တို့ရွာကလေး

manawphyulaySeptember 26, 20141min04

ရုတ်တရက်လျှင်
ခဏထွက်ခွာ၊ ထိုရွာထဲသို့
တစ်ခါတခေါက်၊ ပြန်မရောက်ခဲ့…

စာပေပေါင်းသင်း၊ သူငယ်ချင်းတို့
ကဗျာ စာပေ စုံလင်စွာဖြင့်
မျှတပါမှ မျှပါစ…..

စာသံပေသံ တေးဆိုညံ၍
စုံတကာစေ့ တို့ရွာတွင်းလည်း
စုပေါင်းရေးမှ ရေးပါစ…..

စာပေတံတား ပေါင်းစုအားနှင့်
အများဝိုင်းဝန်း ကူညီထမ်း၍
လမ်းသစ်ဖောက်မှ ဖောက်ပါစ….

ထိုထိုအတွေး စဉ်းစားရင်းဖြင့်
ရောက်ခဲ့တစ်ဖန်
တို့ရွာကလေး
စိုစိုပြေပြေ ရှိလှပေသည်
ဝမ်းသာလှပေစွတကား……

မနောဖြူလေး
၂၆.၉.၂၀၁၄
ညနေ ၄ နာရီတိတိ

4 comments

  • ခင် ခ

    September 26, 2014 at 8:39 pm

    ရွာကိုခင်လို့
    ရွာထဲမှာရယ်
    တဝဲလည်လည်
    ရွာမစည်ရင်တော့
    ပျင်းတယ်ကွယ်။

    Reply

  • မြစပဲရိုး

    September 26, 2014 at 11:01 pm

    မနော ပြန်လာတာလဲ တစ်အား ပါဘဲ။ :))

    Reply

    • manawphyulay

      September 27, 2014 at 8:54 am

      သံယောဇဉ် မပြတ်ဘူး…..ဘူး…….. :mrgreen:

      Reply

  • kyeemite

    September 29, 2014 at 11:41 am

    .တို့ရွာကလေးမှာ
    .လူစုံလက်စုံ
    .အတွေ့အကြုံစုံမို့
    .ဖလှယ်ရာမှ အသိရ၏။ :))

    Reply

Leave a Reply

Your email address will not be published.