အမြဲစိမ်းတောလေး ဖန်ဆင်းပေးပါ

ကာရံSeptember 19, 20141min02

မျှော်လင့်ချက်တစ်ဖက်ကမ်းမှာ အလွမ်းမိုးတွေချွေကျနေတယ်
ရိုးတံပြိုင်းပြိုင်းမို့ မေတ္တာတိမ်တိုက်လဲ အုံ့စိုင်းလုိ့နေခြေပြီ
ရွက်ခြောက်မဝေတော့တဲ့ ကမ်းစပ်နံဘေးမှာ
အကြင်နာရေလှိုင်းလဲ နီးတစ်ခါ ဝေးတစ်လှည့်ပေါ့

အလွမ်းတွေကိုစု ငါတစ်ယောက်ထဲခရုကောက်ခဲ့ဖူးတယ်
စုဆောင်းထားခဲ့တာ ၁၅၀ဝ ပြည့်လုလုမို့
ထွေးပွေ့ယုယခဲ့ သူမသိခဲ့တာတော့ သေချာတာပေါ့

အရူးတစ်ပိုင်းမို့ စူးစမ်းဖူးခဲ့တဲ့အချစ်ကလေ
ဆယ်ကျော်သက်အရွယ် မဟုတ်ခဲ့ပါဘူး

ရေပြင်ကငြိမ်ချင်ပေမယ့် ချစ်မိုးစက်လေး သက်ဆင်းတော့လဲ
ချစ်ရတက်ရယ် ခက်ပြင်းပြင်းလေး ဂယက်ထဖူးပါတယ်
တစ်သက်စာရူးရပြီလား

မုန်တိုင်းကလေးအိပ်မက်အပေးမှာ
ထစ်ချုန်းမိုးရွာဖြိုးစဲမို့
လမင်းရယ် အဝေးပြေးလေရော့သလား
ရင်မှာအပူမိပြီမို့ ကြင်နာသူသိရင်လေ
အမြဲစိမ်းတောလေး ဖန်ဆင်းပေးလှည့်ပါ

ကာရံ{14.3.2014}

2 comments

  • ခင် ခ

    September 19, 2014 at 10:20 pm

    အမြဲစိမ်းတောလေးမို့
    အသဲအေးအောင်ရွာလေတော့
    အချမ်းမခံနိုင်ဖျားပြီထင့်
    အချစ်ဖျားတွေတက်တယ်တစ်ရာရှစ်

    Reply

  • alinsett

    September 21, 2014 at 12:39 pm

    အမြဲစိမ်းတောလေးလား…
    ဖန်ဆင်းပေးမယ့်သူကိုစောင့်မနေနဲ့တော့..သယ်ရင်း…

    ကိုယ့်ဘာသာ စိမ်းအောင် ပျိုး ယူလှည့်…

    😆

    Reply

Leave a Reply

Your email address will not be published.