သဘာဝရဲ့ ဂရုဏာ

မြသဲ ( 17082011 )October 14, 20142min071
received_648277361954113
ဘိုးဘွားတို့ပျော်စံရာ

ကျွန်မမှာ စိတ္တဇ တခုရှိတယ်။ သားယောက်ပဲမွေးထားတဲ့မိခင်တယောက်အနေနဲ့ အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်မှာ ဘယ်လိုအိုရမလဲ၊ ဘယ်လိုနာရမလဲ၊ ဘယ်နေရာမှာနေရမလဲ ဆိုတဲ့အတွေးပါ။ အဲ့အတွက်လဲ ကျွန်မက အသက်ကြီးကြီးအမှီခိုကင်းနေတဲ့ ဂီလာနအဘိုးအဘွားတွေတွေ့ ရင်အရမ်းစိတ်မကောင်းခဲ့မိပါဘူး။ အဲ့ဒါကြောင့်လဲ ကျွန်မအရင်က တလကို အဘိုး၊ အဘွားခြောက်ယောက် ကို တယောက်ငါးထောင်နှုန်းနဲ့လမ်းမှာလှုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတလော တကယ်အိုမင်းမစွမ်း ခိုကိုးရာမဲ့တာတွေမဟုတ်ပဲ သားတွေသမီးတွေရှိပါလျှက် တမင်တောင်းရမ်းနေတာတွေတွေ့တော့ မလှုချင်မိ တော့ပြန်ဘူး။ နောက် ဆရာမ ဒေါ်သန်းမြင့်အောင်ဖွင့်ထားတဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုလဲ ခက်ခက်ခဲခဲရှာဖွေလှုဒါန်းခဲ့ပါတယ်။ အဲ့တုန်းကဆို တရားလဲမဝင် နေရာထိုင်ခင်းလဲခက်ခဲတော့ အဘိုး ( ၁ဝ ) ဦး၊ အဘွား ( ၁၈ ) ဦးနဲ့တုန်းက စတင်လှုခဲ့တာပါ။ အခုတော့ တရားဝင်ဖြစ်သွားပြီမို့ပြည့်စုံနေလောက်ပြီမို့ အသွားကျဲနေမိတယ်။ ဒါပေမဲ့ အမှီခိုကင်းနေတဲ့ ဂီလာနအဘိုးအဘွားတွေအပေါ်စာနာစိတ်ကတော့ ပျောက်မသွားသေးဘူး။

received_648297388618777
ဆရာတော်ရဲ့ဆောင်ရွက်ချက်

အဲ့လိုနဲ့ဘယ်မှာမှမလှုဖြစ်ပဲနေလာတုန်း လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ရွာထဲက ရွာသူ၊ ရွာသားအချို့ကောင်းမှု့နဲ့ သန်လျှင်က သဘာဝရိပ်သာ ကိုရောက်ဖြစ်ခဲ့ပါတယ်။ ပထမသိထားတာကတော့ ယောဂီရိပ်သာ တရားစခန်းအနေနဲ့သိထားပြီးလိုက်သွားတာပါ။ အဲ့ဒီရိပ်သာအကြောင်းသေချာမသိခဲ့ပါဘူး။ ရောက်သွားမိတဲ့အချိန်မှာတော့ ရင်ထဲဆို့ကျပ် အသက်ရှုပါမဝဖြစ်ခဲ့ရပါတယ်။ ကျွန်မတွေ့ခဲ့ဖူးတဲ့ ဆယ်ဂဏန်းလောက်ပဲရှိတဲ့ ဂီလန အဘိုးအဘွားတွေကို ဒီနေရာမှာ နှစ်ထောင်ကျော်လောက် တစုတဝေးတွေ့လိုက်ရတဲ့အချိန်မှာ ကျွန်မရင်ထဲဖြစ်သွားတဲ့ ခံစားချက်က ဘာလိုမှဘာသာပြန်လို့မရခဲ့ပါဘူး။ ဒီရိပ်သာကို ဦးစီးနေတဲ့ဆရာတော် ဦးဥတ္တမသာရ ကိုလဲ အထူးချီးကျူးမိပါတယ်။ ၂၅၀ဝ နီးပါရှိတဲ့ ဂီလာန သီလရှင်၊ ယောဂီ၊ အဘိုး၊ အဘွားတွေကို နေရာပေး၊ ထမင်းကျွေး၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးပြီး နောက်ဆုံးဘဝနေဝင်ချိန်ကို သက်တောင့်သက်သာ တရားဘာဝနာလေးနဲ့နေထိုင်ခွင့် ရအောင် စောင့်ရှောက်ပေးထားတာကိုတွေ့ခဲ့ရပါတယ်။

received_648276771954172
ဘိုးဘွားတို့ပျော်စံရာ

ဒီရိပ်သာလေးကိုလှုမယ်ဆိုရင်တောင် ဘာလိုအပ်လဲလို့မေးလို့မထွက်လောက်အောင် နေရာတကာမှာလိုအပ်ချက်တွေများပြားနေတာကိုတွေ့ခဲ့မိပါတယ်။ ဝါးထရံကာ၊ ဓနိမိုး၊ ဝါးကြမ်းခင်းနဲ့မြေစိုက်တဲလေး တွေပေါ်မှာ ကိုယ်ပိုင်ရာဆိုင်ရာ ပစ္စည်းလေးတွေကို စုစည်းပြီး ဘဝနေဝင်ချိန်ကို အံတုနေတဲ့၊ လောကဓံရဲ့နှိပ်စက်မှု့ကို လှလှကြီးခံခဲ့ရတဲ့အဘိုးအဘွားတွေ ကျောတခင်းစာလေးတွေ မှာ တဦးကိုတဦး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေနေကြတာ အင်မတန်စိတ်ထိခိုက်မိပါတယ်။ သူတို့နေထိုင်တဲ့တဲလေးတွေလိုက်ကြည့်မိပြီး ပြောမထွက်အောင်ဆို့နစ်မိပါတယ်။

received_648280771953772
စားဖိုဆောင်

ကျွေးမွေးဖို့ချက်ပြုတ်တဲ့ နေရာရောက်တော့လဲ အိုးကြီးအိုးငယ်နဲ့ လူ နှစ်ထောင့်ငါးရာစာလောက်ကို ချက်ပြုတ်နေကြတဲ့ အိုးသူကြီးတွေကိုလဲ ချီးကျူးမိပါတယ်။ တနေ့ကို ဆန် ၁၁ အိပ်ချက်ရတယ်ဆိုတဲ့စကားကလဲ တုန်လှုပ်စရာပါ။ ထမင်းစာရိတ်က တနေ့တနေ့နဲတာမဟုတ်တာပဲကိုး။ ထမင်းတနှပ်ကို သတ်သတ်လွတ်ပဲဟင်းနဲ့တောင် သုံးသိန်းခွဲလောက်ကုန်ပါတယ်။ ဆန်ပြုတ်တောင် တသိန်းတသောင်းဖိုးပြုတ်ရပါသတဲ့။

