ဆန်းကြယ်ခြင်းများစွာနဲ့ “Earth to Echo”

SawAungNovember 19, 20143min04

စာဖတ်ခြင်းကို နှစ်သက်တဲ့ ကျွန်တော်ဟာ စာရေးခြင်းကို ဝါသနာပါခဲ့ပါတယ်။ သည်လိုပဲ ရုပ်ရှင်တွေကို အရူးမူးစွဲလန်းတဲ့ ကျွန်တော်ဟာ ရုပ်ရှင်အခွေတွေကိုလည်း သေချာသိမ်းဆည်းထားတတ်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းများရှိခဲ့ရင် ပြန်လည်မျှဝေကြည့်ရှုတဲ့အလေ့ဟာ စွဲလို့နေပါတယ်။ အခုလည်း သဘောကျတဲ့ ရုပ်ရှင်ကားတွေနဲ့ ပတ်သက်ပြီး စာရေးခြင်ခဲ့တာကြောင့် ရုပ်ရှင်အညွှန်းလေးကို ရေးဖြစ်ခဲ့ပါတယ်။ အမြဲတမ်း ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ပထမဆုံး ညွှန်းဆိုချင်တဲ့ ကားလေးတစ်ကားကတော့ အပြင်မှာလည်း အလွယ်တကူဝယ်လို့ရတဲ့ ဆန်းကြယ်တဲ့ ဇာတ်ကားတစ်ကားပါပဲ။earthtoecho1

#Earth To ECHOearth-to-echo-movie-review-ea7e41d5-bbdd-45b9-9d02-3a47fd9439af


E.T ဇာတ်ကားကြည့်ဖူးကြမှာပါ။

 

အဲသည်လို အခြားဂြိုလ်ပေါ်မှာ ဂြိုလ်သားလေးတွေရဲ့ ဇာတ်လမ်းနဲ့မတူတဲ့ တစ်မူကွဲပြားတဲ့ ဇာတ်ကားလေးပါ။ ဆယ်ကျော်သက်ကလေးလေး သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပြီး။

စူးစမ်းမှုကိုနှစ်သက်တဲ့ သူငယ်ချင်းသုံးယောက်ဟာ သူတို့ရဲ့ဖုန်းထဲမျာ မြေပုံတစ်ခုပေါ်လာရာကစပြီး ဇာတ်လမ်းဖြစ်တည်လာပါတယ်။

မြေပုံအတိုင်း ရှာကြည့်တဲ့အခါမှာတော့ အရာဝတ္တုတစ်ခုကို တွေ့လိုက်ရပါတယ်။

သူတို့ရရှိတဲ့ အရာဝတ္တုတစ်ခုဟာ သက်မဲ့မဟုတ်ဘဲ စကြာဝဌာထဲက သက်ရှိတစ်ကောင်ဖြစ်နေတဲ့အခါ….။
asd #ECHO ဟာ ဇာတ်လမ်းကောင်းတစ်ခုအဖြစ် #BoxOffice မှာ တင်တင်ချင်း #Top2 ကိုချိတ်နိုင်ခဲ့ပါတယ်။

ကဲ လက်မလွတ်တမ်း နီးစပ်ရာဆိုင်မှာ ဝယ်ကြည့်လိုက်ရအောင်။ ကျွန်တော်တင်ပြတဲ့ ဇာတ်လမ်းကို ရှာမရလို့ ကြည့်ချင်တယ်ဆိုလည်း ငှားပါ့မယ်။ အခွေလေးတော့ ပြန်ပေးနော့်။

 

အောင်မိုးသူ

4 comments

  • ကေဇီ

    November 19, 2014 at 2:03 pm

    ဂွဒ်ထ!!
    ရုပ်ရှင်ညွှန်းရေးမဲ့သူတွေ များလာပြီ။
    ဟိ။
    ဒါမျိုးသိပ်ကြိုက်။
    အားပေးတယ် ကြိုဆိုတယ်။
    ဒီကားက မကြည့်ရသေးဘူးးး
    🙂

    Reply

      • ကေဇီ

        November 19, 2014 at 3:21 pm

        မိုက်တယ် ဆိုရင် ကြည့်ဦးမှာ။
        ဟိ

        :k:

        Reply

  • အလင်းဆက်

    November 22, 2014 at 10:44 am

    အဲ့အခွေလေး fb ကဖြစ်ဖြစ်
    မေးလ်နဲ့ဖြစ်ဖြစ်
    ဖိုင်လေး ပို့ပေးရင် ဘလောက်ကောင်းမဲ။
    ဒေါင်းပြီး ကြည့်ရအောင်

    :k:

    Reply

Leave a Reply to ကေဇီ Cancel Reply

Your email address will not be published.