ခိုတောင်က ဟိုကောင်တွေ

Burmese RoseOctober 7, 20141min010

kohtao

ဒီမြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးမှာ လုံးဝအပြစ်မရှိဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဒီအမှုကို ဥပဒေဘောင်ထဲကအတိုင်း သက်သေခိုင်ခိုင်လုံလုံနဲ့ တရားမျှတစွာ စစ်ဆေးစေချင်တာပါ။ တရားခံနှစ်ဦးက မြန်မာနိုုင်ငံသားတွေမို့လို့ အပြစ်ကင်းရှင်းတယ်လို့ ယုံကြည်တာမဟုတ်ပါဘူး။ ဘာသက်သေအထောက်အထားမှ မရှိခင်ကတည်းက မြန်မာလုပ်သားတွေဘက်ကို လက်ညှိုးထိုးချင်တာရယ်၊ သတင်းစထွက်ထွက်ချင်းကတည်းက မြန်မာနိုင်ငံသားပါဆိုတာကို အလေးပေးပြီးရေးတာရယ်၊ အပြစ်ကို ဝန်ခံတဲ့ သူနှစ်ဦးလုံးက ရှေ့နေတောင်ငှားဖို့စိတ်ကူးမရှိဘူး ဆိုတာကြောင့် ဖတ်ဖတ်ချင်း စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်ခံယူချက်ပဲရှိသေးတာပါ။ နောက်တော့ သက်သေပစ္စည်းတွေ၊ ထွက်ဆိုချက်တွေမှာ ရှေ့နောက်မညီတာတွေကို တွေ့ရတော့ ကိုယ်ထင်တဲ့အတိုင်းပဲ ဒီမြန်မာလေးနှစ်ယောက်ကို ခြိမ်းခြောက်ပြီးတော့၊ ဒါမှမဟုတ် မက်လုံးပေးပြီးတော့ (အမှုကို ဝန်ခံပေးရင် မိသားစုကို ထောက်ပံမယ်ဆိုတာမျိုး) ဝန်ခံစေတာမျိုးဖြစ်မလားလို့ တွေးမိလိုက်တယ်။ (သတင်းတွေဖတ်ရတာတော့ အားလုံးက ခြိမ်းခြောက်တယ်လို့ပဲ မှန်းနေကြပါတယ်။ ခိုတောင်ကျွန်းမှာ မြန်မာလုပ်သားတွေနဲ့ ထိုင်းရဲတွေ အဆင်မပြေတဲ့အကြောင်းကလည်း ရှိတော့။)

အားတက်စရာတစ်ခုကတော့ ဒီကိစ္စကို မြန်မာတွေကပဲ အင်တာနက်ပေါ်မှာ ပို့စ်တွေ၊ ကွန်မန့်တွေ ရေးနေကြတာ မဟုတ်ပါဘူး။ ဗြိတိန်ကလည်း ဒီအမှုကို မျှမျှတတ ဖြေရှင်းပြီးဖို့ ယိုးဒယားကို ဖိအားပေးနေပါတယ်။ Change.orgမှာ တင်ထားတဲ့ ယိုးဒယားက ဗြိတိန်သံအမတ်ကို ဒီအမှုကို တရားမျှတမှုရှိအောင် သီးသန့်စစ်ဆေးပါဆိုတဲ့ အဆိုကို ထောက်ခံလက်မှတ်ထိုးသူပေါင်းလည်း ၃၈၀၀ဝကျော်သွားပါပြီ။

ဒီအဆိုကို စပြီးတော့ တင်ထားတဲ့ Christopher Harkinsက ထိုင်းကရဲတွေလက်ထဲမှာ မြန်မာလုပ်သားတွေဟာ လွယ်လွယ်ကူကူပဲ ဓားစာခံ အလုပ်ခံရတတ်ပါတယ်တဲ့။ ခိုတောင်ကျွန်းပေါ်မှာ အလုပ်လုပ်ဖို့ကိုတောင် လစဉ်မှန်မှန် ရဲတွေကို ဆက်ကြေးပေးနေရတယ် ဆိုတော့ အပြစ်အားလုံးကို ခေါင်းပေါ်ပုံချဖို့ မြန်မာလုပ်သားနှစ်ဦးကို ရှာရတာဘယ်လောက်လွယ်မလဲ။

အမှန်တရားကိုပဲလိုချင်တာပါ။

ဒီမြန်မာလူငယ်နှစ်ဦးသာ လူသတ်သမားမှန်ရင် ခိုင်လုံတဲ့ အထောက်အထားနဲ့ပြပါ။ ဝမ်းနည်းပေမယ့် လက်ခံကြမှာပါ။ အခုလို သက်သေခိုုင်လုံမှုမရှိပဲ တွေ့တဲ့သူကိုဖမ်း၊ မဝန်ခံမချင်း နှိပ်စက်ဆိုရင်တော့ ဘယ်သူမှ လက်မခံနိုင်ပါဘူး။

 

10 comments

  • Burmese Rose

    October 7, 2014 at 1:35 pm

    ဖေ့စ်ဘွတ်ပေါ်မှာ ဒီသတင်းတွေပဲပွနေလို့ စိတ်ထဲရှိတာကို ရေးလိုက်ပါတယ်။ ပထမဆုံး ပို့စ်မှာ အမှားပါရင် ခွေးလွှတ်ကြဘာချင့်