received_648281275287055
ကြွက်လုံဆောင်

ဒီကြားထဲ ညပိုင်း လုပ်အားပေးတဲ့သူတွေမကြည့်လိုက်မိချိန်ဘဝတပါးပြောင်းသွားတဲ့ အဘိုးအဘွားတွေကို မြေကြွက်တွေက လာစားသေးတာတဲ့။ နောက်သူတို့က အတင့်အတော်ရဲလာပြီး မလှုပ်ရှားနိုင်ပဲ အိပ်ယာထဲပက်လက်လဲနေတဲ့သူတွေကိုပါ ဝင်ကိုက်တော့တယ်ဆိုပဲ။ အဲ့ဒါနဲ့ ကျောင်းအုပ်ချုပ်သူတွေလဲ ဒီလိုမလှုပ်နိုင်တဲ့လူနာတွေ ကြွက်ရန်ကကင်းအောင် ကြွက်လုံအဆောင်လေးတွေအပြေးအလွှားဆောက် ရတော့တာပေါ့။

received_648281785287004
သီးသန့်လူနာဆောင်

ဒါပေမဲ့ ငွေကြေးကန့်သတ်ချက်တွေရှိနေလေတော့ စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ အလှုရှင်ပဲစောင့်နေရတော့တာပေါ့။ ဆရာတော်အနေနဲ့က အယုတ်အလတ်အမြတ်မရွေးလက်ခံတာဆိုတော့ ဟိုးခပ်ဝေးဝေးတနေရာမှာတော့ HIV လူနာတွေ၊ အရက်ဖြတ်လူနာတွေအဆောင်ကိုလဲထားရှိပေးထားတာတွေ့ခဲ့ရပါတယ်။

အခုဆို ခုနစ်ဧကကျယ်တဲ့ အဲ့ဒီမြေပေါ်မှာ မြေလွတ်မကျန်တော့အောင် အဆောင်တွေ၊ အဆောင်တွေတွေ့ခဲ့ရပါတယ်။ အဲ့အဆောင်တွေမှာလဲ လူတွေအပြည့်ဖြစ်နေပါတယ်။ ဒါပေမဲ့အဲ့အဆောင်တွေကလဲ အစောကပြောခဲ့သလို ထရံကာ၊ ဓနိမိုး၊ ဝါးကြမ်းခင်း မြေစိုက်တဲတွေဆိုတော့ အဘိုးအဘွားတွေ ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ ကျွန်မတို့သွားချိန်မှာ မိုးရွာနေတော့ အလယ်လမ်းတလျှောက်ရေတွေစိုနေတော့ တဲကလေးရဲ့မြေတွေအားလုံးစိုထိုင်းထိုင်းနဲ့ပေါ့။ အုပ်တိုက်ကလေးဆောက်ပေးနိုင်မှသာ လုံလုံခြုံခြုံနဲ့ သက်တောင့်သက်သာနေနိုင်မှာပါ။ ဆရာတော်အနေနဲ့လဲ ခြောက်ထပ်ကျောင်းဆောင်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စားစရိတ်ကတင် တနေ့ တနေ့များပြားလှတာမို့ ငွေပိုငွေလျှံရှိနိုင်ဖို့မလွယ်လှပါဘူး။ ဝိုင်းဝန်းလှုဒါန်းမှသာဆောက်နိုင်မယ်ထင်ပါတယ်။ တယောက်ချင်းလှုမယ်ဆိုရင်တော့ ဆင့်ပါးစပ်နှမ်းပက်တာလောက်ပဲရှိနိုင်လို့ထင်မိပါတယ်။ ပြောပြရမယ်ဆိုရင်တော့ ပြောလို့တောင်မဆုံးနိုင်လောက်အောင်နေရာတကာလိုအပ်ချက်တွေများနေတဲ့ ဒီသဘာဝရိပ်သာကလေးကို တယောက်အားနဲ့မနိုင်နိုင်သမို့ စုပေါင်းအားလေးနဲ့ တတ်နိုင်တာလေးလှုချင်မိပါတယ်။

ဒါတောင်ဆရာတော်မြေနေရာထောက်ပံ့ပေးထားတဲ့ အိမ်ခြေသုံးထောင်ရှိတဲ့ စေတနာဆိုတဲ့ရွာကလေးကို လမ်းခင်းနေတာမို့ ဒီတခေါက်မရောက်နိုင်ခဲ့ပါဘူး။ ရောက်နိူင်ခဲ့မယ်ဆိုရင်တောင် အဲ့ဒီရွာကလေးမှာလဲ လိုအပ်ချက်တွေရှိနေလိမ့်အုံးမယ်လို့ယုံကြည်မိပါတယ်။

71 comments

  • ကေဇီ

    October 14, 2014 at 9:09 am

    အနော် လှူမယ် မွသဲ
    အလှူဖြစ်ရင် အကြောင်းကြားပါနော်။
    လာနိုင်ရင်လည်း လာပါ့မယ်။

    သနားလိုက်တာ။
    ဖတ်ရင်း သနားလိုက်တာ။

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 9:23 am

      ဦးကျောက် အလှုပိုစ့်တက်ပါလိမ့်မယ် ချွိရေ။ လာနိုင်ရင်တော့ကောင်းတယ် ကြိုးစားကြည့်ပါလား။

      Reply

      • ကေဇီ

        October 14, 2014 at 9:29 am

        ရန်ကုန်မှာ
        ဘယ် ယောက်ခမ အိမ်မှာ လိုက်နေရမတုန်း ဗျာများတော့မယ်။
        အဟီးဟီးးး
        :k:

        မွသဲတို့ ဦးဆာတို့နဲ့တော့ တွေ့ချင်သားရယ်။
        ပျော်စရာကြီးနေမှာ။
        ဟို သိန်း ၂ဝ အလှူရှင်ကြီးလည်း တွေ့ချင်တယ်။
        ရေစက် ဆုံရအောင်လို့။
        :kwi:

        Reply

        • မွသဲ ( 17082011 )

          October 14, 2014 at 9:35 am

          အလှုရှင်ကြီးကတော့လာနိုင်မယ်မထင်ဘူး။ ချွိလာရင်တော့ ပျော်စရာကြီး။ လာရင်ယောက်ခမွတွေအိမ်အလှည့်ကျတည်း။ လာမတည်းရင် ချိတ်ချိုးမာ :mrgreen:

  • surmi

    October 14, 2014 at 9:18 am

    မကြာခင် အဲဒီနေရာကို လိုအပ်ရာရာပံ့ပိုးဖို့ စုပေါင်းအလှူ တစ်ခု လုပ်ဖြစ်ပါလိမ့်မယ် ။

