နောက်ဆုံးကဗျာ

ကာရံSeptember 22, 20141min02

နောက်ဆုံးကဗျာ

အကြောက်ဆုံးသောအရာလေးက အမုန်း
အလိုချင်ဆုံးတမ်းတမှုက အကြင်နာ
ဖေးမလှည့်ပါကွာ အတွေးညတွေထဲမှာ
မွန်းကျပ်နေစဲ

ဆွံအသွားတဲ့နှလုံးသား အသုံးချခံခဲ့ရခြေပြီ
ခရမ်းရောင်လွင်ပြင်အနားမှာ
မင်းပေးခဲ့ဝေသနာတစ်ချို့ စာသားတစ်ပုဒ်ငါရေးလို့ပေါ့

ပုပ်အစ်နံ့စော်နေတဲ့ မေတ္တာတစ်မျိုးကို
မာယာလေးနှောပြီး မုသားပန်းကန်တစ်ချက်ပေါ်မှာ
လှပစွာ ဘယ်လိုပဲဖန်တီး ဖန်တီး
ခဏတာအတွက်တော့ စံရတာပေါ့လေ

ရှိပါစေတော့ ကာရန်တွေကိုရိုက်ချိုးခဲ့ငါ
ဆက်ရန်စာသား ရှာမရပြီမို့
ငါကတော့လေ ဖန်တီးမှုတိုတာ
နောက်ဆုံးသောကဗျာ

ကာရံ{13.3.2014}

အမြဲစိမ်းတောလေး ဖန်ဆင်းပေးလှည့်ပါ

မျှော်လင့်ချက်တစ်ဖက်ကမ်းမှာ အလွမ်းမိုးတွေချွေကျနေတယ်
ရိုးတံပြိုင်းပြိုင်းမို့ မေတ္တာတိမ်တိုက်လဲ အုံ့စိုင်းလို့နေခြေပြီ
ရွက်ခြောက်မဝေတော့တဲ့ ကမ်းစပ်နံဘေးမှာ
အကြင်နာရေလှိုင်းလဲ နီးတစ်ခါ ဝေးတစ်လှည့်ပေါ့

အလွမ်းတွေကိုစု ငါတစ်ယောက်ထဲခရုကောက်ခဲ့ဖူးတယ်
စုဆောင်းထားခဲ့တာ ၁၅၀ဝ ပြည့်လုလုမို့
ထွေးပွေ့ယုယခဲ့ သူမသိခဲ့တာတော့ သေချာတာပေါ့

အရူးတစ်ပိုင်းမို့ စူးစမ်းဖူးခဲ့တဲ့အချစ်ကလေ
ဆယ်ကျော်သက်အရွယ် မဟုတ်ခဲ့ပါဘူး

ရေပြင်ကငြိမ်ချင်ပေမယ့် ချစ်မိုးစက်လေး သက်ဆင်းတော့လဲ
ချစ်ရတက်ရယ် ခက်ပြင်းပြင်းလေး ဂယက်ထဖူးပါတယ်
တစ်သက်စာရူးရပြီလား

မုန်တိုင်းကလေးအိပ်မက်အပေးမှာ
ထစ်ချုန်းမိုးရွာဖြိုးစဲမို့
လမင်းရယ် အဝေးပြေးလေရော့သလား
ရင်မှာအပူမိပြီမို့ ကြင်နာသူသိရင်လေ
အမြဲစိမ်းတောလေး ဖန်ဆင်းပေးလှည့်ပါ

ကာရံ{14.3.2014}

2 comments

  • kai

    September 23, 2014 at 1:43 pm

    ပုပ်အစ်နံ့စော်နေတဲ့ မေတ္တာတစ်မျိုးကို

    မေတ္တာမှာ. အဲလိုမျိုးရှိတယ်လား.. အံ့ဩစရာ..။ :k:

    Reply

  • ခင် ခ

    September 23, 2014 at 2:09 pm

    နောက်ဆုံးကဗျာ
    အရောက်ထုံးကာဖွဲ့
    ပျောက်ဆုံးမှာလားဟဲ့
    မေးပါရစေကွယ့်။

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.