” မကြာမှီ သီတင်းကျွတ်တော့မယ် “

ခင္ခSeptember 25, 20141min020

” မကြာမှီ သီတင်းကျွတ်တော့မယ် “

 

 

မကြာမှီ ဝါလကင်းလွှတ် သီတင်းကျွတ်တော့မယ်ဆိုတော့ ဘဝခရီးလက်တွဲဖော်အဖြစ် လက်ထပ်ထိမ်းမြားခြင်း တွေပြုကြတော့မှာမို့ ဖတ်မိတာလေးတွေ သိရှိတာလေးတွေ အခြေပြုပြီးရေးပြပါရစေဗျာ။

ယောက်ျားနှင့်မိန်းမ အတူတကွပေါင်းသင်းနေထိုင်ပြီး အိုးအိမ်တည်ထောင်ကြသည်ကို အိမ်ထောင်ပြုသည် ဟုခေါ်ဆိုခဲ့ကြသည်။ ထိုသို့အိမ်ထောင်ပြုခြင်းကို မိတ်ဆွေ အပေါင်းအသင်း အသိအကျွမ်း စသည်တို့ကို ဖိတ်ကြားကာ လူသိရှင်ကြားအခမ်းအနားဖြင့် ဆင်ယင်ကျင်းပခြင်းကို ထိမ်းမြားမင်္ဂလာ ဟုခေါ်ခဲ့ကြလေသည်။

မြန်မာအခေါ်အဝေါ်ဝေါဟာရအနေနဲ့တော့ ထိမ်းမြားသည်၊ လက်ထပ်သည်၊ စုလျားရစ်ပတ်သည်၊ ပုဆိုးတန်း တင် အကြင်လင်မယားအဖြစ်နေသည်၊ ပေါင်းသင်းဆက်ဆံနေကြသည် စသည်ဖြင့်အမျိုးမျိုးခေါ်ဆိုကြ လေသည်၊ ထိမ်းမြားသည် ဟုဆိုလျှင် ပေးစားသည် ဒါမှမဟုတ် အရေးတယူဆောင်နှင်းပေးအပ်သည်ဟု ဖြစ်လေသည်။

တစ်ဖန်ထိမ်းမြားမင်္ဂလာပြုခြင်းကို အာဝါဟ ဝိဝါဟ ဟူပြီး မင်္ဂလာနှစ်ပါးအဖြစ် ပြောဆိုကြသည်လည်းရှိပေသည်၊ အာဝါဟ မင်္ဂလာ ဆိုသည်မှာ မင်္ဂလာသတို့သားအတွက် တစ်ပါးအိမ်မှ မင်္ဂလာသတို့သမီးကို ဆောင်ယူခြင်းကို ဆိုပါသည်။ အလွယ်မှတ်ရင်တော့ အာဝါဟ မင်္ဂလာသည် သမီးယူခြင်း ဖြစ်ပေသည်၊ ဝိဝါဟ မင်္ဂလာ ဆိုသည်မှာ မင်္ဂလာသတို့သမီးကို မင်္ဂလာသတို့သားအိမ်သို့ပို့ခြင်းကို ဆိုပါသည်။ အလွယ်မှတ်ရင်တော့ ဝိဝါဟ မင်္ဂလာ သည် သမီးပေးခြင်း ဖြစ်ပေသည်။ စုလျားရစ်ပတ်သည်ဟုလည်း ဆိုကြသေးသည်။ စုလျား၏ အဓိပ္ပါယ်က သဘက် ဒါမှမဟုတ် အပေါ်တင်ပုဆိုးဟုမည်တွင်ပါသည်။ ထို့ဘေကာင့် မင်္ဂလာသတို့သား နဲ့ မင်္ဂလာသတို့ သမီးတို့၏ လက်ယျာလက်နှစ်ဖက်ကို စုလျားနှင့်ရစ်ပတ်ပြီး လက်ထပ်ပေးခြင်းကို စုလျားရစ်ပတ်လက်ထပ် ထိမ်းမြားခြင်းဟု သမုတ်ကြခြင်းဖြစ်ပေသည်။ ထို့သို့မင်္ဂလာမှုပြုလျှင် မင်္ဂလာသတို့သမီး၏ လက်ကိုအောက် တွင်ထားပြီး မင်္ဂလာသတို့သား၏လက်ကို အထက်မှ ထားရလေသည်။ ပုရေဟဇ်ဒရပဏ်ကျမ်း အလိုရတော့ ထိုသို့စုလျားရစ်ထားသောလက်အစုံကို ရေသွန်းလောင်းရသည်၊ ထိုပြင် မင်္ဂလာသတို့သားကို ပန်းကုံးစွပ်ပြီး မင်္ဂလာသတို့သားလည်ပင်ရောက်ပန်းကုံးတစ်ခုကိုပြန်ချွတ်ပြီး မင်္ဂလာသတို့သမီးကို တစ်ဖန်စွပ်ပေးရမည် ဟုဆိုထားပါသည်။