    ဦးကျောက်ခဲ့ ဦးဆောင်စုစည်းပြီး အထူးအလှူရှင် တစ်ဦးက
    သိန်း နှစ်ဆယ် မ,တည်မယ်လို့ကြားမိပါတယ် ။
    သေချာပေါက် အလှူတစ်ခုဖြစ်မောက်ဦးမှာပါ
    ကြိုတင်ပြီး သာဓုခေါ်ပါတယ်ဗျို့ ………

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 9:33 am

      အူးဆာလဲအားဖြည့်ပေးပါအုံးဗျို့

      Reply

  • manawphyulay

    October 14, 2014 at 9:31 am

    လိုအပ်ချက်တွေကတော့ နေရာတိုင်းမှာ ရှိနေဦးမှာပါ။ ဒါတောင် သိလို့ လှူရတဲ့နေရာတွေမှာတောင် လိုအပ်ချက်တွေ ဖြည့်စည်းမကုန်သေးတာ မသိလို့ မလှူရပဲ ဒုက္ခရောက်နေကြတဲ့ အဘိုးအဘွားတွေ ဘယ်လောက်တောင်များ ရှိနေမလဲ တွေးရင်းနဲ့ စိတ်မောမိပါတယ်။ မနောလည်း စာမူခလေး ရလိုက် လှူလိုက်တော့ လုပ်နေပေမယ့် အမြဲ မလှူရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ရွာထဲက စာမူ တစ်သိန်းရတုန်းကတော့ ဆည်းဆာရိပ်နဲ့ မိဘမဲ့ကျောင်းမှာ သွားလှူဖြစ်ခဲ့တယ်။ ထပ်မံလည်း ရွာထဲက စာမူခနဲ့ လှူချင်ပါသေးတယ်။

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 9:37 am

      အလှုသေချာရင်မနောလဲအားဖြည့်ပေးပါအုံးနော်။ တတ်အားသရွေ့ပေါ့

      Reply

  • Ko chogyi

    October 14, 2014 at 9:39 am

    တစ်ခြားနုိုင်ငံတွေမှာ အခွန်ကောက်ပြီး အခုုလုို အိုုမင်းမစွမ်းချိန်မှာ ထောက်ပံ့ပေးတယ်လုို့သိရပါတယ်
    ကျွန်တော်တုို့နုိုင်ငံမှာ အခွန်ကောက်ပြီး ဘယ်ရောက်မှန်းမသိ
    လမ်း,တံတား, ပါကင်,ရေ,မီး စသည်ဖြင့် အခွန်အကောက်အများဆုုံး
    စီးပွားရေးလုုပ်ငန်းတွေက ကြီးကြီးမားမား များများစားစား
    အခွန်စည်းကြပ်မှုက ဘယ်ပုုံစံ ဘယ်ရောက်မှန်းမသိ
    နေ့စဉ်ကြိတ်ကြိတ်တုိုးနေတဲ့ ရွှေဆုိုင်တွေနဲ့ စင်တင်စားတော်ဆက်တွေက
    အခွန်ဦးစီးမှူးဆုို အဖေထက်ကြောက် ဘာကြောင့်ပါလိမ့်
    မြန်မာနုိုင်ငံကုို ဖွံ့ဖြိုးမှုအနည်းဆုုံးစာရင်းက လွတ်အောင်လုုပ်မယ်ဆုိုတဲ့ လူကြီးကလည်း အဲလုိုနေရာတွေ တစ်ခါမှမရောက် သိမှသိပါလေစ

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 9:40 am

      😥

      Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 9:43 am

      သာသနာရေးဝန်ကြီးဌာနက အသိအမှတ်မပြုထားပါဘူးတဲ့။

      Reply

    • ကေဇီ

      October 14, 2014 at 9:46 am

      ဒီမှာက အသက် ၅၅ နှစ်ဆိုထုတ်ပေးတဲ့ ဆုငွေ ရှိတယ်လေ။
      တစ်ချို့ စလုံး အဖိုးကြီးတွေများဆို ပင်စင်ယူပြီး ပိုက်ဆံအများကြီး ရပြီးကာမှ …
      မိန်းမငယ်ငယ်လေး ယူလိုယူ (ပြည်ကြီး မတွေက အဲလို ဘိုးတော်မျိုးကို တာကက်ထားတာ၊ အဆင်ပြေရင်နိုင်ငံသားပါလျှောက်လို့ရတယ်)
      ဖြုန်းလိုဖြုန်း လုပ်ကြလို့ သားသမီးတွေက သိပ်မကြည်တာမျိုးရှိသေးးး :mrgreenn:
      စဉ်းစားကြည့်တော့လည်း သူတို့ တစ်သက်လုံး အလုပ်လုပ်ပြီးရှာလာရတာ ဒီလောက်တော့ ခံစားခွင့်ရှိတာပေါ့။
      ပြီးမှ သူတို့ ပိုက်ဆံ နဲ့ သူတို့ မဟုတ်တာလုပ်တာတော့ တစ်ပိုင်းကိုးးး

      :a:

      Reply

      • ခင် ခ

        October 14, 2014 at 11:01 am

        အဲဒီမှာက အလုပ်လုပ်စဉ် ရတဲ့လုပ်ခထဲက အခွန်တို့ အသက်အာမခံကြေးတို့ ကျန်းမာရေးအာမခံကြေးတို့ က ပုံမှန်သွင်းရတာမျိုးတွေ ရှိခဲ့တယ်မလား၊ အဲဒီတော့လဲ ပင်စင်ယူပြီးတဲ့အခါ ပြန်ရတဲ့ အကျိုးခံစားခွင့်ကလည်း ကောင်းတာပေါ့ဗျာ။
        ဒီမှာက အဲလိုတွေ မလုပ်ကြတာက များလေတော့လဲ ကွာသပေါ့ဗျာ။
        နောက်ပြီး အဲဒီမှာ အသက်ကြီးတဲ့သူတွေ သန်စွမ်းသူတွေ တစ်ရှုးထုပ်လေးတွေ လိုက်ရောင်းတာတို့ Taxi ကားမောင်းတာတို့ လုပ်ပြီး ဝင်ငွေရှာကြတာလဲ တွေ့မြင်ဖူးတယ်။ ဆိုလိုတာက ကိုယ်လုပ်နိုင်နေသရွှေ့ ငွေရှာနေကြတယ်လေ။ ဒီမှာကတော့ အသက်ကြီးရင် အမှီရှာချင်ကြတဲ့ ဓလေ့ကလည်း လွှမ်းမိုးနေစဲဆိုတော့ ကွာခြားမှုတွေရှိနေစဲပေါ့ဗျာ။

        Reply

        • ကေဇီ

          October 14, 2014 at 11:14 am

          စီးပွါးရှာတဲ့ အရွယ်မှာ ကြိုးစားရင် ကြိုးစားသလို အသက်ကြီးတဲ့ အချိန်မှာ အာမခံချက်ရှိတယ်လို့ ပြောရမယ်ထင်တယ်ဗျာ။

    • kai

      October 14, 2014 at 11:27 am

      US မှာလူမှုဖူလုံရေးစုဆောင်းငွေက… အခွန်နဲ့မဆိုင်သလို.. ပင်စင်နဲ့လည်းမဆိုင်ဘူးဗျ..။
      ကိုယ့်ဖာကိုယ်ငယ်တုံးအလုပ်လုပ်နိုင်တုံးစုဆောင်းထားတာတွေ.. အသက်ကြီးတော့ပြန်ထုတ်တဲ့သဘောမျိုးပဲ..

