“ပေါင်မုန့်ထောပတ်သုတ် ´´

ခင္ခSeptember 29, 20141min023

“ပေါင်မုန့်ထောပတ်သုတ် ´´

 

ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အရှေ့ဘက်လှည့်ဆောက်ထားတဲ့အိမ်မို့ အိမ်ရှေ့ခန်းမှန်ပြူတင်းပေါက် ဆီကို အလင်းဖျော့ဖျော့ နေရောင်ခြည်မရောက်တရောက်လေး အလင်းထိုးဖောက်နေတဲ့ မနက်စောစော အချိန် လေးပေါ့၊ အဲဒီအိမ်ရှေ့အခန်းတွင်းမှာတော့ ထမင်းစားပွဲအတော်အတင့်လေးနဲ့ ထမင်းစားခုံလေး ၄ လုံး ပတ်လည်ရှိနေပြီး ထမင်းစားပွဲပေါ်မှာတော့ အသင့်ဇျော်ပြီထားတဲ့ကော်ဖီနှစ်ခွက်နဲ့ ပေါင်မုန့်ထောပတ်သုတ်ထဲ့ ထားတဲ့ ပုဂံလေးနှစ်ခု ရေနွေးကြမ်းခွက်ကလေးတစ်ခုနဲ့ ရေနွေးခရားအိုးလေးကို ပလပ်စတစ်အနီရောင်အုပ် စောင်းလေး သပ်ယပ်စွာအုပ်ထားတယ်လေ။ ထိုအနီးနားက အသက်အရွယ်အားဖြင့် ပါးရည်တွေလျော့ရဲ မတင်း မရင်းတော့တဲ့အသားအရည်နဲ့ ဇရာအို အဖွားတစ်ယောက်ဟာ ပြူတင်းပေါက်ဆီကို စားပွဲနားကနေ လှမ်းလာပြီး အဲဒီ ပြူတင်းပေါက်မှန်နောက်ကနေ ပြင်ပပတ်ဝန်းကျင်ကိုကြည့်ကာ ပြူတင်းပေါက်မှန်တံခါးကို တွန်းဖွင့်ကာ မနက် စောစောအပြင်က တိုက်ခတ်တိုးဝင်လာတဲ့ လေနုအေးလေးက သူ့မျက်နှာကိုထိတွေ့တိုက်ခတ်လိုက် တော့ ကျေနပ်သွားသလို မျက်နှာလေးအဖြစ် ဖြစ်တည်ရင်း ပြင်ပပတ်ဝန်းကျင်ကို ငေးကြည့်ကာ စိတ်အစဉ်က အတိတ်ဆီကို ပျံလွင့်ခဲ့လေသည်။

” ကို ကလည်းစောင့်လိုက်ရတာ ”

” ဟုတ်တယ် ဘိုမ ရေ၊ ဘတ်စ်ကားက ဒီနေ့မှ စောင့်လိုက်ရတာ၊ လမ်းမှာလည်း ရပ်လိုက်ရင် အကြာကြီးမို့ ”

” ဘိုမ က ကို စောရောက်နေရင် စောင့်နေရမှာစိုးလို့ အဆောင်ကနေ နည်းနည်းစောထွက်လာတာ ကို ဘာစား မှာလဲ ကော်ဖီနဲ့ပေါင်မုန့်ထောပတ်သုတ်ဘဲလား ဘိုမ မှာလိုက်မယ် ”

” အင်း အဲဒါဘဲစားမယ်၊ ဘိုမ ကော ”

” ဘိုမ အတွက် ပေါင်မုန့်ထောပတ်သုတ်မှာထားတယ် ”

အဲဒီလို ရည်စားမဖြစ်ခင်ကထဲ အတူတူအကြိုက်ညီတဲ့ ပေါင်မုန့်ထောပတ်သုတ်နဲ့ ကော်ဖီကို ဒီနေ့ မှတ်မှတ်ရရ မနက်စာကို ပြင်ဆင်ထားတာပေါ့။