အိမ်ထောင်ပြုခြင်းနှင့်ပက်သက်ပြီး ရှေးဆိုရိုးစကားလည်းထားရှိခဲံကြပါသည်။

” အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊

ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်မည့်အမျိုး “

ဟူ၍ဖြစ်ပါသည်။

ယခုခေတ်ကတော့ ပြင်တတ်ဆင်တတ်ကြလို့ဘဲလားတော့မသိဘူး ကွာရှင်းပြတ်စဲ တစ်အိုးတစ်အိမ်ထောင် ပြန်ထူထောင်တွေလည်း ရှိလာကြတာကိုတွေ့ရပါတယ်၊ တကယ်တော့ ရာသက်ပန်သေတပန်တစ်သက်လုံး လက်တွဲပေါင်းဖက်သွားနိုင်ကြရင်တော့ အကောင်းဆုံးပါဘဲပေါ့။

မြန်မာဓလေ့အယူမှာတော့ အဲဒီလိုအိမ်ထောင်ပြုခြင်းနဲ့ပက်သက်ပြီး ထိုလတွေမှာ အိမ်ထောင်ပြုရင် ဆိုးကျိုး ရှိနိုင်လိမ့်မယ်ဆိုပြီး အယူရှိခဲ့ကြပါတယ်။

၁။ ဝါဆိုလ၊ ဝါခေါင်လ တို့တွင် ထိမ်းမြားမှုပြုလျှင် – သေကိန်းနှင့်ကြုံရတတ်မည်။

၂။ တော်သလင်းလတွင် ထိမ်းမြားလျှင် – ဥစ္စာပစ္စည်းရှားပါးတတ်မည်။

၃။ နတ်တော်လတွင် ထိမ်းမြားလျှင် – သားသမီး အခြွေအရံ နည်းပါးခြင်း၊ ပစ်ခွာခြင်းများ ကြုံရတတ်မည်။

၄။ ပြာသိုလတွင် ထိမ်းမြားပါက – ဥစ္စာပစ္စည်းများ ပျက်ယွင်းဆုံးရှုံးတတ်မည်။

၅။ တပေါင်းလတွင် ထိမ်းမြားပါက – အိုအောင်မင်းအောင် မပေါင်းရဘဲ ကွဲကွာရတတ်မည်။

ဟုအဆိုရှိခဲ့ပြီး ကျန်လများတွင် ထိမ်းများလက်ထပ်ကြဖို့ ဝေဒပုရောဟိတ်များက ဆိုခဲ့ကြပါတယ်။

 

” ဝါဆို၊ ဝါခေါင် ထိမ်းလျှင်လ သေကိန်းပဆွေကြင်ဖော်၊ ခေါင်းပါးစွာ

တော်သလင်းနှင့် သားပုတ္တာခြွေရံကင်းပါလိမ့်၊ ကွင်းရှောင်ကြ လနတ်တော်၊

ပြာသိုမှာ ဥစ္စာယွင်းပါလို့၊ ကွေးကွင်းကြ တပေါင်းနော် မလျော်တဲ့ ခြောက်လ၊

ကြွင်းမှာသေ ထိမ်းမြားပါလေတော့၊ ရံခြွေရွှေ ဆန်စပါးရယ်တို့၊ ပေါများကုံလုံလို့၊

လူ့ဘောင်မှာ အိုအောင်ပေါင်းရမယ်ကွယ်၊ ကျောင်းကြီးအမ။ “

 

အဲဒီလို ရေးစပ်ကာထားခဲ့ကြပါတယ်။ ထိမ်းမြားသင့်တဲ့ ကျန်(၆)လ၏ အကျိုးကတော့

၁။ တန်းခူး၊ ကဆုန်လ တို့တွင် ထိမ်းမြားလျှင် – ချမ်းသာကြွယ်ဝခြင်းနှင့်အတူ အိမ်ထောင်ရေးသုခရမည်။

