ဆောင်းတစ်ည

ကာရံDecember 10, 20141min02

ဆောင်းတစ်ည

မြူ နှင်းလဲဝေ ပန်းလည်းကြွေ
အလွမ်းပြေလမ်းတစ်လျှောက် အနမ်းခြွေရနံ့ပျောက်ရင်း
စမ်းရေးကမ်းနံဘေးမှာ တစ်ယောက်ထဲပါလေ

မျှော်ကာမှန်းတမ်းတလို့ မှန်းဆကာငေးမိတယ်
လွမ်းရတာဘဲ အဖက်တင်ကျန်ရင်း ရင်မှာလေ
ဆီးနှင်းများ တိုးဝှေ့နေသေးတယ်
ဒါကိုသူမသိပါဘူးလေ

ဆီးနှင်းလေလား မျက်ရည်လား
ခြေရာမဲ့ခိုနားရင်း အပြုံးလေးများ ပုန်းတော့မယ်
မမုန်းပါနဲ့ ချစ်သူရယ် အလွမ်းဆိုတာ ခါးသမို့
အနမ်းမခြွေတဲ့ ဆောင်းတစ်ညမှာ
မေ့မျက်နှာလေး မအေးမြလေရော့သလား

ကာရံ ၁ဝ ့၁၂ ့၂၀၁၄
 

2 comments

  • ဆောင်းတစ်ညမှာ
    ပေါင်းရဖို့ကြံတဲ့အတွေးတွေနဲ့
    ထောင်းထောင်းထတဲ့ စိတ် ဖုန်တွေ
    ငါ့ကိုယ်ပေါ်မှာ တလူးလူး

    😆

    ဘာရယ်မဟုတ်
    စိတ်ထဲပေါ်လာတာလေး

    Reply

  • min kyansix

    January 1, 2015 at 1:07 pm

    ဆောင်းတစ်ညမှာ အလွမ်းခြေရာဟာ
    မြစ်ဖျားခံတာ နှလုံးသားမှာတဲ့
    အဲ့ဒီ့မြစ်လေ ဧရာဝတီတောင် ရှုံးသွားတယ်

    Reply

Leave a Reply to min kyansix Cancel Reply

Your email address will not be published.