ဆောင်းတွင်းကာလ တစ်ခုသောညချမ်းချိန်မှာတော့ ဘိုမ တို့အဆောင်ရှိတဲ့ ၆မိုင်ခွဲက ရွှေဟင်္သာလမ်းဆီမှာ ကောင်းလေးတစ်စုဆီက ဂီတာသံနဲ့အတူ

xxxx တစ်ချိန်ချိန်မှာ တစ်ခုခု xx မင်းဆီကကြားရလိမ့်မယ်လို့ မျှော်လင့်နေတုန်းဘဲ xx မျှော်လင့်နေတုန်းဘဲ ဘိုမ ရယ် xxxxx အချိန်တွေကုန်သွားလဲ အသဲမှ တစ်ယောက်ထဲနစ် ချစ်နေတုန်း xx ယုံကြည်ချက် ရှိတုန်းဘဲ ယုံကြည်ချက် ရှိတုန်းဘဲ ဘိုမ ရယ် xxx ဘာသာမတူတဲ့အကြောင်း မင်းကိုသူတို့ နားချကြမှာဘဲ xxx ဒါတွေ မဆိုင်ဘူးနော် ဒါတွေမဆိုင်ဘူးနော် ဘိုမရယ် xxxxx ဘာသာမတူလို့ မင်းနဲ့ငါ မချစ် ရတော့ဘူးလား xxx သဘော ပေါက်အောင် သူတို့ကို ဒို့ ….ဘယ်လိုရှင်း xxxx ဘယ်လိုရှင်း ပြရမှာလဲ xxxx မင်းနဲ့ ငါ သိပ်ချစ်တယ် xxxx မင်း နဲ့ ငါသိပ် ချစ်တယ် xx မင်းနဲ့ ငါ သိပ်ချစ်တယ် xxxx မင်း နဲ့ ငါသိပ် ချစ်တယ် ဒို့သိပ်ချစ်ကြတယ် လေ xxxxxxx

အဲဒီနေ့ညက ဘိုမ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး အတွေးတွေထဲမှာ သူ ရုပ်ရည် သူ အမူအရာ သူ ချစ်ရေးဆိုထားပြီး အဖြေပေးဖို့တောင်းနေဟန်ု တွေကိုပြန်ပြီး မြင်ယောင်ခဲ့ပြီး နောက်နေ့ညနေ အင်ယားက အကြော်ဆိုင်မှာ အကြော်စားကြရင်း……..

” ညက ကို ဆိုခဲ့တဲ့ သီချင်းလေးကို တိုးတိုးလေး ပြန်ဆိုပြပါလား ”

” ဘာလို့လဲ ဘေးဝိုင်းမှာလည်း လူတွေနဲ့ဉ္စာ ”

” အဲဒါကြောင့် တိုးတိုးလေး ဆိုပြခိုင်းတာပေါ့ လုပ်ပါ ဘိုမ ပြန်နားထောင်ချင်လို့ပါဆို ”

နုတ်ခမ်းလေးဆူကာ မူမိတော့ သူတိုးတိုးလေး သီချင်းဆိုပြနေရာက သီချင်းရဲ့ အဲဒီစာပုဒ် အဆုံးမှာတော့

xxx ဘာသာမတူလို့ မင်းနဲ့ငါ မချစ် ရတော့ဘူးလား xxx သဘော ပေါက်အောင် သူတို့ကို ဒို့ ….ဘယ်လိုရှင်း xxxx ဘယ်လိုရှင်း ပြရမှာလဲ xxxx မင်းနဲ့ ငါ သိပ်ချစ်တယ် xxxx မင်း နဲ့ ငါသိပ် ချစ်တယ် xx မင်းနဲ့ ငါ သိပ်ချစ်တယ် xxxx မင်း နဲ့ ငါသိပ် ချစ်တယ် ဒို့ ……သိပ်ချစ်ကြတယ် လေ xxxxxxx

” ဘိုမ ကို … ကို အရမ်းချစ်တယ် သိလား ”

လို့အဖြေကို နုတ်ကဖွင့်ပြောဖြစ်လိုက်တယ်ဆိုရင်ဘဲ သူ တစ်ယောက်ရဲ့ မျက်နှာမှာ ဝမ်းသာရိပ်တွေသန်း သွားပြီး

” အင်းယားရေပြင်ကြီရေ ကျုပ်နဲ့ဘိုမ ချစ်သူတွေဖြစ်သွားကြတာကို အသိအမှတ်ပြုပါလော့ ” လို့အော်လိုက် တာကို ရှက်သလိုလိုနဲ့ သူ လက်မောင်းကို ဖွဖွလေးထုခဲ့မိတာကို ပြန်မြင်ယောင်မိတယ်လေ။

