အခါလွန်မိုး

ကာရံOctober 23, 20141min03

အခါလွန်မိုး

တမာဆိုတာ မချိုတာတော့သေချာတယ်
မလိုသူတွေအပြုံးတုမှာ မင်လေးအမုန်းမပေးလိုက်ပါနဲ့

မကြင်နာလို့ ပစ်သွားပြီပဲ မင်းလေးရင်မှာ ချစ်စကားတွေမဆွံ့အသေးပါဘူးလေ

အခါလွန်ရွာသည့်မိုး သည်းတာတော့သေချာတယ် အနာဂတ်အိမ်လေးမှာ မင်းလေးကို
စောင့်နေသူရှိတယ် မလွမ်းပါနဲ့နော်

အနာတရနဲ့ ဒဏ်ရာကိုကုစားဖို့
ခြေလှမ်းတွေဆက်တိုးဖို့လိုတယ် မေ

ညလေညင်းသွဲ့သွဲ့မို့  လမင်းတစ်မှေးအိပ်နေတယ် ခပ်တိုးတိုးလေးပြောလိုက်ပါ

မင်းလေးရင်မှာ အနွေးဓာတ်အေးမြနေဆဲပေါ့

ကာရံ ၂၃ ့၁ဝ ့၂၀၁၄

3 comments

  • ရာမည

    October 24, 2014 at 12:11 am

    မိုးမလွန်ခင် ထွန်ချပါဗျာ 🙂
    ရွာထဲမှာလဲ မိုးကုန်မှာလယ်ကွက်အရေးဆိုနေကြတယ်
    ဟီဟိ

    Reply

  • အလင်းဆက်

    October 24, 2014 at 7:47 am

    အခါလွန်မိုးဆိုတာ
    အသုံးမဝင်သယောင် ယူဆခဲ့ကြရာကနေ
    အခု လက်ရှိ ပိုစ့်မော်ဒန်ခေတ်မှာတော့
    အခါလွန်မိုးဟာ နတ်တို့ စွန့်ကြဲမှ ရတဲ့ ကြင်နာခြင်းပဲ
    မိုးကုန်မှ ထွန်ချတတ်သူတွေနဲ့
    ပူအိုက်တတ်လွန်းသူတွေအတွက်ပေါ့

    :k:

    သူငယ်ချင်းးးး
    သူ. . . . ဂျပန်ပြည်ကို ထွက်သွားပြီတဲ့

    Reply

  • ကာရံ

    October 24, 2014 at 6:05 pm

    သူ့အတွက်ဝမ်းသာပါတယ် ကိုတို့ကဆက်လို့မရတော့ဘူးလေ ကျေးဇူးပါသူသူ

    Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.