      ယူအက်စ်မှာ စခဲ့တာက.. ပုဂ္ဂလိကလုပ်ငန်းအနေနဲ့ပဲလို့ကြားဖူးတယ်..
      ကောင်းလို့..အစိုးရကတာဝန်ခံပြီးဆက်လုပ်တာ…

      မြန်မာပြည်မယ်.. အဲဒါမျိုး.. အစိုးရမလုပ်ရင်.. (ဘာသာရေးမနွယ်) ကိုယ်တိုင်ထလုပ်ကြသင့်..။
      စုငွေတွေကို.. ငွေကြေးကျွမ်းကျင်တဲ့.. ပရိုလက်ထဲထိုးအပ်စုဆောင်းကြသင့်.. :k:

      Reply

      • ခင် ခ

        October 14, 2014 at 11:48 am

        သဂျီးရေ အဲလို အစိုးရနဲ့မဆိုင်တဲ့ KBZ တို့ First Myanmar တို့ စတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ အခုတော့ ဒီမှာရှိလာနေပါပြီ ဒါပေမယ့် ဒီကသူတွေက စုဆောင်းရကောင်းမှန်း မသိကြသေး တာလေ။ ဗဟုသုတ အမြင်နည်းတယ်ဘဲဆို ရမလား ဖြစ်တော့ မှ ဖြစ်ဆိုမလား
        နောင်ခါလာ နောင်ခါဈေး အဲလိုတွေက ခပ်များများရှိနေစဲပေါ့ဗျာ။

        Reply

        • kai

          October 14, 2014 at 12:10 pm

          မြန်မာတွေစုဆောင်းတာပေါ့..။ နေရာလွဲနေတာ..။
          နောက်ဘဝအတွက်ဆိုပြီး… များနေတာ..။
          တယောက်၃ကိုယ်ခွဲသမားတွေလေ..။ :k:

        • မွသဲ ( 17082011 )

          October 14, 2014 at 3:21 pm

          ဒီအစိုးရအောက်မှာ ဘာကိုမှအစိုးမရတော့လဲ ကိုယ့်အထုပ်ကိုပဲကျစ်ကျစ်ပါအောင် စုရတော့တာပါပဲ။ အားကိုးရာဘယ်သူမှမရှိဘူးလေ။ အမိမဲ့သားရေနဲငါးတွေပေါ့ 😥

        • Ko chogyi

          October 14, 2014 at 3:43 pm

          ဘဏ်တွေရဲ့ တည်မြဲမှုကလည်းအာမခံချက်မရှိဘူးလေ
          အာရှဓနဘဏ်ဒေဝါရီခံတယ် အဲဒီလူတွေပဲ အခုုဆောက်လုုပ်ရေး လုုပ်ငန်းမှာအောင်မြင်နေတယ် ခံလုိုက်ရတာပြည်သူတွေ

      • မွသဲ ( 17082011 )

        October 14, 2014 at 3:22 pm

        ဒဂျီးလာလုပ်မလား :mrgreen:

        Reply

  • pooch

    October 14, 2014 at 9:41 am

    သဘာဝရိပ်သာကို သူငယ်ချင်းတယောက်က သူ့ပေ့ချ်မှာ အမြဲလိုလိုရှယ်လို့ သိနေတာတော့ ကြာပြီ
    သူတို့လည်း ဟိုကနေ သူတို့နိုင်တာ လှမ်းလှမ်းလှူကြတယ်
    ရွာကလှူဖြစ်ရင်လည်း တပိုင်တနိုင်တော့ လှူ မယ်။

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 9:42 am

      ကျေးဇူးပါ နန်းမတော် မယ်ပုချ်ရေ

      Reply

  • ကေဇီ

    October 14, 2014 at 9:50 am

    ဆိုတော့……
    ကလေးတွေနဲ့ ပတ်သက်ရင်လည်း လှူချင်စိတ်ရှိတယ်။ (သားသမီးချင်းလည်း ကိုယ်ချင်းစာတယ်)
    သက်ကြီးရွယ်အိုနဲ့ ပတ်သက်ရင်လည်း လှူချင်စိတ်ရှိတယ်။ (မိဘချင်းကိုယ်ချင်းစာတယ်)
    ရောဂါသည် ကူကယ်ရာမဲ့ နဲ့ ပတ်သက်ရင်လည်း လှူချင်စိတ်ရှိတယ်။

    အဲ။
    အရွယ်ကောင်းတွေတော့ ဘယ်လိုမှ မသနားတာ။။
    :kwi:

    Reply

  • weiwei

    October 14, 2014 at 9:55 am

    version နောက်တစ်မျိုးနဲ့ အဲဒီအကြောင်း ပို့စ်ရေးပါအုန်းမယ် ..
    လောလောဆယ်တော့ ဆရာတော့်ကို နားလည်အောင် ရလာခဲ့တဲ့ တရားခွေကို နာနေပါတယ် ..

    Reply

  • kyeemite

    October 14, 2014 at 9:58 am

    .မြင်ရတွေ့ရတာ စိတ်မကောင်းစရာပါ 😥

    .လူ၂၅၀ဝ ဆိုတာ နဲတဲ့ဝန်ထုတ်မဟုတ်ပေဘူး :p:
    .ဒီလိုကိစ္စမျိုးကို နိုင်ငံတော်က ထောက်ပံ့သင့်တယ်ဗျာ
    .ဘာပဲဖြစ်ဖြစ် ရွာကစုပေါင်းလှူ ကြရင်တော့ နိုင်သလောက်ပါဝင်ပါ့မယ်ဗျ

    Reply

  • အလင်းဆက်

    October 14, 2014 at 2:29 pm

    ယိုလူကြီးလေသံနဲ့ လှူတယ်ဆိုတာ ကုန်တာပဲကွ လို့ ပြောမထွက်ပါဘူး။

    ဒီအလှူအကြောင်း ကြားရတာ
    ကြက်သီးထမိပါရဲ့။

    သာဓု
    အောင်ပါစေ

    ———-

    ဒီအလှူထဲ တထောင့်တနေရာက ပါချင်မိပါရဲ့။
    လောလောဆယ် ဝင်ငွေနဲ့ လခက ဘာမှ မသေချာ မရေရာ လက်ထဲ မရှိသေးသမို့
    လှူဖို့ အလှူပြန်ခံရမလိုလို ဘဝ

