ရွှေအကြောင်းသိကောင်းစရာ (164,165)

Zaw AungOctober 16, 20141min06

ရွှေအကြောင်းသိကောင်းစရာ (164)

တစ်ခါကြုံရတာက နဲနဲထူးဆန်းတယ် အဲဒီတစ်ခါပဲကြုံဖူးသေးတယ်။အမျိုးသမီးတစ်ယောက်ကို လက်စွပ်တစ်ကွင်းရောင်းလိုက်တယ် နောက်နှစ်ရက်လောက်နေတော့ ပြန်ရောက်လာတယ်။ရွှေ လက်စွပ်ကနေ ငွေလက်စွပ်ဖြစ်သွားလို့တဲ့ ကြည့်လိုက်တော့ လက်စွပ်တစ်ကွင်းလုံးဖြူဖွေးနေတဲ့ တစ်ကယ့်ငွေလက်စွပ်တစ်ကွင်း ရုတ်တရက်တော့ တစ်ယောက်ယောက်လဲသွားပြီဘဲ ထင်လိုက်တယ် မေးကြည့်တော့သူ့သားကိုပေးဝတ်ထားတာ ခလေးက ဆယ်နှစ်သားပဲရှိသေးတာ ဒါမျိုးမလုပ်တတ်ပါဘူးတဲ့ သူ့သူငယ်ချင်းတွေက သူ့ဆီကညာပြီးလဲယူသွားတာလဲ ဖြစ်နိုင်တယ်လို့ပြောပြတော့ သူ့သားသူငယ်ချင်းတွေအား လုံးသူသိတယ် ဒါလဲမဖြစ်နိုင်ဘူးတဲ့ ကိုယ်လဲ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ တော်တော်စဉ်းစားရကြပ်နေပြီပေါ့ ရဲစခန်းမှာသွားရှင်းရင်ကောင်းမလား စဉ်းစားရင်း လက်ကလဲလက်စွပ်လေးကို ကိုင်ကြည့်ရင်းနဲ့ ဒီလက်စွပ်ဟာ ငွေလက်စွပ်မဖြစ်နိုင်ပါဘူးဆိုပြီး မှတ်ကျောက်တိုက်ကြည့်လိုက်တယ်။
(စဉ် 165 သို့)

ရွှေအကြောင်းသိကောင်းစရာ (165 )
(စဉ် 164 မှအဆက် )

မှတ်ကျောက်မှာ ရွှေရောင်ဝင်းကနဲထွက်လာမှ အားလုံးပျော်သွားကြတယ် အဖြစ်အပျက်ကို သေချာမေးကြည့်တော့မှ သူ့သားကညအိပ်တော့ မိတ်ကပ်ဘူးအဟောင်းထဲကိုထည့်ပြီး သိမ်းထားတာ မိုးလင်းလို့ဖွင့်ကြည့်တော့ ငွေရောင်ပြောင်းသွားတာတဲ့ မိတ်ကပ်မှာကပြဒါးပါတယ်လေ ရွှေကပြဒါးနဲ့ထိရင် အဖြူရောင်ပြောင်းသွားတယ် အပူပေးလိုက်ရင် ရွှေရောင်ပြန်ဖြစ်သွားတယ် ပညာရသွားတာပေါ့။တစ်ချို့ဆေးရုံမှာအလုပ်လုပ်တဲ့သူတွေပြဒါးနဲ့ထိပြီးရွှေဆွဲကြိုးတို့ လက်ကောက်တို့ကွက်ပြီးဖြူသွားတာတွေကြုံတဲ့အခါ သေသေချာချာရှင်းပြပြီး အရောင်ပြန်တင်ပေးလိုက်ရတာ ပေါ့ဒီလိုပြေလည်သွားတဲ့ကိစ္စတွေရှိသလို ရဲစခန်းထိလိုက်ပြီး ဖြေရှင်းရတဲ့ပြဿနာတွေလဲရှိခဲ့ဖူးတယ် နောက်မှပြောပြပါအုံးမယ် ကျောင်းပညာသာဘွဲ့ရပြီးရင်ပြီးသွားတာ ဘဝပညာကတော့ မသေမချင်းသင်ယူနေရမှာပါ။

6 comments

  • ကေဇီ

    October 17, 2014 at 8:39 am

    ရွှေ ကို ခန ခနဂျီးချွတ်ရင် ပါးပါးသွားတယ် ဆိုတာ ဟုတ်သလားဟင်??

    Reply

    • Zaw Aung

      October 17, 2014 at 7:39 pm

      yes. correct.

      Reply

  • kyeemite

    October 17, 2014 at 2:30 pm

    . ကျောင်းပညာသာဘွဲ့ရပြီးရင်ပြီးသွားတာ ဘဝပညာကတော့ မသေမချင်းသင်ယူနေရမှာပါ။
    .အမှန်ပဲ ကိုဇော်အောင်ရေ
    .ဗဟုသုတလေးအတွက်ကျေးဇူးပါနော :))

    Reply

    • Zaw Aung

      October 17, 2014 at 7:39 pm

      ok.

      Reply

  • မြစပဲရိုး

    October 17, 2014 at 7:36 pm

    ကျွန်မ ငယ်တုန်းက ရွှေလက်စွပ် ပြောင်လေး ဝတ်လေ့ရှိတယ်။
    ဝတ်ရင်း ပြောင်တော့ပြောင်ပြီး ပါးပါး လာသလို ခံစားရတယ်။
    ဝတ်တာများရင် ရွှေက ပါးတတ်မှာပေါ့နော်။

    ပြဒါး နဲ့ ထိရင် ရွှေက ဖြူ သွားတတ်တာ အခုမှ သိတယ်။
    ဗဟုသုတလေးအတွက် ကျေးဇူးပါ ကိုဇော်အောင်။

    Reply

  • Zaw Aung

    October 17, 2014 at 7:42 pm

    ပါးတာပေါ့

    Reply

Leave a Reply

Your email address will not be published.