ပန်းကလေးမနွမ်းပါရစေသား

ကာရံNovember 23, 20141min03

ပန်းကလေး မနွမ်းပါရစေသား

ပန်းကလေးမနွမ်းဖို့ အနမ်းလေးပတ်ဖြန်းလိုက်တယ်
ရနံ့လေးမပြေဖို့ အလွမ်းတွေမနေဖို့လိုတယ်လေ
ပန်းဆိုတာနမ်းဖို့သက်သက်တဲ့လား ကို
အလွမ်းဆိုတာ ရှင်လေးအတွက်တော့ ဆေးခါးတစ်ခွက်ပါ

အေးမြတဲ့မေတ္တာရိပ်အောက်မှာ ကို့နဲ့ရှင်လေးတူလျှောက်ချင်သေးတယ်
အနွေးဓာတ်လေး မေ့ပျောက်မှာစိုးလို့ တိတ်တခိုးနမ်းဖူးပြန်သေးတယ်

ကိုယ်ရယ်အနေဝေးလို့ မေ့မသွားပါနဲ့နော်
အခြေအနေမပေးလို့ မစိမ်းကားလိုက်ပါနဲ့
အတိတ်ကံအခြေမလှလို့ ကိုယ့်ရဲ့အရိပ်မှာမနေနိုင်သေးတာပါ

ကံကြမ္မာတစ်ဘက်ကမ်းက သစ္စာရှင်လေးကို
မေတ္တာမပျက်လိုက်ပါန့ဲနော် သိပ်ချစ်တာ ကို သိရင်လေ
ပျိုးခဲ့တဲ့ပန်းလေး မနွမ်းပါရစေသား

ကာရံ ၂၃ ့၁၁ ့၂၀၁၄

3 comments

  • ကြွေလွင့် ပန်း

    November 24, 2014 at 8:26 am

    ကျုပ်တစ်ယောက် ပန်းဆိုတာနဲ့ မကျေမချမ်းဝင်ကြည့်လိုက်တယ်
    အဝေးတစ်နေရာက အလွမ်းတစ်ပွင့်ချွေတယ်ဆိုလား
    လားလားမှမဆိုင် သူ့အနမ်းတွေက စကားလုံးတွေသာချွေချ

    ကံကြမ္မာတစ်ဘက်ကမ်းက သစ္စာရှင်လေးတဲ့လား
    ရင်ဘတ်ခြင်း ဂျက်ပင်မထိုးထားတဲ့ဟာ
    နမ်းသမျှ နင်သိပါ့မလား

    အဲ့ဒီစကားလုံးတွေနဲ့ကြွေ
    လွမ်းသမျှတွေ ပြေနေရုံနဲ့တော့
    အိုဘယ့်အသင်ယောကျာ်း
    နင် ကျားဆိုမှ ကျားဖြစ်မလာပေဘူး

    လွမ်းတာတွေပယ်
    ဆွေးတာတွေ ဝေး
    သူနဲ့ကိုယ် နှစ်ဦးသား နီးတော့မှလေး။

    ခုများတော့ ဒီလောက်နဲ့တော်ချေပီ
    တစ်ချို့ပန်းတွေတော့ နေရောင်ကြောင့်နွမ်း
    တစ်ချို့တွေများတော့ နေရောင်ကြောင့်လန်း
    ကိုယ့်ဖာကိုယ် စမ်းကြည့်လေစမ်း
    အိုဘယ့်
    ပန်းမြိုင်လည်က ဥယျာဉ်မှူး ငရမ်း။ ။

    (တော်သေဘီ)

    ဝက်စိနှစ်လုံးပျောက် တစ်မင်တစ်ကာမေ့ကျန်ခဲ့သည်

    Reply

  • ကာရံ

    November 25, 2014 at 7:46 pm

    အရမ်းကောင်းတယ်ဗျာ

    Reply

Leave a Reply to ကြွေလွင့် ပန်း Cancel Reply

Your email address will not be published.