    :k:

    Reply

    • surmi

      October 14, 2014 at 2:55 pm

      လှူတယ်ဆိုတာ အထောက်အပံ့ရအောင် ပြုလုပ်ပေးခြင်းတမျိုးပါ ။
      ဆိုတော့ ငွေသားရယ်မှမဟုတ် အခြားနည်းလမ်းနဲ့အထောက်အပံ့ရအောင် ဝိုင်းဝန်းကူညီခြင်းဟာလည်း
      အလှူဒါန မြောက်ပါကြောင်းး
      ဥပမာ …လုပ်အားအလှူ ၊ သတင်းဖြန့်ချီခြင်းဖြင့် ဆော်ဩခြင်းကုသိုလ် ၊
      သတင်းပေး အလှူခံလုပ်ပေးခြင်းဖြင့် အကျိုးဆောင်ခြင်းကုသိုလ် ။
      အတူတကွ လိုက်ပါဆောင်ရွက်ခြင်းဖြင့် ဝေယျာဝစ္စကုသိုလ် ……
      စသည် စသည် တို့ ဖြင့် လုပ်ဆောင်ပေးနိုင်ပါကြောင်းးးးး

      Reply

      • မွသဲ ( 17082011 )

        October 14, 2014 at 3:18 pm

        ဆာဆာပြောတာ ထောက်ခံပါတယ်

        Reply

  • Shwe Ei

    October 14, 2014 at 3:15 pm

    သဘာဝ တရားရိပ်သာကို ၂ခေါက်လောက် ရောက်ပြီးပါပြီ။

    လေဖြတ်နေတဲ့ အသိတစ်ယောက် ကို ခေါ်ထားပေးတယ် ကြားလို့ သွားတွေ့ရင်း ရောက်ဖြစ်တာပါ။

    အနေဆင်းရဲတာတော့ မျက်မြင်ပါဘဲ။

    ဆိုးတာက လုပ်နိုင်ကိုင်နိုင်ရှိသေးပုံရတဲ့ သန်စွမ်းတဲ့လူတွေကလဲ တစ်နေရာစာယူပြီး မိသားစုလိုက်လာနေကြတာရှိနေပါတယ်။

    စုပေါင်းအလှူဆိုရင်တော့ ကိုတိုင်ပါဝင် အားဖြည့်ပါမယ်ဗျာ 🙂

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 3:17 pm

      ကျေးကျေးပါရွှေအိရေ။ ကူညီပါအုံး

      Reply

  • ကေဇီ

    October 14, 2014 at 3:30 pm

    ရန်ကုန်များရောက်ရင်လေ….
    ဝါး နဲ့လည်း ရှော့ပင်ထွက်ချင်တာ…
    မွသဲနဲ့လည်းစကားပြောချင်တာ…
    မွဝေ ချက်တဲ့ ထမင်း ဟင်းကလည်း စားချင်တာ…
    မွအိ လုပ်ကျွေးတဲ့ မုန့်လည်း စားချင်တာ…
    ကိုကိုစွယ်လိုက်ပို့မဲ့ လှည်းတန်းလည်း သွားချင်သေးတာ…
    ဦးမိုက်လိုက်တိုက်မဲ့ ဘီယာလည်းသောက်ချင်သေးတာ…
    ကိုကြီးဘက်နဲ့လည်း သီချင်းသွားဆိုချင်သေးတာ…
    ဆာဆာကျွေးမဲ့ ထမင်းဝိုင်းမှာ ထိုင်ချင်သေးတာ…
    ကျောက်တို့ လင်မယား ပြန်အလာနဲ့လည်း ဆုံချင်တာ…
    ကိုဖက်ကျွေးမယ်ဆိုတဲ့ မုန့်တွေ လိုက်စားချင်သေးတာ…
    ကမတ်ကြီးကိုလည်း စာအုပ်ဆိုင်တွေ လိုက်ပို့ခိုင်းချင်သေးတာ…
    ဂီ ကိုလည်း ဓာတ်ပုံရိုက်ခိုင်းချင်သေးတာ…
    အာတီဒုံ နဲ့ ချစ်မမ ဆီ သွားလည်ချင်သေးတာ…
    ဘဖောစကားပြောတာ နားထောင်ချင်သေးတာ…
    ကိုကြီးနို နဲ့ ဓာတ်ပုံတွဲရိုက်ချင်တာ…
    အာ့တွေ တစ်ရက်တည်းနဲ့လောက်အောင် ဘူစီစဉ်နိုင်လဲငင်?
    :a:

    Reply

    • weiwei

      October 14, 2014 at 3:42 pm

      ရတယ်လေ … နှစ်ပါတ်လည်တွေ့ဆုံပွဲနေ့ဖြစ်ဖြစ် … ဒါမှမဟုတ် စုပေါင်းအလှူလုပ်ဖြစ်တဲ့နေ့ဖြစ်ဖြစ် (တစ်ရက်ထဲလဲဖြစ်နိုင်တယ်) အဲဒီလိုနေ့တစ်နေ့ကိုရွေး ..
      အားလုံးနဲ့တွေ့ဆုံရင်း လုပ်ချင်တာတွေအားလုံး လုပ်လို့ရမယ် .
      ပြီးတော့မှ ရှော့ပင်းနဲ့ မုန့်လိုက်စားတာတွေလုပ် …
      တစ်ညအိပ်နို်င်မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့ ..

      Reply

      • ကေဇီ

        October 14, 2014 at 3:43 pm

        ဟိ။
        ဟုတ်တယ်နော်။
        စီစဉ်ကြည့်လိုက်ဦးမယ်။
        မရတော့လည်း ဒီတိုင်းပဲ ရသလိုတွေ့တာပေါ့။

        :k:

        Reply

      • မွသဲ ( 17082011 )

        October 14, 2014 at 5:31 pm

        ဒဂျီးဆီကသတင်းကောင်းလဲရှိသေး

        Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 5:32 pm

      ညလုံးပေါက် တအိမ်တက်ဆင်းလည်ကြမယ် :mrgreen:

      Reply

  • ရွှေတိုက်စိုး

    October 14, 2014 at 4:23 pm

    ကျုပ်လဲ အဆင်သင့်ပါဗျာ.. အလှုလုပ်မယ်ဆိုရင်.. စုပေါင်းလုပ်ကြတာပေါ့…

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 5:33 pm

      အိုးဆယ်အိမ်ခေါင်းရွာဆော်မပါလို့ဘယ်ဖြစ်မဒုန်း

      Reply

  • Kaung Kin Pyar

    October 14, 2014 at 5:33 pm

    ကောင်းကင်ပြာလဲ လှူမယ်..
    :mrgreen:

