နေတစ်စင်းနှင့် လမင်း၏ရင်ခွင်

စဆရ ႀကီးOctober 12, 20141min08

နေတစ်စင်း
သူ့ချည်းပဲထွန်းလင်းနေလိုက်တာ
သတ္တလောကကြီး ထိန်ထိန်ညီးလို့
အလျှံအဝါတွေတောက်ပ
ကွယ်..
သူ့ချည်းသာလော။

အလင်းတွေဆောင်
အပူတွေဖြန့်ဝေလို့
ဒီမြေကမ္ဘာကြီး လှုပ်ရှားသက်ဝင်စေလို့
ကွယ်..
သူ့ကြောင့်ချည်းလော။

တစ်ချိူ့များသူ့ကြောင့်ကြွေ
တစ်ချို့ကသူ့ကြောင့်ဝေလို့
သူမရှိရင်ပဲ
လူတွေခမျာ နေရေးနဲ့ သေရေးခက်သလိုလို
ကွယ်..
သူမရှိရင် တစ်နေ့မရှိသလော။

အမှောင်ကိုဆောင်ကျဉ်း
တစ်နေ့တာ အပူတွေငြိမ်းစေတော့မှ
လမင်းရယ် ထွန်းလင်းပေလို့
လူသားတွေ အနားရယ်ယူလို့
သက်ရှိတွေ အိပ်တန်းဝင်လို့

လတစ်စင်းရဲ့ပွေ့ဖက်ခြင်းမှာ
ငါတို့တစ်တွေ
အိပ်စက်ပျော်လို့

သူ့ချည်းရယ်နဲ့မှ မပြည့်စုံပေတာလို့။

8 comments

  • ဦးကြောင်ကြီး

    October 12, 2014 at 1:28 pm

    ကြွေလင့်ပန်း
    နေနှင့်စမ်း
    ရွှေဖြင့်ဖျန်း
    ငွေတင့်လန်း..

    Reply

  • ခင် ခ

    October 12, 2014 at 7:01 pm

    နေ လ နှစ်ဖြာ
    လင်းမယားပါဗျ
    သူမရှိ ကိုယ်မဖြစ်
    ကိုယ်မရှိ သူမဖြစ်
    ဒါလောက သဘာဝအစစ်။

    Reply

  • kyeemite

    October 13, 2014 at 9:15 am

    .ဂွတ်ပိုအမ်

    Reply

  • အလင်းဆက်

    October 13, 2014 at 11:56 am

    ကျေးဇူးပြုပြီး..အလင်းပေးပါ…
    အပူတော့ မတိုက်ပါနဲ့…

    (တာရာမင်းဝေ)

    ———–
    ဘာရယ် မဟုတ်..
    အဲဒီ စာသားလေးကို သတိရသွားလို့ပါ.. ။

    😆

    Reply

  • pooch

    October 13, 2014 at 2:29 pm

    တကယ်ဆို လူသားတွေအတွက် နေရောလရော ၂ မျိုးလုံး လိုအပ်တယ် သူ့အချိန်နဲ့သူပေါ့

    Reply

    • ကေဇီ

      October 13, 2014 at 2:32 pm

      ဘာတဲ့ !!
      ချစ်သူ ကို လရောင်အောက်မှာရှာပြီး
      အိမ်ထောင်ဖက်ကို နေရောင်အောက်မှာရှာပါတို့ ဘာတို့ ကြားဖူးသားးး
      :k:

      Reply

      • မဟာရာဇာ အံစာတုံး

        October 13, 2014 at 2:37 pm

        ဒါက သူ့နေရာသူ ထားတဲ့ အကြောင်းပေါ့နော် ..
        ဟို အပေါ်က ဂျီးဒေါ်ပုချ် ပြောထားတဲ့ သူ့အချိန်နဲ့သူပေါ့ ဆိုရင် ..
        ချစ်သူ ကို ဘယ်အချိန်မှာ ဘယ်လို ထားပြီး ..
        အိမ်ဒေါင်ဖက်ကို ဘယ်အချိန်မှာ ဘယ်လို ထားဒါဒုံးငင်င်င် … :mrgreenn:

        Reply

        • ကေဇီ

          October 13, 2014 at 2:39 pm

          အာ့ကျ ဗျောင်းဗြန် ဖြစ်သွားဘီ။
          ဘယ်လိုတုန်း ဆက်မမေးနဲ့ ။
          ပြေးဘီ။
          ဝှစ်!!!

          :mrgreenn:

Leave a Reply

Your email address will not be published.