တက္ကသိုလ်ကျောင်းပြီးတော့ ဘိုမ ဥက္ကံအိမ်ကို သူတစ်ယောက် ချောင်းပေါက်မတက် ရန်ကုန်-တိုက်ကြီး/ဥက္ကံ ကားစီးပြီး တနင်္ဂနွေဆို ဘိုမ တို့ဘုရားကျောင်းဆင်းချိန်ကိုမှန်းပြီး လာတွေ့တတ်တယ်၊ တစ်ခါတလေ သူ အလုပ်မအားလို့ မလာဖြစ်တဲ့ အပတ်တွေဆို ဘာမှန်းမသိ ရင်ထဲမှာ ဟာတာသာလို ဖြစ်ခဲ့ရတယ်လေ၊ နောက် ဘိုမ ကို သူလက်ထပ်ယူပါရစေလို့ အဖကိုပြောပြီး ဖူးစာကံအကြောင်းက သူနဲ့ဘဲ ပေါင်းဖက်ဖို့ပါလာတယ်နဲ့ တူပါတယ် သူနဲ့အကြောင်းပါ ပေါင်းဖက်ခဲ့ကြပြီး သူရှိရာ ရန်ကုန် ကို ဘိုမ ပြောင်းရွှေ့ရောက်ခဲ့လို့ မြောက်ဒဂုံ မှာအခုလို အိမ်လေးဆောက်က ဘိုမ တို့ဘဝ စခဲ့ကြရတာပေါ့။ သူ အလုပ်သွားတဲ့အခါ ဘိုမက စက်ချုပ်တတ် လို့ ကိုယ့်အိုးမကွာ အိမ်မကွာ အရပ်ထဲက အပ်ထည်လေးတွေချုပ်ရင်း မပျင်းခဲ့ဘူးလေ။ နောက်တော့ သားလေး ဘိုမတို့ဘဝထဲရောက်လာတယ် ဟော နောက်ထပ် သမီးလေးရောက်လာတော့ ကလေးတွေ အလုပ်ဝေယျာဝစ္စနဲ့ စာသင်တဲ့ကိစ္စ စက်ချုပ်တဲ့အလုပ် မလုပ်ဖြစ်တော့ပေမယ့် မပျင်းခဲ့ဘူးလေ။ ကလေးတွေ ဘိုမ တို့ဘဝထဲရောက်လာတော့ အရင်က ” ကို ” နဲ့ ” ဘိုမ ” အပြန်အလှန်ခေါ်နေရာက ” အဖေကြီး” ” အမေ ကြီး ” ဒီလိုနဲ့ နှစ်တွေ ကလည်း ကုန်မြန်လွန်းလှပြီး သားကြီး နဲ့ သမီးကြီးတို့ အိမ်ထောင်အသီးပြုခဲ့ကာ ဒီအိမ် လေးက ထွက်ခွာသွား ကြတော့ သားနဲ့သမီးရှိတုန်းက ဘိုမ ဘုရားကျောင်းသွားရင် သမီးကအဖော်လိုက်ခဲ့ပေ မယ့်၊ အခုတော့ သူသွားရင်ကိုယ်လိုက် ကိုယ်သွားရင်သူလိုက်နဲ့ ပြန်ဖြစ်ခဲ့ကြတာပါဘဲ။ ဟိုသီချင်းလေးလိုပေါ့။

xxx ဖေဖေရယ် မေမေရယ် ကြင်စတုန်းက စလယ်ဝင်အိုးလေးကိုသုံးစွဲကာ xxxx ထမင်းချက်ပြုတ် စားသောက် လို့နေလာခဲ့ကာ xxx ရက်တွေလတွေ ကုန်လွန်ကာသွားတော့ သားတွေသမီးတွေ အချစ်တွေရယ် တိုးပွားခဲ့ လေတယ် xxxx စလယ်ဝင်ဒီအိုးဟာ လုံလောက်မှုကို မပေးစွမ်းနိုင်တယ် xxx သားတွေ သမီးတွေ အကုန်လုံး စားနိုင်ရေးအတွက် ရည်မှန်းကာအိုးကြီးဝယ် xxxx တစ်ပျော်တပါးရယ်စားလာခဲ့တယ် အဖေအမေမေတ္တာ အသိုက် အမြုံနန်းမှာ xxx အတောင်စုံတဲ့အခါ တစ်လမ်းစီခွဲခွာ ကိုယ်ပိုင်မေတ္တာ လူဘုံမြန်းတာ xxx ဒီတော့မှ အဖိုးအဖွားအဖြစ်နဲ့ စလယ်ဝင်အိုးလေးပြန်သုံးစွဲကာ xxxx မရိုးနိုင်တဲ့ မေတ္တာတွေပါ xxxx စလယ်ဝင်အိုးလေး ဇာတ်လမ်းအစမှ ဇာတ်လမ်းအဆုံးတိုင်ပါ xxxxxxx