    Reply

    • မွသဲ ( 17082011 )

      October 14, 2014 at 6:50 pm

      ဖိတ်ခေါ်ပါတယ်။

      Reply

  • ဝင့်ပြုံးမြင့်

    October 15, 2014 at 8:01 am

    အဲဒါကြောင့်ပြောတာပေါ့ စိတ်ညစ် လိုက်တာ။ အခု ဒီမြင်ကွင်းတွေဟာ မြေစမ်းခရမ်းပျိ ုးလေးတွေပဲ ရှိသေးတယ်။ နောင်လာမယ့် ၁၅နှစ်အတွင်းမှာ ဒီ့ထက်ပိုဆိုးဦးမယ်။ လူဦးရေ ခါးကျ ို း လိမ့်မယ်။ ကျမအသိတွေထဲမှာ အိမ်ထောင်သည်ထက် အပျိ ုကြီး လူပျိုကြီး ပိုများတယ်။ စစ်ချက်တွေကလည်း ပြောပြီးသား။ ယနေ့မှာ အိမ်ထောင်ရက်သားကျဖို့ အရွယ်ရောက်နေတဲ့လူ ၂ဦးမှာ ၁ဦးက အိမ်ထောင်မကျဘူးတဲ့။ ဂျာနယ်ထဲ ဖတ်လိုက်ရတာ။ လှူ တာတမ်းတာကို မကောင်းပြောတဲ့သဘောမျို းနဲ့ မဟုတ်ပါဘူး။ မှားယွင်းနေတဲ့ စနစ်တစ်ခုလုံးမှာ ဘယ်လိုအလှူ မျိ ုးကမှ မကယ်နိုင်ပါဘူး။

    Reply

  • Yae Myae Tha Ninn

    October 15, 2014 at 10:59 am

    နောက် အလှူလုပ်ရင် ခေါ်နော်… ပိတ်ရက်နဲ့ တိုက်ရင် လိုက်ခဲ့မယ်… ဆင်းရဲတော့ လုပ်အားအလှူ လုပ်ပေးပါ့မယ်.. အထုပ်ထမ်းတာတို့… အပင်ပန်းခံရမယ့် ဟာ မျိုး လုပ်ပါ့မယ်… 🙂
    ဖုန်းနံပါတ်က အလင်းဆက် နဲ့ ဦးကြီးမိုက်ဆီမှာ ရှိတယ်နော်… သူတို့နဲ့တော့ လင့်ရှိမယ် ထင်ပါတယ်… 🙂

    Reply

  • etone

    October 15, 2014 at 12:11 pm

    ဗျို့သဂျီး … အိုက်ဒါဒေပျော့စ်တာ ညင်ယား ။

    တဂျီးပျော့စ်တလို ဘုန်းရီးက ဘုန်းရီး အလုပ်မလုပ်ရဝူး … လူအလုပ် လုပ်ပေးနေရဒယ်.. ။ ခီညားဒို့ လူဒေပေါ့ … ကတောက်စ် … :mrgreen:
    အလဂါးနေရင်း အပျင်းပြေလုပ်နေဒါ မဟုတ်ဝူး … လူအချင်း ချင်း စာနာတဲ့စိတ်နဲ့ လုပ်နေတာ …..
    တာမန်ပီတူဒေဂလောက် လုပ်ပီးဖေးမ ပေးနေဒါကို ဟိုခြောက် အရှိုးရက ညက်စိပိတ်နေရော့တယား …. ။

    ဟိုမီဒီယာ အဖွဲ့ဒေဂရော ချားဖို့ ဝါးဖို့နေရာဒေလောက်ပဲ လျှောက်ရိုက်ပီး(နိုင်ဂံဂျားထိသွားချားဒါလည်းပါဒယ်) ဂလိုနေရာကျဒေါ့ …. မတိချင်ထောင်ဆောင်နေရလား ….. ။ဒါငြိုးကို မီးမောင်းထိုးပျပေးရမှာဂို …. ။
    ပီတူဒေကတောင် အချင်းချင်း စာနာစိတ်နဲ့ ဖေးဖေးမမရှိနေချိန် အင်တိုက်အားတိုက် ဝိုင်းလုပ်တင့်ဒါ … ဂယ်ဗဲ .. ဘုန်းရီးအလုပ်ဂို မလုပ်ရဝူး … ။

    ယောက်ခမရီး မွသဲ …… အလှူဖစ်တဲ့ အချိန် တတ်နိုင်ဒဲ့ဘက်က ပါဝင်ပါ့မြီ ….. ။

    Reply

    • kai

      October 15, 2014 at 12:55 pm

      အဲဒါညည်းတို့လို.. မမတွေ.. ဘုန်းကြီးအတင်းသွားလုပ်ခိုင်းတာကိုး..။
      ဘုန်းကြီးခမြာ.. မိန်းမယူတာကလွဲလို့.. လူအလုပ်.. အကုန်လုပ်ပေးနေရ..။

      အစိုးရကတော့.. တခုပဲလုပ်ပေးဖို့လိုတယ်..
      ဘုန်းကြီးတွေကို.. ငွေကြေးနဲ့စီးပွားရေးကျွမ်းကျင်တက္ကသိုလ်တွေတက်ခိုင်းပြီး.. ဘွဲ့တွေပေးဖို့..။
      မထူးတော့တဲ့အတူတူ.. မဖြစ်မနေဖြစ်သွားအောင်.. ဥပဒေပြုပေးရင်ကောင်းမယ်..

      အနည်းဆုံး MBA လောက်.. :k:

      Reply

    • မွသဲ ( 17082011 )

      October 16, 2014 at 10:13 am

      ချွေးမွကလေးတုန် ( ကိုကြေးအိုးမမြင်ဇီရ )လဲမပါမဖြစ်ပါရမှာပေါ့ ဆက်သွယ်လိုက်မယ် :mrgreen:

      Reply

  • Wow

    October 15, 2014 at 1:05 pm

    ကျနော့်အဖေ အသက် (၇၃)၊ သူမဆုံးခင်အထိ အလုပ်လုပ်သွားတာ။ ဆေးရုံတက်ရတော့ ဆေးရုံကပြန်ဆင်း ပီး တစ်လ နှစ်လလောက် အတင်းနားခိုင်းရတယ်၊ ခဏနားပီး ပြန်လုပ်မယ်ပဲ ပြောနေတာ… ပီးတော့ဆုံးသွားတာပဲ 😥
    အာ့ဂျောင့် ပြောရမယ်ဆိုရင် အလုပ်မလုပ်ပဲ ထိုင်အလှူ ခံနေတဲ့သူဒွေ ကျနော်မသထှာဘူးဗျ…..
    ကိုယ်ခန္တာချို့ယွင်း အိုမင်းမစွမ်းကလွဲလို့ပေါ့ ဒါတောင် ဖြစ်နိုင်မယ်ဆိုရင် တနိုင်တပိုင်လေးတွေ စီစဉ်ပေးချင်တာ…
    ကျနော်လဲအိုက်လောက်ပိုက်ဆံမချမ်းသာပါဘူး ဒါပေမဲ့ ဒီအတိုင်းငွေသားအစား တစ်ခုခုလေး ထူထောင်ပေးစေချင်တာ… အမှတ်တရပစ္စည်းလေးတွေ.. စတာမျိုးပေါ့…

