အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်ပူးမှု ဖြစ်စဉ်

Yin Nyine NwayAugust 17, 20101min01

အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ် ပူးမှုဖြစ်စဉ် လာမည့်ဩဂုတ်လ ၂၄ ရက်နေ့နှင့် စက်တင်ဘာလ ၂၉ ရက် နေ့ တို့၌ ဖြစ်ပေါ်ရန်ရှိကာ ပထမ အကြိမ် ဂြိုဟ်ပူးမှုဖြစ်စဉ်တွင် အင်္ဂါဂြိုဟ်မှာ သောကြာဂြိုဟ်ထက် အလင်းအားကောင်းသည့် အနေအထား သို့ရောက်ရှိနိုင်ကြောင်း နက္ခတ်သိပ္ပံ အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောပါသည်။
အဆိုပါ ဂြိုဟ်နှစ်လုံးပူးမှုသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင်အနည်းဆုံး တစ်ကြိမ်ပူးလေ့ရှိပြီး ယခုဖြစ်ပေါ်ရန်ရှိသည့် ဖြစ်စဉ်ကဲ့သို့ နှစ်လဆက်တိုက် ဂြိုဟ်ပူးမှုများမှာမူ ၁၉၀ဝ ပြည့်နှစ် မှ ၁၉၉၁ ခုနှစ်အတွင်း ခုနစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ယခုဖြစ်ပေါ်မည့် ဂြိုဟ်ပူးမှုဖြစ်စဉ် နှစ်ခုအနက် ပထမအကြိမ် ဂြိုဟ်ပူးမှုဖြစ်စဉ် ဖြစ်သည့် ကန်ရာသီခွင်ဖြစ်သော ဩဂုတ်လ ၂၄ ရက်နေ့ တွင် မြန်မာစံတော်ချိန် နံနက် ၃ နာရီ ၂၃ မိနစ်၌ အနောက်လောင်ဂျီတွဒ် ၁၂၁ ဒီဂရီဝန်းကျင်နှင့် တောင်လတီ္တတွဒ် ၂၁ ဒီဂရီဝန်းကျင်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းဂြိုဟ်ပူးမှုဖြစ်စဉ် ဖြစ်ပေါ်နေခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်မရနိုင်ဘဲ ဂြိုဟ်မပူးခင်ကာလ ဂြိုဟ်နှစ်လုံးနီးကပ်ချိန် ဖြစ်သော ဩဂုတ်လ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃ဝ မိနစ်မှည ၈ နာရီ ၃ဝ မိနစ်၌ အနောက်ဘက်မိုးကောင်းကင်တွင် အင်္ဂါဂြိုဟ်အား သောကြာဂြိုဟ်၏ အထက်နားတွင် သောကြာဂြိုဟ်ထက် အလင်းအား ပိုမိုတောက်ပစွာ မြင်တွေ့နိုင်ကြောင်း သိရှိရသည်။
ဒုတိယအကြိမ် ဂြိုဟ်ပူးမှုဖြစ်စဉ်မှာမူ စက်တင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၉ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်း သိရှိရသည်။

သို့ရာတွင် ဂြိုဟ်ပူးပြီး ပြန်ခွာချိန်ဖြစ်သော အဆိုပါနေ့ညနေ ၆ နာရီ ၃ဝ မိနစ်မှ ရ နာရီ ၃ဝ မိနစ်အတွင်း အနောက်ဘက် မိုးကောင်းကင်ကို ကြည့်မည်ဆိုပါက အင်္ဂါဂြိုဟ်အား သောကြာဂြိုဟ်၏ အထက်နားတွင် အင်္ဂါဂြိုဟ်ထက်ပိုမို အားကောင်းစွာ မြင်တွေ့နိုင်ကြောင်း သိရသည်။ ယင်းဂြိုဟ်ပူးမှုသည် တူရာသီခွင်အတွင်း ဖြစ်ပေါ်မည်ဖြစ်ကာ အရှေ့လောင်ဂျီတွဒ် ၅၆ ဒီဂရီဝန်းကျင်နှင့် တောင်လတီ္တတွဒ် ၁၅ ဒီဂရီ ဝန်းကျင်တွင် ဖြစ်ပေါ်မည်ဖြစ်ပြီး ဂြိုဟ်ပူးမှုဖြစ်စဉ် ဖြစ်ပေါ်ပြီး နှစ်လအတွင်း သောကြာနေ့တွင် မွေးဖွားသည့် မကာရလဂ်နှင့် ဓနုလဂ်ပိုင်ရှင်များ၏ ငွေကြေးကံမှာ ထူးခြား ကံကောင်းနိုင်ကြောင်း သိရှိရပါသည်။

<br>

One comment

  • sususan

    August 17, 2010 at 9:28 am

    မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်း သိရှိရသည်။ ဆိုပါလား

    Reply

Leave a Reply

Your email address will not be published.