ပြူတင်းပေါက်ကနေ အပြင်ကိုငေးရင်း အတိတ်ဆီကို ပြန်တွေးမိနေတဲ့ ဇရာအို အဖွားဟာ အသံလာရာဘက် ကို ပြူတင်းပေါက်ဆီကနေဖယ်ခွာပြီး လှည့်ကြည့်ကာ

” အဖိုးကြီး နိုးလာပြီလား ကျုပ် ဒီနေ့မနက်စာတော့ ပေါင်မုန့်ထောပတ်သုတ်နဲ့ကော်ဖီ ပြင်ထားတယ် စားတော့ မလား ”

” စားကြမယ်လေ ဒီနေ့ကို အမယ်ကြီး ပေါင်မုန့်ထောပတ်သုတ်နဲ့ကော်ဖီ ပြင်ထားမယ်ဆိုတာ ကျုပ်လဲ တွေးထင်ပြီးသားပါ ”

” ဘာဖြစ်လို့ ”

” ဒီနေ့က ကျုုပ်တို့ နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း ရွှေရတုနေ့လေ ”

” အဖိုးကြီး အသက်ခုနှစ်ဆယ်ကျော်ပေမယ့် မမေ့ဘဲကို ”

” အမယ်ကြီးကလည်း မေ့ကောင်းစရာ အတိတ်ရယ်လို့ မမှတ်ယူလေနဲ့ကွယ့် သွေ့ပြောင်းကာနှောင်း နှောင်းပေါ့ဟယ် ”

အဖိုးကြီး အဖွားကြီး နှစ်ယောက်သား မရိုးနိုင်တဲ့မေတ္တာတွေ အချစ်သဒ္ဒါတွေနဲ့ မရိုးနိုင်သော ပေါင်မုန့် ထောပတ်သုတ်နဲ့ ကော်ဖီကို ကြည်နူးစွာစားနေတုန်း………..

တီ ဒေါင် ………. တီ ဒေါင်………… တီ ဒေါင်……………

” အဖိုးကြီး သားကြီးတို့မိသားစု ရောက်လာတယ်”

” အေး ကျုပ် ခြံတံခါး သွားဖွင့်လိုက်အုံးမယ် ”

ဆိုပြီး အဖိုးကြီးက ခြံတံခါးဖွင့်ဖို့အသွား အဖွားကြီးကလည်း နောက်ကလိုက်လာကာ ခြံတံခါးဖွင့်နေစဉ်မှာဘဲ သမီးတို့မိသားစု ဌားစီးလာတဲ့ ကားလည်းခြံဝကိုဆိုက်လာသဖြင့် မကြာမှီမှာဘဲ လူစုံတက်စုံနဲ့ ခြံဝင်းထဲ နှုတ်ဆက်သံ ဆုတောင်းသံတွေနဲ့ ဆူဆူညံညံကာသွားကြလေသတည်း။

 

ဇနီးမောင်နှံများ မင်္ဂလာ ရွှေရတု၊ စိန်ရတု နှစ်များထိတိုင် အိုအောင်မင်းအောင်ပေါင်းသင်းကာ ပျော်ရွှင်ကြပါစေ။

ခင်ခ။

 

( စာကြွင်း – တစ်ချိန်ကနားထောင်ခဲ့ပြီး ကြိုက်နှစ်သက်ခဲ့သော သီချင်းများကို ပြန်လည်ခံစားရေးဖွဲ့ခြင်းသာ ဖြစ်ပါသည် )

23 comments

  • ကေဇီ

    September 29, 2014 at 12:30 pm

    မကြိုက်လို့ တော်သေးးး

    စဉ်းစားလိုက်ရင် 🙄
    ၂ ယောက် ညီတဲ့ အစားအသောက် ဆိုလို့ ကော်ဖီပဲ ရှိမလားမသိ!!