    Reply

    • kai

      October 15, 2014 at 3:21 pm

      တကယ်လည်း.. လူမှာပင်စင်နာဆိုတာရှိတယ်..။
      ပင်စင်ယူပြီး.. ဘာမှမလုပ်ရင်.. စောစောသေတတ်ပါတယ်။
      အသက်ကြီးနေလည်း.. တလှုပ်လှုပ်.. မျှော်လင့်ချက်တွေနဲ့လုပ်နေတာက.. အသက်ရှည်..။

      ဘာမှလုပ်စရာမရှိထင်ရင်.. အနောက်နိုင်ငံ.. ဂျပန်..ကအဖိုးကြီးအဖွားကြီးများလို.. လမ်းဘေးထွက်..အမှိုက်ကောက်..။ ကလေးတွေကျောင်းအသွားအလာကားတားပေး..။ ပန်းပင်တွေပြင်..ဗွန်ဆိုင်းလုပ်..။
      စသဖြင့်ပေါ့..။ ပုတီးလေးတကိုင်ကိုင်နဲ့.. ငါ့အတွက်ငါလုပ်.. ငါ့အတွက်ယူသွားဦးမယ်ဆိုတာမျိုးကတော့မဖြစ်..။
      ဘာသာရေး..။
      ဆိုတော့..
      မြန်မာပြည်ဟာ.. ကြောက်စရာ့အနာဂါတ်ကိုရွှေ့ယူ(ယူ)နေတယ်လို့.. ထင်..။ :i:

      Reply

    • ခင် ခ

      October 15, 2014 at 3:37 pm

      ” အာ့ဂျောင့် ပြောရမယ်ဆိုရင် အလုပ်မလုပ်ပဲ ထိုင်အလှူ ခံနေတဲ့သူဒွေ ကျနော်မသထှာဘူးဗျ…..
      ကိုယ်ခန္တာချို့ယွင်း အိုမင်းမစွမ်းကလွဲလို့ပေါ့ ”
      မ Wow ပြောတာကိုတော့ သဘောကျတယ်ဗျ။
      ကျွန်တော် ဒီမှာ သွားလာရင်း တွေ့နေတဲ့သူတစ်ယောက်ရှိတယ်။ သူက ခြေသားလုံးနှစ်ဖက်ဖြတ်ထား ခံရတာ၊ ဝှီးချဲလိုမျိုး ဘီးပါတဲ့တွန်းလှဲယာဉ်ပေါ်မှာထိုင်ပြီး လက်နဲ့ဘေးက ဘီးကိုတွန်းတွန်းပြီး တစ်နေရာနေ တစ်နေရာကူးကာ စားသောက်ဆိုင်တွေနားကျ ခေတ္တရပ်ပြီး ထီ လိုက်ရောင်းတာလေ။ မသန်ပေမယ့် စွမ်း တဲ့သူပေါ့။ ကျွန်တော်ကြုံရင် သူရောင်းတဲ့ထီကို အားပေးဝယ်လိုက်တယ်ဗျ။

      Reply

    • မွသဲ ( 17082011 )

      October 16, 2014 at 10:15 am

      ယောဒယောက်ခမွက လူဇိုးဂိုဏ်းတာဝန်ယူထားဒါ။ ဂျားဝီ လှည်းသားငါးရာပါပါပဇီနော် :mrgreen:

      Reply

      • Wow

        October 16, 2014 at 11:27 am

        ဟုတ်မွ… လှည်းသားငါးရာကို အိုက်မာကူခိုင်းရမယ်။
        လှူတဲ့သူတွေ သဒ္ဒါကို စော်ကားသလိုဖြစ်ရင်ခွင့်လွှတ်ပါ.. ကျနော့်ကိုယ်ပိုင် ခံစားချက်နဲ့ ဖြစ်ချင်တာလေးပြောပြတာပါ… :chee:

        Reply

        • မွသဲ ( 17082011 )

          October 16, 2014 at 5:44 pm

          အမတို့လဲငွေသားအစား အဆောက်အဦးတခုခုရည်ရွယ်ထားပါတယ် wow ရေ

  • အညာတမာ

    October 15, 2014 at 2:24 pm

    လှူပါ့မယ်… ရွာနဲ့ကင်းကွာနေတော့ အလှူအတွက် organize လုပ်မဲ့အချိန်မသိလိုက်မှာစိုးတယ်….ရွာကစုပေါင်းလှူမဲ့အချိန်ကိုပြောပေးပါ…. အပန်းမကြီးရင် 09-73117921 ကို ဆက်ပေးပါလား မွသဲရေ……

    Reply

    • မွသဲ ( 17082011 )

      October 16, 2014 at 10:18 am

      ဟုတ်ကဲ့ ဦးကျောက် ပိုစ့်တင်ပါလိမ့်မယ်။ အချိန်နဲ့နေ့ရယ် အစီအစဉ်ရယ်။ ဖုန်းနံပါတ်လဲမှတ်ထားပေးပါ့မယ်

      Reply

  • မြစပဲရိုး

    October 15, 2014 at 5:27 pm

    ဒီမှာတော့ လက်ရှိ သူတွေ အတွက် ပြည်ပ နဲ့ ယှဉ် ပြောဖို့ ခက်ပါတယ်။
    သူတို့ အတွက် သူတို့ ဟာသူတို့ ဘာမှလုပ်လို့မရတဲ့ ဘဝ ဖြစ်နေမှကိုး။
    အိုကြီး အိုမ တွေ မပြောနဲ့။
    ပြည်တွင်းမှာ လူငယ်တွေ တောင် အလုပ်ရှား နေတာ မဟုတ်လား။

    လောလောဆယ် မှာတော့ သူတို့ နေဝင်ချိန် ကို အေးချမ်း အောင် လုပ်ပေးနေသူ တွေ ကို ကျေးဇူးတင်ရမှာပါ။
    ကိုယ်လဲ တတ်နိုင်သ၍ တစ်တပ်တစ်အား ကူ ပါ့မယ်။
    အလှူရှင်များ အလှူ အတွက်လဲ သာဓု၊ သာဓု၊ သာဓု ပါ။
    Post လေး ရေးပေးတဲ့ မွသဲ ကိုလဲ ကျေးဇူးပါ။ :))

