“ခက်တဲ့လူ ……………”

“ခက်တဲ့လူ ……………”

 

တစ်ခါ တစ်ခါ

ရှင်တော်တော်

အလိုက်မသိ။

အားမှအားရဲ့လား

မစဉ်းစား

မီးစိမ်းကလေးမြင်တာနဲ့

ဇွတ်ခေါ်

Busy ပါလို့ ရေးထားလဲ

သိတော်မမူ

ရှင်တော်တော်ခက်တဲ့လူ။

 

တစ်ခါတစ်ခါ

ရှင်တော်တော်

အလိုက်မသိ။

လိုင်းကောင်းမှ

ကောင်းရဲ့လား

နည်းနည်းမှမစဉ်းစား

ရှင်

Hai  လို့

ပြန်မ hai မိရင်

ပူပူ ဆူ ဆူ

ရှင် တော်တော်ခက်တဲ့လူ။

 

 

“သရီးရှဲဒိုး

နဲဗားနိုး”

“မရှိတာထက်

မသိတာခက် “

ရှင့်အတွက်များ

ရည်ရွယ်ထားခဲ့သလား

ရှင်တော်တော်ခက်တဲ့လူ။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

28-9-2014

 

 

8 comments

  • aye.kk

    September 28, 2014 at 11:42 am

    ​ေဩာ်​…ခက်​၏

    အသိမရှိတာထက်​ သတိရှိဘို်​့က
    ပို၍ခက်​လှသည်​ ဟုသာဆိုပါရ​စေ

    Reply

  • kyeemite

    September 29, 2014 at 11:51 am

    .ခုတလော ရွာထဲမှာ ကဗျာဉာဏ်အတော်ကွန့်မြူ းနေကြပေသကိုး
    .တော်တော်ခက်တဲ့လူတွေ..ဟေးဟေး :k:

    Reply

  • ကိုပေါက်(မန္တလေး)

    September 29, 2014 at 12:43 pm

    ကျနော်က ပျင်း ရင် ကဗျာ ရေးတယ်လေ ကိုမိုက်။

    ကျနော် က ကဗျာ အတို လေးတွေ စိတ်ကူးပေါါ်လာရင်ကောက်ရေးပြီး တင်လိုက်တာများ

    Reply

  • Mr. MarGa

    October 1, 2014 at 12:33 pm

    ခက်စ် တယ် သက်ရယ် :a:

    Reply

  • အလင်းဆက်

    October 1, 2014 at 7:12 pm

    အခုတလော…
    ကဗျာတွေ ဖတ်ရတာ လွယ်သလောက်…
    ကိုယ်တိုင်ရေးဖို့…ခက်နေတယ်…
    အော်.. ခက်တဲ့..ကဗျာရယ်..

    :k:

    Reply

  • manawphyulay

    October 2, 2014 at 2:15 pm

    ကဗျာနှင့် ဆောင်းပါး ရေးရင်
    ဘယ်ဟာ ပိုခက်သလဲ လေးပေါက်…. :mrgreen:

    မနောအတွက်တော့ အကုန်ခက်ပါတယ်လေ…… 😆

    Reply

Leave a Reply

Your email address will not be published.