အဝေးရောက်ရွှေမြန်မာတွေအတွက် တစ်ခုလောက်ကျန်ခဲ့စေချင်

manawphyulayAugust 17, 20101min01

အကယ်၍သာ အကယ်၍ သင်ဟာ သာမန် မိသားစုက ကြီးပြင်းလာခဲ့ရင် အကယ်၍ သင်ရဲ့ မိဘတွေ သက်ရှိထင်ရှား ရှိနေသေးရင် အကယ်၍ သင်ဟာ မိဘတွေနဲ့ အတူနေသည်ဖြစ်စေ မနေသည်ဖြစ်စေ….. အကယ်၍ တစ်နေ့မှာ အိမ်ရှိ မီးဖိုချောင်ဟာ အရင်လို မသပ်ရပ်တော့ဘူးလို့ သင်သတိထား မိခဲ့ရင် အကယ်၍ တစ်နေ့မှာ ပန်းကန် ခွက်ယောက်တွေဟာ အရင်လို မသန့်ရှင်းတော့ဘူးလို့ သင်သတိထား မိခဲ့ရင် အကယ်၍ တစ်နေ့မှာ ထမင်းအိုးတွေ မည်းညစ်နေတယ်လို့ သင်သတိထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ ပန်းခြံထဲက ပန်းတွေ ညှိးနွမ်းနေပြီး မြက်တွေ ထူထပ်နေ တယ်လို့ သင်သတိထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ ဘီရိုတွေ၊ ကြမ်းတွေဟာ မတောက်ပြောင်ဘဲ ဖုန်တွေနဲ့ ဖုံးလွှမ်းနေပြီလို့ သင်သတိ ထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ အမေ့ချက်တဲ့ ဟင်းတွေ ငန်ပြီး အရင်ကနဲ့ မတူတော့ဘူးလို့ သင်သတိ ထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ အမေ့ရဲ့ မှတ်ဉာဏ်တွေ လျော့နည်းလာတယ်လို့ သင်သတိ ထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ အမေအမြဲလုပ်ကျင့်ရှိတဲ့ အရာတွေ မလုပ်တော့ဘူးလို့ သင်သတိ ထားမိခဲ့ရင် (ဥပမာ… ဈေးသွားခြင်း၊ ရေချိုးခြင်း) အကယ်၍ တစ်နေ့မှာ ကြွတ်ဆပ်တဲ့ အရာတွေကို အမေမစားတော့ဘူးလို့ သင်သတိ ထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ ပျော့တဲ့ ထမင်းဟင်းတွေကိုသာ အမေဝါးနိုင်တယ်လို့ သင်သတိ ထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ လမ်းဖြတ်ကူးတဲ့အမေ အရင်လို မသွက်တော့ဘူးလို့ သင်သတိ ထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ ထမင်းစားချိန်မှာ အမေ မပြတ်ချောင်းဆိုးနေတယ်လို့ သင်သတိ ထားမိခဲ့ရင် (နှာစီး၊ ချောင်းဆိုး၊ အအေးမိတယ်လို့ မထင်လိုက်ပါနဲ့… ဝါးမျိုနိုင်တဲ့ အာရုံကျော တစ်ဖြေးဖြေး ချွတ်ယွင်း လာခြင်းပါ) အကယ်၍ တစ်နေ့မှာ ………………….. သင်သတိထားမိခဲ့ရင် သူတို့ဟာ အသက်ကြီးရင့်ပြီး အိုစာလာပြီဖြစ်ကြောင်း.. ပြုစုစောင့်ရှောက်ဖို့ လိုအပ် နေပြီဖြစ်ကြောင်း နောက်ဆုံးအခွင့် အမေ့ရဲ့ မျက်ရည်တွေအောက်မှာ ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်…. ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ် လောဘတွေ မဆုံးနိုင်သေးတော့ ၃၁-ဘုံမှာ လူးလာခေါက်ပြန် အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်….။ ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်…. အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့ ကမာ္ဘမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့ သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ မောပန်းနေတဲ့ အမေ့အတွက် သီတာရေကြည် မဖြစ်ထိုက်တော့ အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ သားကို ရိုက်ပါအမေ….။ မိုးလှိုင်ည (သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် ဩဂုတ်လ) ကိုဝင်းမြတ်ဆိကကူးလားတာပါဒီနေရာ

ကပါ http://forverfriends.ning.com/profile/winmyat အဝေးရောက်ရွှေမြန်မာတွေအတွက် ရွှေမြန်မာပရဟိတအသင်းလေးပါ http://grou.ps/skynaymin လေးမှာပါဝင်ကူညီဖို့လေ့လာဖို့ဖိတ်ခေါ်ပါတယ် မြန်မာလူမျိူးအချင်းချင်းတတ်နိုင်သလောက်နဲ့ ဖေးမကူညီဖို့ဖွဲ့စည်းထားတဲ့ ပရဟိတအသင်းလေးပါ ြုပန်လည်မျှဝေပေးပြီး ကိုယ့်နိုင်ငံကဆင်းရဲချီူ့တဲ့ ကျောင်းလေးတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက်ကူညီဖို့အတွက် ကူညီပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျ အားလုံးပဲပျော်ရွှင်သောဘဝလေး ကိုပိုင်ဆိုင်နိုင်ပါစေ/

One comment

  • မန်း ရိပ်

    August 17, 2010 at 1:50 pm

    အရမ်းကောင်းတဲ့ အစီအစဉ်လေးပါ

    Reply

Leave a Reply

Your email address will not be published.