၂။ နယုန်လတွင် ထိမ်းမြားလျှင် – ကောင်းသောဆွေမျိုးအငိုင်းအဝိုင်းများနှင်ပျော်ရွှင်စွာနေရမည်။

၃။ သီတင်းကျွတ်လတွင် ထိမ်းမြားလျှင် – သားသမီးကောင်းထွန်းကားခြင်း၊ အလှုအတန်းပြုရခြင်း၊ သာယာသောအိမ်ထောင်အဖြစ် နေသွားရမည်။

၄။ တန်ဆောင်မုန်းလတွင် ထိမ်းမြားလျှင် – အခြွေအရံအသင်းအပင်းနှင့်အတူ မိမိဆန္ဒရှိသော အိုးအိမ်ခြံတို့နှင့် ယာဉ်ရထား(ကား) တို့အားပိုင်ရမည်။

၅။ တပို့တွဲလတွင် ထိမ်းမြားလျှင် – ရတနာဥစ္စာ ရွှေငွေတို့တစ်ပုံတစ်ပင်စုံလင်စွာနေရမည်။

စသည်ဖြင့်ရေးသားခဲ့တာကိုတွေ့ရပါတယ်။

ဥပဒ်ဒါန်ကြောင့် ဥပဒ်မဖြစ်စေလိုပါ၊ အယူဟူသည် တစ်ချို့လည်း မယူကြသလို တစ်ချို့လည်းယူကြသည် ရှိသမို့ ဗဟုသုတအဖြစ်သာရေးပေးတာပါ။

အိမ်ထောင်တစ်ခုအဖြစ် တစ်ဦးနဲ့တစ်ဦး လက်ထပ်ထိမ်းမြားကြတယ်ဆိုတာ ဘဝခရီးလက်တွဲဖော် ထာဝရ ရည်ရွယ်ပြုကြတာများပါတယ်။ ဘဝလက်တွဲဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူလိုက်ကြိုက်ရမှာမျိုး မဟုတ်ပါဘူး၊ ဘဝလက်တွဲဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားရင် သူအနှစ်စားတတ်တဲ့ အမူအကျင့်ရှိသော အပေး အယူမျှတဖို့က အဓိကပါဘဲ၊ လက်ထပ်ထိမ်းမြားပြီးလို့ ဘဝလက်တွဲဖော်ဖြစ်ကြပြီဆို အချစ် အကြောင်း ကိုဘဲ စာဖွဲ့ကာ မရိုးနိုင်ပါးစပ်ကမချ ပြောနေကြရမှာမဟုတ်ပါဘူး ဆန် ဆီ ဆား အိုးခွက်ပုဂံနဲ့ နေစရာ တင့်တယ် စရာတွေကိုပါ မြည်တွန်းတောက်တီး ပြောဆိုကြပြီး တူယှဉ်တွဲလို့ထူထောင်တတ်ကြရပါလိမ့်မယ်၊ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဘဝလက်တွဲဖော်ဆိုတာ ကိုယ့်အတွက် သူ့အတွက် အတိုင်အဖောက်ညီမှု ကြင်နာမှု သာမန်ရိုးရှင်းမှု နားလည်ခွင့်လွှတ်မှု ပူပန်သံဃောဇဉ်ထားတတ်မှု မျှဝေပေးခြင်းတွေနဲ့ ပြည်စုံအောင် တည်ဆောက်နိုင်ဖို့လိုပါတယ်။ တကယ်တော့ ဘဝလက်တွဲဖော်ဆိုတာ ဘက်မျှညီသောမျှဝေကြသူများပင် ဖြစ်မယ်လို့ယူဆမိတော့တယ်လေ။

ဘဝလက်တွဲဖော်များအနေနဲ့ သာယာသောအိမ်ထောင်သည်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

ခင်ခ။

20 comments

  • ဇီဇီ

    September 25, 2014 at 7:06 am

    Thank you for the post..
    :k:

    Reply

  • kyeemite

    September 25, 2014 at 8:19 am

    .သေချာတာတော့ ဖိတ်စာတွေတသီကြီးနဲ့ လက်ဖွဲ့တွေ အစီအရီပေးဖို့ပြင်ထားကြပါစို့ :k:
    .ဂဇက်ရွာထဲက ဘယ်နှစ်တွဲထွက်လာမလည်း စောင့်နေပါတယ်ဗျို့