    Reply

  • kai

    October 7, 2014 at 2:00 pm

    ဒါဖတ်ကြည့်ပြီး.. မြန်မာပြည်အနောက်ဖက်ကနေ.. ခိုးဝင်နေတဲ့.. ဘင်္ဂလီတွေဘဝ.. တွေးကြည့်ရနိုင်ကောင်းတယ်..။
    ၁သန်းလောက်ရှိတယ်ထား…။
    မြန်မာတွေ..ထိုင်းဖက်အလုပ်သွားလုပ်နေတာက.. ၂သန်းကနေ.. ၃သန်းမကရှိတယ်..။
    ကိုယ်ချင်းစာစရာ…။

    ဒါပေမယ့်.. ယူအက်စ်လိုဒီမိုကရေစီထိပ်တန်းနိုင်ငံမှာတောင်.. ခိုးဝင်သူတွေအတွက်ဆို…အခွင့်အရေးတွေအကုန်ဘေးချိပ်… ဥပဒေကအကာအကွယ်မရှိ..။

    ဆိုတော့…
    တရားမျှတမှုမှာ.. ပိုက်ဆံလိုပါတယ်..။
    ရှေ့နေဖိုးပေါ့…။
    ဘယ်သူပေးမလည်း…..။

    ဒါမှမဟုတ်… ထိုင်းအစိုးရအပေါ်.. ပြောနိုင်ပါဝါရှိတဲ့.. ယူအက်စ်ကဝင်ပါရင်တော့.. တမျိုးပေါ့…။
    အဲဒီဇတ်လမ်းကို.. စီအန်အန်ကိုသတင်းပေး.. ဟောလိဝုဒ်ရောင်းစားလို့ရအောင်.. ဇတ်ညွှန်းနိုင်တဲ့သူရှိရင်..အကောင်းသား..။

    လူသိများအောင်သာ… လုပ်ကြစို့…။ :i:

    Reply

  • kyeemite

    October 7, 2014 at 3:14 pm

    .မနှင်းဆီ…မနှင်းဆီ…မနှင်းဆီရေ ♫♪♫

    Reply

    • kai

      October 7, 2014 at 4:23 pm

      မီဒီယာအနေနဲ့ လက်မှတ်ထိုးပေးလိုက်ပြီဗျို့..။
      ဖေ့စ်ဘုတ်မှာလည်း.. ရှယ်လိုက်တယ်..။

      ပိုက်ပိုက်ကတော့.. ကရက်ဒစ်ကဒ်နံပါတ်တောင်းနေသမို့.. မလှူသေး..။
      paypal နဲ့ဆိုရင်တော့.. လှူလိုက်မယ်..။ :k:

      Reply

    • Burmese Rose

      October 8, 2014 at 10:43 am

      လင့်ခ်ကို နောက်ဆုံးမှာ ကော်ပီပြီးထည့်လိုက်မယ်လို့ စဉ်းစားပြီး တကယ်တမ်းတင်လိုက်တော့ မေ့ကျန်ခဲ့တယ်။ ကျေးဇူးပါနော် တောင်ပေါ်သား 😀

      လက်မှတ်ထိုးသူတွေကတော့ ၄၅၀၀ဝ ရှိပါပြီ။ ဗြိတိန်အစိုးရက ဘယ်လိုတုန့်ပြန်မလဲတော့ မသိသေးပါဘူး။

      Reply

  • မြစပဲရိုး

    October 8, 2014 at 7:31 pm

    Sign လုပ်ပြီး။ Facebook မှာလဲ မျှပြီး ကြောင်းပါ။
    တရားမျှတမှု ကိုဘဲ လိုပါတယ်။
    တကယ်ကျူးး လွန်သူ ဘဲ အပြစ်ကျသင့်တာပေါ့။
    ဒါပေမဲ့ လောကကြီး ထဲ ဒီလိုဘဲ အမှန်တရား ပျောက်နေတာတွေ များနေမှတော့ ….. 🙄
    ကိုယ့်တိုင်းပြည်ထဲ တောင် ရေတွက်လို့ မဆုံးနိုင်တဲ့ မတရားမှု တွေ အပြည့် ကို လည်စင်းခံ နေကြရတာ။

    Reply

  • Burmese Rose

    October 9, 2014 at 1:58 pm

    စည်းမျဉ်းတွေကို သေချာမဖတ်ပဲ တင်ချင်တာပဲ သိပြီးစွတ်တင်လိုက်တာ တင်ပြီးမှ ကော်ပီပေ့စ်ထဲ ရောက်နေမှန်းသိလိုက်တယ်။ တင်ပြီးတော့ ကိုယ့်ပို့စ်လေး တက်လာနိုး တက်လာနိုးနဲ့ refresh လုပ်လိုက်ရတာလဲ အမော။ ပြီးတော့မှ ကော်ပီပေ့စ်ဆို ရှေ့စာမျက်နှာမှာ မပေါ်မှန်းသိတော့ ဝမ်းနည်းပက်လက်။ ခုလေးတင်ပဲ ပို့စ်တစ်ခုတင်ပြီး ရှေ့စာမျက်နှာမှာ ဒီကိုလာကြည့်တော့ news category ထဲရောက်နေတယ်။ ဘယ်သူပြောင်းပေးလိုက်လဲဆိုတာ မသိလို့ ဒီကနေပဲ ကျေးဇူးများကြီးတင်ပါတယ်လို့ :hee

    Reply

    • kai

      October 9, 2014 at 2:13 pm

      မော်မော်(မော်ဒရိတ်တာ)တွေနေမှာပေါ့…
      သိပ်အားကိုးရ…။ :k:

      Reply

Leave a Reply

Your email address will not be published.