ရွှေအကြောင်းသိကောင်းစရာ ( 170,171 )

Zaw AungNovember 2, 20141min04

ရွှေအကြောင်းသိကောင်းစရာ (170)
ကျွန်တော့မိတ်ဆွေ ကိုဝအကြောင်းပြောပြမယ် သူကရွှေ
အရောင်းအဝယ်လုပ်တယ် သူ့အမျိုးသမီးက တရုတ်တန်း
မှာစားသောက်ဆိုင်ဖွင့်တယ် အောက်ထပ်မှာကဆိုင် အ
ပေါ်ထပ်က သူတို့လင်မယား နေကြတယ် နေ့လယ်ဖက်ဆို အခန်းသော့ပိတ်ထားတာများတယ်
တစ်ရက်ကြတော့သူ့အမျိုးသမီးက သွားစရာရှိလို့ ဘီဒိုထဲ
မှာသိမ်းထားတဲ့ လက်ကောက်ထုတ်ဝတ်မလို့ကြည့်လိုက်တော့မရှိတော့ဘူး ကြိုး လက်ကောက် လက်စွပ် အားလုံးပေါင်းလေးဆယ်သားလောက်ရှိတယ် ပျောက်နေတာ တစ်ခါတစ်ရံ ဆိုင်က စားပွဲထိုးတွေကို အခန်းသော့ပေးပြီး ဟိုပစ္စည်း ဒီပစ္စည်းသွားယူခိုင်းတာလေးတွေရှိတော့ သူတို့ဘဲခိုးသွား
တာဖြစ်နိုင်တယ် ရဲစခန်း အမှုသွားဖွင့်တော့ရဲက ကိုဝကို
မသင်္ကာဖြစ်တယ် သူမိန်းမပစ္စည်းတွေ သူ ခိုးပြီးရောင်းသုံး
လိုက်တယ်ထင်တယ် စားပွဲထိုးတွေမစစ်ဘဲသူ့ကိုဘဲဖိစစ်
နေတော့ ကို်ဝလဲ တော်တော်စိတ်ညစ်လာတယ် နောက်ဆုံးသူ့အသိရဲအရာရှိတစ်ယောက်ကို အကူအညီ
တောင်းပြောခိုင်းလိုက်မှ ှစားပွဲထိုးတွေကိုခေါ်စစ်တယ်
(စဉ် 171 သို့ )်

ရွှေအကြောင်းသိကောင်းစရာ ( 171 )
(စဉ် 170 မှအဆက်)
သူ့စားပွဲထိုးတွေက အညာကခေါ်ထားတာ ဝင်လိုက်ထွက်
လိုက်တွေလဲများတယ် နောက်တော့ သူ့ဆိုင်ကထွက်သွား
တဲ့ စားပွဲထိုးတစ်ယောက် အညာမှာတော်တော် ငွေတွေ
သုံးနေတယ်သတင်းရတယ် အညာအထိလိုက်သွားပြီးဖမ်း
ရတယ် လမ်းစရိတ် လဲတော်တော်ကုန်သွားတယ် သူဝယ်ထားတဲ့ နွားနဲ့ဆိုင်ကယ်သိမ်းခဲ့တယ် မရောင်းရသေးတဲ့ရွှေတွေလည်းသိမ်းခဲ့တယ် ရန်ကုန်မှာရောင်းခဲ့တဲ့ရွှေတွေတော့ ရန်ကုန်ရောက်မှလိုက်
သိမ်းရတယ် ရွှေလိုက်သိမ်းတဲဲ့ရဲကအရမ်းလည်တယ် ကိုဝ
ကိုခေါ်မသွားဘူး ရွှေဝယ်ထားတဲ့ သူဆီက လာဘ်စားပြီး
၁ဝ ပဲရည်လောက်ပဲရှိတဲ့ ရွှေညံ့တွေသိမ်းခဲ့တယ် ကိုဝအ
များကြီးနစ်နာသွားတာပေါ့ အဲ့ဒီနောက်ကိုဝလဲ မီးခံသေတ္တာ တစ်လုံးဝယ်လိုက်တယ် သတင်းကြားတယ်
မီးခံသေတ္တာဝယ်ရင်လဲကြီးကြီးဝယ်မှ ဟိုတစ်လောက စမ်းချောင်းဖက်မှာ နေ့လည်ဖက်လူမရှိတဲ့အိမ်က မီးခံသေတ္တာ အလုံးလိုက်မပြီး ကားငှားတင်သွားတဲ့
သတင်း မှုခင်းထဲမှာဖတ်လိုက်ရတယ်။

4 comments

  • မြစပဲရိုး

    November 3, 2014 at 3:39 am

    လွယ်ရင် သူကြွယ်တောင် မနေဘူး။ ခိုးနိုင်တယ် ဆိုတဲ့ စကားရှိနေတော့ သော့ပေးလိုက်တော့ ခိုးဖို့ အလွယ်လေး ဖြစ်သွားတာပေါ့။
    မှုခင်း သတင်း မီးခံသေတ္တာ ဆိုတာ နဲနဲနောနော လေးတာ ကို မ သွားတာ အတွင်းလူ တွေ ပါမှာ ထင်တာဘဲ။

    Reply

  • အလင်းဆက်

    November 3, 2014 at 8:45 am

    မီးခံသေတ္တာတွေက မီးကိုပဲ ခံနိုင်ရည်ရှိတာ..
    ကျွမ်းကျင်အဆင့် သူခိုးတွေရဲ့ ဖျက်ဆီးမှုကိုတော့…ခံနိုင်ရည် မရှိဘူးပေါ့နော်…

    :k:

    Reply

  • kyeemite

    November 3, 2014 at 10:25 am

    .မှတ်သားစရာက အလွယ်မထားဖို့ နဲ့ မည်သူ့မှမယုံဖို့ပဲ 🙁

    Reply

  • Yae Myae Tha Ninn

    November 7, 2014 at 12:16 pm

    အိမ်မှာ ဆားပုလင်းခေါ်ဖို့ ကိစ္စ စဉ်းစားဦးမှ… နဂိုကတည်းက ဗြဲလရမ်းရယ်… 🙂

    Reply

Leave a Reply to မြစပဲရိုး Cancel Reply

Your email address will not be published.