    Reply

  • အော် ကိုခ ရေ နောက်ဆို ရင် ဝါဝင် ဝါထွက် တွေ ဘာညာ ကွိ ကွတွေ စောင့်စရာ မလို တဲ့ ခေတ် ရောက်မယ်ထင်တာဘဲ၊

    လူတွေ က ခေတ် မှီလာကြတော့ မယ်လေ

    အခုတောင် ခေတ်မှီ နေတဲ့သူတွေ ရှိနေပြီလေ

    Reply

  • manawphyulay

    September 25, 2014 at 10:43 am

    မှတ်ဖွယ် မှတ်ရာ ထိုထိုစာကို
    ရှာ၍ မပြတ် အိမ်တွင်ဖတ်
    အမြဲဆောင်ထား ကော်ပီပွား
    ယူဆောင်သွားလေသည်……

    Reply

    • ခင် ခ

      September 25, 2014 at 1:44 pm

      အမြဲဆောင်ထား
      ကော်ပီပွားဖို့
      ယူဆောင်သွားလို့
      ကျေးဇူးပါဗျို့။

      Reply

    • ဝင့်ပြုံးမြင့်

      September 25, 2014 at 3:51 pm

      ဒီတစ်ခါ စာတွေမှတ်ရုံမှတ်ရတော့မှာ မဟုတ်ဘူးနော် မနော။ ကိုယ်တိုင်လက်တွေ့ ကျကျ အသုံးချရတော့မှာ။ ဖိတ်စာမျှော်နေတယ် မနောရေ။

      Reply

  • nozomi

    September 25, 2014 at 1:13 pm

    မှတ်ထားပါတယ်ဆို ဗိုက်ခေါက်လိမ်ခံရ မဆ်ိုးလ်ို့ ပြောတော့ဘူး

    သီတင်းကျွတ်ဆို
    မိဘ ဆရာသမားတွေ ကန်တော့မယ်
    မင်ဂါဆောင်တွေ လိုက်စားမယ်

    Reply

  • မြစပဲရိုး

    September 25, 2014 at 3:20 pm

    ကိုခ ပြောတဲ့ မြန်မာဓလေ့အယူ အရ ဆိုရင်တော့ ဒီက လူတွေ ကျပ်တနာ ဘဲ။
    ဒီမှာ နွေ မှာ မှ လက်ထပ်ပွဲ တွေ က အများစု လုပ်တာလေ။
    ဇွန်၊ ဇူလိုင်၊ ဩဂုတ် ပေါ့။
    ဒီတော့ မြန်မာလ ဆို ဝါဆို၊ ဝါခေါင်၊ တော်သလင်းပေါ့။
    ကွက်တိဘဲ။
    :-))

    Reply

  • အလင်းဆက်

    September 25, 2014 at 5:20 pm

    သတင်းကျွတ်ကျတော့မည် ။
    မျက်စိကလွဲ၍…. စွံချင်ပါသည်။

    အနော့လို စွံချင်ကြသူများ ဆက်သွယ်ကြပါ။
    ဖွေးဖွေးနှင့် တူသူများကို ဦးစားပေးမည်။

    Reply

  • ခင် ခ

    September 25, 2014 at 8:59 pm

    အဲဒီက သူတွေတွက် ဟုတ်ဘူးလေ အရီးရေ
    မြန်မာ ပြက္ခဒိန်သုံး မြန်မာတွေအတွက်ပါဗျ

    Reply

  • လာစီဖူ

    September 25, 2014 at 9:51 pm

    သီတင်းကျွတ်တော့မယ်ဆိုတော့ ဂါရဝေါစ နိဝါတောစ (မှန်ရဲ့လားမသိစ်)ရှေ့ထားပြီးတော့ ဂွဇက်ထဲက လူကြီးသူမများ(၁ရက်၁မနက်ကြီးသူများအပါအဝင်)ကို ဂါရဝပြုလိုက်ပါတယ်….ဂါရဝအပြုခံ ပုဂ္ဂိုလ်များ..မုန့်ဖိုးပေးဂျဘာာာာာ :mgreen:

