ကြွေလွင့် အလွမ်း

စဆရ ႀကီးDecember 6, 20141min07

တစ်ကယ်ပါကျုပ်မလိမ်ဘူး
တစ်ကယ်ကို အချစ်နဲ့ ကျုပ်မဆုံခဲ့လေဘူး

ဟဲ.. ဟဲ
ညာတယ်လို့ဆို
တစ်ကယ်ပါ
ကျုပ်.. ရင်တစ်ခြမ်းပျက်ကြွေစေလေဦး
တစ်ကယ့်တစ်ကယ်
ကျုပ်ညတွေ မှောင်မိုက်နေတုန်း။

ကွယ်
နေသာမှ ဖြေသာတယ်လား
တစ်ကယ်ဆို ငှက်တွေတောင် အိပ်တန်းအတူတက်ကြတာလား
ကျုပ်ဘာလို့များ လွမ်းလို့ကျန်နေတာတုန်း
အနော်မာတစ်ဖက်ကမ်းမှာ လွမ်းလို့ကျန်နေတဲ့
ယသော်ဓရာဇာတ်တစ်ခြမ်းကို ဘာလို့
စာတစ်တန်ပေတစ်ဖွဲ့ကျန်မနေတာတုန်း
မောင်စိန်ဝင်းတစ်ယောက် အစွန်းတစ်ခြမ်းရောက်ထင်ရဲ့
သူလဲလေ ရင်တစ်ခြမ်းစောင်းကြီးနဲ့

အိမ်မက်အလွမ်း
ဆီမီးမှိတ်တုတ် မျက်ရည်စမ်းစမ်းနဲ့
တောင်ပေါ်ကကျောင်းဆရာ ဇာတ်အလွမ်း မှန်း… ငိုလေစမ်း
အိမ်မက်… အလွမ်း တဲ့
ကောင်းသန့်လို့ ဆိုလေစမ်း
အလွမ်းတွေ အိမ်မက်ဖြစ်လေသလား
အိမ်မက်တွေပဲ အလွမ်းဖြစ်လေသလား

လက်တွေ့မှာတော့
ငါလေလွမ်းရင်းနဲ့.. ကြွေလွင့် ဒီပန်း။

ကြွေလွင့်ပန်း
(၆/၁၂/၂၀၁၄)

7 comments

  • Kaung Kin Pyar

    December 6, 2014 at 9:42 am

    ကျုပ်ဘာလို့များ လွမ်းလို့ကျန်နေတာတုန်း
    အနော်မာတစ်ဖက်ကမ်းမှာ လွမ်းလို့ကျန်နေတဲ့
    ယသော်ဓရာဇာတ်တစ်ခြမ်းကို ဘာလို့
    စာတစ်တန်ပေတစ်ဖွဲ့ကျန်မနေတာတုန်း

    အကျန်မခံနဲ့လေ…..။ ကိုတိမ်မည်းဆီမှာ ဘတ်စ်သိုင်းကျင့်ပြီး အမှီလိုက်….

    နောက်တာပါ….။ ဂုတစ်လော ကဗျာလေးတွေ ပြန်မြင်နေရတယ်…..။ ရွာလေးပိုလှနေသလိုလို….
    :k:

    Reply

    • ကြွေလွင့် ပန်း

      December 6, 2014 at 9:56 am

      ကိုကင်းကောင်ပြာက သိပ်နောက်တာပဲ

      ကျုပ်ခမျာ ရင်ဘတ်ကြီးနဲ့ ဖိုးသိုးဖတ်သတ် ဖုတ်လှိုက် ဖုတ်လှိုက်ခံစားပြီးရေးထားရတာကို..

      ဂယ်ပါပဲ။

      Reply

  • ဦးကြောင်ကြီး

    December 6, 2014 at 11:33 am

    ကောင်းကင်ပြာလေးနဲ့ တူတူကဲချဉ်လိုက်တာ..

    Reply

  • Mr. MarGa

    December 8, 2014 at 10:30 am

    ပွင့်ဖတ်တွေ တစ်စစီကြွေ
    မြေပေါ်ကို ပျံဝဲ….

    Reply

  • ခင်ဇော်

    December 8, 2014 at 3:32 pm

    အနော်မာတစ်ဖက်ကမ်းမှာ လွမ်းလို့ကျန်နေတဲ့
    ယသော်ဓရာဇာတ်တစ်ခြမ်းကို ဘာလို့
    စာတစ်တန်ပေတစ်ဖွဲ့ကျန်မနေတာတုန်း

    ဘာလို့လည်း သိလားးး???

    သူ့ အလွမ်းက လေ သူ့ကို ခွဲခွါသွားတဲ့သူဟာ ကောင်းသော ခွဲခွါခြင်းမို့ စာမဖွဲ့ကြတော့တာ နေမယ်။

    စဉ်းစားကြည့်လေ။

    ကျနော်ဆိုရင်လည်း ကိုယ့်လူ သူများနောက် ပါမဲ့ အစားတော့ ဘုန်းကြီး ရာသက်ပန်ဝတ်သွားတယ်ဆိုရင် ဘယ်လောက် လွမ်းလွမ်းစာမဖွဲ့တော့ ဝူးးး
    ဟေးဟေးဟေးးး

    :mrgreen:

    Reply

  • Paing Lay

    December 10, 2014 at 3:20 pm

    အမျက်ထွက် အလင်္ကာတော့ ဖွဲ့သွားလောက်တယ် မဇီဇီရေ :mrgreen:

    Reply

Leave a Reply to Paing Lay Cancel Reply

Your email address will not be published.