် အနောက်နိုင်ငံထိပ်တန်းပညာရေးလောကဟာ.. ပညာကို ငွေ(ငွေ)ဆိုတဲ့စံနှုန်းတခုနဲ့ပါ.. ဆက်စပ်လိုက်ပြီး.. ထပ်မြင့်တင်တယ်..။
      ငွေကောင်းကောင်းလေးကုန်..အကြွေးမျက်မျက်ကလေးတင်ကျန်မှ.. ပညာကောင်းကောင်းရတယ်..။
      ဥပမာ..။ စတန်းင်ဖို့..။ ဘာကလေ..။ အမ်အိုင်တီ..။ ယေးလ်..။ ဟားဘတ်ကကျောင်းထွက်ဘွဲ့ရဖို့.. ဒေါ်လာသိန်းချီကုန်ကျတယ်..။

      ဆိုတော့…
      လူတွေထင်သာမြင်သာ သိနိုင်ဖို့.. စံနှုန်းဆိုတာလိုပါတယ်..။
      အဲဒီစံနှုန်းဟာ.. လူတိုင်းလွယ်လွယ်လုပ်ယူလို့မရတဲ့.. အချိန်ကာလရင်းစားရတဲ့.. နာမ်ပိုင်းဆိုင်ရာဖြစ်ရင်.. သာကောင်းတာပေါ့..။
      ဒီလိုမှမဟုတ်.. အဝါလေးကောက်ရုံ..ကတုံးလေးကောက်တုံးလိုက်တာနဲ့.. ထိုင်ကန်တော့လိုက်ရလောက်အောင်.. ပညာတွေအလိုလိုရောက်လာတယ်ဆိုတာမျိုး ဖြစ်ကုန်မပေါ့..။
      ( ဒီ Shortcut နဲ့ သူ့ကိုဖန်တီးလိုက်တဲ့ဘာသာတရားတွေအကြောင်းကို.. သေသေချာချာဆွေးနွေးလိုတယ်..။)
      ဒီလိုလုပ်ကုန်ကြတော့.. ဒါကို.. ရုပ်ဝတ္ထုကိုးကွယ်သူများလို့.. ရှေးအစဉ်အဆက်.. ဗုဒ္ဓဘာသာမဟုတ်သူများက.. အထင်အမြင်လွဲခဲ့ကြဖူးတယ်..။
      ဗုဒ္ဓဆိုလိုရင်းတရား.. သင်္ကန်းကြီးနဲ့ကွယ်..။ စေတီနဲ့ကွယ်..။

      မှတ်ချက်။ ။ လူသန်း၇၀၀၀(သန်းပေါင်း ခုနှစ်ထောင်) မှာ တယောက်၂ယောက် ပေါ်ထွက်လာတဲ့… မဟာလူသားတွေနဲ့တော့ မနှိုင်းချိန်စေလို…။ :k:

      Reply

  • Yae Myae Tha Ninn

    December 15, 2014 at 11:03 am

    ငယ်ငယ်ကသင်ရတာတော့ အကျိုးအကြောင်း အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားတတ်တာ ပညာ… 🙂

    Reply

  • Tint Lwin

    December 16, 2014 at 12:04 pm

    ပစ်ညတ် နောက်လိုက်လို့ အကြောင်းတရားတွေ ပျောက်ကုန်တာ
    လို့ယူဆရင်ကော

    Reply

  • Tint Lwin

    December 20, 2014 at 8:39 am

    အတ္တာဟိအတ္တနောနာထော
    မိမိကိုယ်ကိုယ် အားကိုးရတယ်
    ဝါးပြီးခွံ့ကျွေးရမယ်သဘောတွေပါနေတယ်
    ပန်းခင်းတဲ့လမ်းကိုရှောက်ချင်ကြတယ်
    ဆူးခင်းတဲ့လမ်းကိုလူတိုင်းမရှောက်ချင်ကြဘူး
    Life is a full of stuggy.
    ဘဝဆိုတာရုန်းကန်မှုတွေနဲ့ ပြည်နက်နေတယ်
    english စကားပုံတောင်ရှိသေးတာပဲ
    ဆင်ခြေတွေ များနေတဲ့သဘောရှိတယ်
    ဆရာအောင်သင်းကပြောတယ်
    ငါတို့က ခေတ်ကောင်းမှာမွေးလာတာမဟုတ်ဘူးကွ
    ခေတ်ပျက်ပြီဆိုတာနဲ့ ပထမဦးဆုံးပိတ်တာက စသင်ကျောင်းကွ
    အိုဘားမားက မြန်မာနိုင်ငံလာတောပြောတယ်
    အစ္စလာမ်အစွန်းရောက်တွေထဲက မာလာလာတောင်
    အသ်နဲ့ရင်းပြီးကြိုးစားခဲ့သေးရင် မြန်မာနိုင်ငံမှကျောင်းသားအချို့မှာ
    ထိုအခြေအနေထက် အခွင့်အလမ်းများတိုးတက်နေပြီဖြစ်ကြောင်း
    စနစ်ကြောင့် ဘာကြောင့် ညာကြောင့် နဲ့ယိုးမယ်ဖွဲ့နေမဲ့အစား
    အချန် ငွေ ခွန်အား အရင်းအမြစ် တွေကိုမဖြုန်းဘဲ
    အြိုးရှိရှိအသုံးချရင် လောကီကောင်းကျိုးရလာလိမ့်မည်ဟု
    ယူဆချက်တစ်ခုထွက်လာပါကြောင်း
    စဉ်းစားတွေးခေါ်မှုတိုးတက်စေရန်အလို့ငှာ
    ကျေးဇူးစာရှုသူ

    Reply

  • min kyansix

    January 1, 2015 at 1:13 pm

    ပညာဆိုတာ ညာပြင်နေသူတွေရဲ့ လက်နက်ပေါ့

    Reply

Leave a Reply

Your email address will not be published.