    Reply

  • Yae Myae Tha Ninn

    September 30, 2014 at 11:58 am

    မင်္ဂလာပွဲ ကျင်းပတာက…. တန်ခူး၊ ကဆုန်လ တို့တွင် ထိမ်းမြားလျှင် – ချမ်းသာကြွယ်ဝခြင်းနှင့်အတူ အိမ်ထောင်ရေးသုခရမည်…
    လက်ထပ်ပြီးဆွမ်းကျွေးတာက…တပို့တွဲလတွင်ထိမ်းမြားလျှင်ရတနာဥစ္စာ
    ရွှေငွေတို့တစ်ပုံတစ်ပင်စုံလင်စွာနေရမည်…
    ၂ ခုလုံး ရမှာပေါ့နော်… 🙂

    Reply

    • ခင် ခ

      September 30, 2014 at 1:50 pm

      ဒါပေါ့ကောင်းတာလုပ် ကောင်းတာဖြစ်မှာပေါ့လေ ဒါနဲ့ နှစ်သီးစားချင်သူလည်း ရှိပေသကိုး။

      Reply

  • Yae Myae Tha Ninn

    September 30, 2014 at 2:17 pm

    တကယ် စားခဲ့တာပါဗျ… 🙂

    Reply

  • Myo Thant

    September 30, 2014 at 2:43 pm

    သီတင်းကျွတ်တော့မယ် ဆိုပါလား

    အို . . . . . . ငါနဲ့လည်း ဘာမှမဆိုင်ပါလားကွယ်

    Reply

    • ခင် ခ

      September 30, 2014 at 4:04 pm

      ဒီလူကြီး ပြန်လည်ပြီး ဆိုင်ချင်သေးလို့လားဗျ
      ဟုတ်ရင်တော့ ဖိတ်ဖြစ်အောင်ဖိတ်နော် ဒါဘဲ။

      Reply

      • Myo Thant

        September 30, 2014 at 4:08 pm

        မဆိုင်ပါရစေနဲ့တော့ ကိုခ ရေ 🙂

        Reply

  • kai

    September 30, 2014 at 4:16 pm

    မင်္ဂလာဆောင်တာကတပိုင်းပေါ့လေ..။
    ယူအက်စ်မှာတော့.. ဆောင်ပြီး..ကလေးယူတော့မယ်ဆို.. ကလေးမွေးချိန်မွေးလထည့်တွက်ရတယ်ဗျ..။
    ကျောင်းအပ်ရင်.. အသက်,စကနဲ့.. ကိုးလို့ကန့်လန့်ဖြစ်ပြီး.. တနှစ်နောက်မကျအောင်လို့..။

    သဘောက.. နိုဝင်ဘာမှာမင်္ဂလာဆောင်တယ်ဆို.. ဆောင်ပြီးတာနဲ့ကလေးယူမယ်ဆိုပါစို့..။
    ကိုးလလွယ်၁ဝလမွေးမို့.. နောက်နှစ်စက်တင်ဘာမှာ ကလေးထွက်လာမယ်ပေါ့..။
    အဲဒါဆို.. ကလေးက.. စက်တင်ဘာမှာဖြတ်တဲ့ကျောင်း.. တက်လို့မရတော့ဘူးဗျ..
    နောက်တနှစ်စောင့်ရရော…။
    အဲဒါမျိုးလေးတွေထည့်တွက်ကြဖို့.. လို… :k:

    မြန်မာတွေလည်း.. ရှေးထုံးလေးတွေပယ်ပြီး.. အဲဒါမျိုးလေးတွေ.. ပြုစုထားသင့်..။

    Reply

  • Yae Myae Tha Ninn

    September 30, 2014 at 5:09 pm

    ဟုတ်တယ်.. တဂျီး ထောက်ခံပါတယ်… အဲဒါမျိုးကို ချိန်ပြီး လုပ်တယ်ခေါ်တယ် မှတ်… 😛

    Reply

    • ခင် ခ

      September 30, 2014 at 5:23 pm

      ကျောင်းအပ်လို့ရအောင် ၆ လတိုး ၆ လဆုတ် မွေးစာရင်းအတုလုပ် အဲလိုလေးတွေလဲရှိတယ်လို့ သိရလေတော့ ချိန်သော်ငြား လွဲရင်လဲ အားမငယ်ကြဖို့ အဲဒါလေး လာပြောတာ။ ပိုက်ပိုက်တော့ နည်းနည်း စွန့်ရမပေါ့လေ။

      Reply

Leave a Reply

Your email address will not be published.