အရိပ်အသွင်

ကာရံOctober 7, 20141min03

အရိပ်အသွင်

ငါ၏စိတ်အစဉ် အရိပ်အသွင်ဖြစ်ဖန်ဆင်း
နွယ်လိုရစ်ပတ်ရင်း အမြစ်တွယ်ခဲ့သည်
ထိန်းထားခဲ့ပါသည် ဖိတ်ကျသွားတဲ့
ချစ်ရေစဉ်လေးက အေးမြစေသလားတဲ့
နွေးထွေးတာပေါ့ မေတ္တာဆိုသော အရိပ်အောက်မှာ
မင်းနဲ့ငါ ရပ်တည်နေလို့လေ

မိုးစက်များခြွေကာကျလာတယ် ဒါပေမယ့်
သူတို့မြေမခသေးခင်လေး ပန်းကလေးများ
အလွမ်းပြေသောက်သုံးရင်း ရနံ့လေး
မွေးဖွားကြပြန်သေးတယ်

အဖူးအငုံ ပွင့်ဖတ်စုံပါလျှက်ကယ်နဲ့
လမ်းနံဘေးက ရပ်တည်သူမို့
ငြိုးငယ်နေသယောင် ဒါကိုကြင်သူမသိပါဘူးလေ

တန်ဖိုးဆိုတာ သိသူထက် ထိုက်သူက စံရတာလား
ထိုက်သူထက် သိသူက ပန်ရတာလား
အဖန်တစ်ရာအတွေးများထဲမှာ မင်းနဲ့ငါ ရပ်တည်ချက်က
နားလည်မှုလေးပါ

ကာရံ ရ ့၁ဝ ့၂၀၁၄

3 comments

  • မြစပဲရိုး

    October 8, 2014 at 7:07 pm

    ဖူးစာ ကတော့ ဦးရာ လို့ ပြောကြတာဘဲ။
    မသိ။ :))

    Reply

  • ကာရံ

    October 13, 2014 at 11:32 pm

    ဟုတ်တာပေါ့ဖူးစာဆိုတာ ဦးရာသူပါ ဒါပေမယ့် ထူးမလာတဲ့ဖူးစာဆိုရင် ဦးရာသူလည်း ရူးလို့မူးနောက်နောက်ဖြစ်မယ်ထင်ပ အဟိ

    Reply

Leave a Reply

Your email address will not be published.