    :k:

    Reply

    • ခင် ခ

      September 29, 2014 at 12:45 pm

      ကော်ဖီကြိုက်ဆိုလို့ မန်းရောက်လာရင် ကော်ဖီဘဲ တိုက်တော့မယ်နော်။

      Reply

      • ကေဇီ

        September 29, 2014 at 1:02 pm

        နန်းကြီးသုပ်လေးတော့ ကျွေးပါအူးး
        :b:

        Reply

  • aye.kk

    September 29, 2014 at 12:35 pm

    လိုက်​ဖက်​တဲ့မုန်​့ရယ်​
    လိုက်​ဖက်​တဲ့ဇရာအို စုံတွဲရယ်​
    ပစ္စုပ္ပန်​တည်​့တည်​့​လေး ​ရေးပြထားတာမို့ အား​ပေးဖတ်​ရှု
    သွားပါတယ်

    Reply

    • ခင် ခ

      September 29, 2014 at 12:48 pm

      ဟုတ်တယ် လိုက်ဖက်တဲ့မုန့်ပါဘဲ
      ကျွန်တော်လည်း အဲလို ကြိုက်တယ်ဗျ။

      Reply

  • လူမျုးိ ဘာသာ

    မတူငြားလည်း

    ချစ်ခင်ပေါင်းဖက်

    နှစ်သက်ရှည်သည်

    အချစ်မည်၏

    Reply

    • ခင် ခ

      September 29, 2014 at 2:12 pm

      ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ်မောင်ရယ်
      ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ်မောင်ရယ်…………… အဲဒီ သီချင်းလိုပေါ့ ကိုပေါက်ရေ။

      Reply

  • Wow

    September 29, 2014 at 1:09 pm

    အနော်လဲ မနက်က ပေါင်မုန့်ထောပတ်သုတ်နဲ့ ကော်ဖီခါးခါးလေး သောက်ထားဒယ်..
    အာ့ လာပြောဒါ :mrgreen:

    Reply

    • ခင် ခ

      September 29, 2014 at 2:16 pm

      ဟုတ် စားလို့ကောင်းတယ်မလား ကျွန်တော်ဆို ပေါင်မုန့်ထောပတ်သုတ်ကို နှစ်ချပ်ဆင့်စားလိုက်ရမှ အားရသလိုပါဘဲလေ။
      ကော်ဖီဆိုရင်ခါးခါး သောက်မိတယ် အဖွဲ့ဝင်ထဲကလားးးးးးးဗျ။

      Reply

      • Wow

        September 29, 2014 at 2:47 pm

        ဟီးးး စားတာတွေ အကုန်ပျောရရင် အကြည်ညိုပျက်ကုန်မယ်စိုးနို့… စားတယ်လို့ပဲ သိထားပါ ခခရယ် 🙄

        Reply

  • Ma Ei

    September 29, 2014 at 1:50 pm

    ကိုခ ပေးသောဆုနှင့် ပြည့်ပါရစေ…
    ပေါင်မုန့်ထောပတ်သုတ် ကလည်း
    ကော်ဖီနဲ့ မှလိုက်တာလေ…

    Reply

    • ခင် ခ

      September 29, 2014 at 2:17 pm

      ” ဇနီးမောင်နှံများ မင်္ဂလာ ရွှေရတု၊ စိန်ရတု နှစ်များထိတိုင် အိုအောင်မင်းအောင်ပေါင်းသင်းကာ ပျော်ရွှင်ကြပါစေ။”
      ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဆုကိုပြည့်ချင်သလို သူများတွေလည်း ပြည့်စေချင်ပါရဲ့ မအိရေ။

      Reply

  • kyeemite

    September 29, 2014 at 2:12 pm

    .♫♪♫ဘာသာမတူတဲ့အကြောင်းပဲ… မင်းကိုသူတို့ နားချကြမှာဘဲ xxx ဒါတွေ မဆိုင်ဘူးနော်…. .ဒါတွေမဆိုင်ဘူးနော် ဘိုမရယ် ♫♪♫
    .ကျုပ်တို့ခေတ်ကသိပ်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပိုင်းတစ်စ ကြားရတော့…
    .ကျုပ်လည်း တက္ကသိုလ်ကျောင်းသားဘဝကို လွမ်းသွားသဗျာ