    Reply

    • မွသဲ ( 17082011 )

      October 16, 2014 at 10:21 am

      ဟုတ်အရီးရေ အားဖြည့်ပေးပါအုံး

      Reply

  • ဦးကြောင်ကြီး

    October 16, 2014 at 9:26 am

    သဘာဝ ဂရုဏာ၊ ဆရာတော်ရဲ့ ဂရုဏာ ဟာ အများသိမှတ်ထားတဲ့ ရိုးရိုးသနားခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်၊သတ္တဝါ အစွဲကင်းတဲ့၊ သတ္တဝါ အားလုံးအပေါ် ဖြန့်ကျက်တဲ့ အကြင်နာမေတ္တာ၊ စွန့်လွှတ်ခြင်းမှ ပေါက်ဖွားလာသော သဘာဝ စွမ်းအင်ဖြစ်ပါတယ်။ ဂိုဏ်ဂဏ အစွဲအလန်း အရောင်အသွေး သတ်မှတ်ချက် မပါ၊ ကိလေသာ အာရုံအစွဲများကိုသာ အဓိကထား တိုက်ဖျက်ပေးတဲ့ ဌာန၊ နေဝင်ချိန်ရောက်နေသော ဘိုးဘွား၊ ဂိလာနများအတွက် အစွဲဖြုတ်ပေးရာဌာန၊ ခိုကိုးရာမဲ့များအတွက် အမှီသဟဲပြုစရာဌာန ဖြစ်ကြောင်း အသိပေး ခရာမှုတ်တွတ်ပါရစေ… တော်… တီး … တော်

    Reply

  • Novy

    October 16, 2014 at 11:42 am

    သဲရေ..
    မနိုကိုလည်းအလှူထဲကို ချွေးနဲစာလေးနဲ့ပါဝင်ခွင့်ပြုပါလို့

    Reply

    • မွသဲ ( 17082011 )

      October 16, 2014 at 3:08 pm

      ဟုတ်မနိုရေ အလှုနေ့နဲ့အစီအစဉ်တွေကို ဦးကျောက်စ်တင်ပါလိမ့်မယ်။ လိုအပ်ချက်ကြီးတဲ့နေရာမို့ လှုရတာပီတိဖြစ်စရာပါ

      Reply

  • ဦးကျောက်ခဲ

    October 16, 2014 at 12:12 pm

    ဘဝနေဝင်ချိန် မီးစာကုန်လို့ ဆီခမ်း ၊ ကိုယ့်အရိုး ကိုယ်မနိုင်တော့တဲ့ အချိန်…
    အိုဆင်းရဲဆင်းရဲတာ အလွန်ကြောက်ဖို့ ကောင်းပါတယ်… လူရှင်ငရဲခန်းပါ…
    ကိုယ့်ပြည်သားကို လူလို့မှ တွက်မထားတဲ့ အစိုးရကို သူတို့တာဝန်လို့ထောက်ပြရင်…
    လူလိုနားမလည်တဲ့ ဘောင်းဘီချွတ်တွေက ဟားတိုက်တောင် ရယ်ပြလိုက်ဦးမယ်…
    အဲသည့်တော့… သူ့တာဝန် ကိုယ့်တာဝန် နောက်ထားလို့…
    တတ်နိုင်သမျှ ကူညီ လှုဒါန်းကြဖို့ ဦးကျောက်ခဲက ကမကထ ပြုပါမည့် အကြောင်း….

    Reply

    • မွသဲ ( 17082011 )

      October 16, 2014 at 3:11 pm

      အီသို့ပြုရသော အကျိုးအားကြောင့် မိဘကိုလုပ်ကျွေးသော စောင့်ရှောက်သော သားသမီးရတနာများ အများကြီးပိုင်ဆိုင်နိုင်ပါဇီတော်

      Reply

      • ကေဇီ

        October 16, 2014 at 3:13 pm

        သများ ကိုကိုကျောက် ပင်ပန်းတော့မှာပဲနော်။
        ကလေးတွေ ထိန်းရလို့ ပြောတာပါ။

        :k:

        Reply

        • မွသဲ ( 17082011 )

          October 16, 2014 at 5:43 pm

          :mrgreen:

      • ဦးကျောက်ခဲ

        October 21, 2014 at 6:59 pm

        မိဘကို လုပ်မကျွေးလည်းနေပါ… ဒွတ်ခမပေးရင် ကြေနပ်ပါပြီ…
        သားသမီးရတနာကတော့ တစ်ကောင်ချင်းပဲလာပါလို့… အဟိ
        :k:

        Reply

        • မွသဲ ( 17082011 )

          October 22, 2014 at 12:18 pm

          ဖေဖေရီးအသကြ်ကီးမှဆိုပင်ပန်းမစ်ုးလို့ တခါတည်းခြောက်မွှာပူးမယ်ဆိုလား :mrgreen:

  • padonmar

    October 17, 2014 at 9:32 pm

    လှူလည်းလှူမယ်။လုပ်အားလည်း လိုက်ပေးမယ်နော်။

    Reply

    • မွသဲ ( 17082011 )

      October 18, 2014 at 9:11 am

      ဟုတ်အန်တီဒုံ အောာ်မေ့ဂိုဏ်းကလဲ မပါမဖြစ်ပါ

      Reply

  • Ma Ei

    October 20, 2014 at 2:43 pm

    သဲရေ…
    စုပေါင်း အလှူ မှာ ပါဝင်လှူ ဒါန်းပါမယ်နော်…

    Reply

    • မွသဲ ( 17082011 )

      October 21, 2014 at 6:00 pm

      ဟုတ်မွအိရေ

      Reply

  • Ma Ma

    October 21, 2014 at 9:51 pm

    အွန်လိုင်းသိပ်မတက်ဖြစ်လို့ မသဲပိုစ့်ကို ခုမှဖတ်ဖြစ်တယ်။
    လှူ သင့်တဲ့နေရာပါပဲ။
    စည်းစည်းလုံးလုံးနဲ့ ရွာသူားတွေ အားလုံးဝိုင်းကြတာပေ့ါ။
    🙂

    Reply

    • မွသဲ ( 17082011 )

      October 22, 2014 at 12:17 pm

      ဟုတ်ကဲ့ပါ မမရေ အော်မေ့ဂိုဏ်းအင်အားလဲလိုပါတယ်

      Reply

  • Mr. MarGa

    October 22, 2014 at 1:11 pm

    တွေးကြည့်နေမိကြောင်းးးးးးးးးးး

    Reply

    • မွသဲ ( 17082011 )

      October 22, 2014 at 5:32 pm

      ငါအိုသွားသောအခါလား

      Reply

Leave a Reply

Your email address will not be published.