    Reply

    • ခင် ခ

      September 29, 2014 at 2:19 pm

      ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကိုခိုင်ထူး သီချင်းတွေကို အလွန်ကြိုက်ခဲ့တာလေ ကိုကြီးမိုက်ရေ။ အခုထိလဲ မရိုးနိုင်စဲပါဘဲဗျ။

      Reply

  • kai

    September 29, 2014 at 2:54 pm

    အသက်.. ၇ဝတန်းလောက်မှာ.. ပေါင်မုန့်ထောပါတ်သုတ်.. မနက်စာအဖြစ် ပုံမှန်လောက်စားနိုင်သေးရင်.. ကုသိုလ်မနည်းဖူးပဲ..။
    အင်း.. ကိုလက်စရော.. ကိုလက်စရော..
    ကျုပ်ကတော့.. အခုတောင်သိပ်မစားနိုင်(ရဲ)တော့..
    အနိစ္စ.. :k:

    Reply

  • manawphyulay

    September 29, 2014 at 3:08 pm

    လေးခတို့ ဇနီးမောင်နှံ မင်္ဂလာ ရွှေရတု၊ စိန်ရတု နှစ်များထိတိုင် အိုအောင်မင်းအောင်ပေါင်းသင်းကာ ပျော်ရွှင်ကြပါစေနော်။

    Reply

    • ခင် ခ

      September 29, 2014 at 8:19 pm

      မနှော လဲအဲဒီဆုလေးမျိုးအကျုံးဝင်သွားအောင် လုပ်အုံးလေ

      Reply

  • ဂျက်စပဲရိုး

    September 29, 2014 at 3:10 pm

    တစ်ခါတစ်လေများ ခုလို ကြည်နူးဖွယ် ဘဝသရုပ်ဖော်လေးတွေ ဖတ်ရတာ လွှတ်ကောင်းဗျားးးး
    ဖတ်မိလိုက်ရင် ဘဝသရုပ်ဖော် ဆို ဇာတ်နာမှလို့များ ခံယူထားကြလားတောင် မသိပါဘူး။
    ချစ် ကွဲ ဆွေး/သေ/မုန်း တွေချည်းပဲ ဖတ်နေရတာ စိတ်ကုန်လာပြီ။

    လူ့ဘဝ ဆိုတာ စိတ်ဆင်းရဲ စရာတွေချည်း ပြည့်နေတာမှ မဟုတ်တာလို့

    Reply

    • ကေဇီ

      September 29, 2014 at 3:17 pm

      ဘဝ ဆိုတာ ကိုယ့် အတွက်တော့ စားစရာ တွေချည်းပဲ ပြည့်နေသော အရာ။
      ငိငိ။
      မနက်လင်းကတည်းက စားဖို့ပဲတွေးပြီး
      ပိုက်ဆံကိုလည်း စားဖို့ ရှာနေရတာ။
      အရမ်းသနား စရာ ငါ!!!

      :k:

      Reply

      • ဂျက်စပဲရိုး

        September 29, 2014 at 4:11 pm

        ငှက်ပျောတုံး အစား ငှက်ပျောဖီး ထည့်ပေးလိုက်ရမယ့် ပုံပဲ… 😛

        Reply

        • ခင် ခ

          September 29, 2014 at 8:20 pm

          အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်နော့

  • Crystalline

    September 29, 2014 at 3:39 pm

    Parisian ကပေါင်မုန့်လေးမီးကင်.. ဟိုထောပတ်လေးသုတ်.. အရမ်းကောင်း.. ဘူမှမကျွေးဘူး.. ကွကိုယ်ပဲစားတယ်…. :mrgreenn:

    Reply

    • Wow

      September 29, 2014 at 4:07 pm

      အော် မဂျိုးရယ် စားကြွင်းစားကျန်လေးတော့ ကြောင်ကြွေးရောပေါ့ :mrgreen:

      Reply

Leave a Reply to Ma Ei Cancel Reply

Your email address will not be published.