မြန်မာစာပေရေးနည်း (၅) မျိုး

manawphyulaySeptember 19, 20141min09

စာပေအရေးအသားကတော့ ပြောတော့သာ လွယ်မယောင်နဲ့ အတော်ခက်တဲ့အရာပါပဲ။ စာရေးဆရာတွေကို လေးလည်း လေးစားသလို အားလည်းကျမိပါတယ်။ ဘယ်နည်းနဲ့ ဘယ်လိုရေးရမယ်ဆိုတာ နည်းသိထားရင် ပိုအရေးအသားတက်မှာ အမှန်ပဲဖြစ်ပါတယ်။

စကားပြေအရေးအသားတွင်
၁။ မိမိတို့ ရပ်သုံး၊ ရွာသုံး၊ နေ့စဉ်သုံး စကားများဖြင့် ရေးသားခြင်း နည်းတစ်မျိုး။
၂။ စကားပြေရေးနည်း၊ မင်းပူးဆရာတော် ဦးဩဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့ရေးနည်းမျိုး။
၃။ လင်္ကာသွားရေးနည်း၊ ရတု၊ ရကန်၊ အဲ၊ အန်၊ ဧချင်း၊ ပျို့၊ ဦးပုည၏ ပြဇာတ်ရေးနည်းမျိုးနှင့် ပိဋကသွားခေါ် ဦးပုည တရားစာရေးနည်းမျိုး။
၄။ လင်္ကာကြားစကားပြေ ညှပ်ရေးနည်း (ဩဘာစာ၊ မေတ္တာစာနှင့် ဖိတ်စာ အချို့ လင်္ကာသွား ညှပ်၍ ရေးနည်းမျိုး။)
၅။ ဂီတသွားရေးနည်း၊ မဟာဂီတပါ သီချင်းများနှင့် ကာလပေါ်သီချင်းများရေးနည်းမျိုး။)

နောက်ဆုံး ရေးနည်း (၄) မျိုးကို မြန်မာ့ယဉ်ကျေးမှု အနုစာပေရေးနည်းဟု ခေါ်ပါသည်။ အထက်ပါ ရေးနည်းမျိုး (၅) မျိုးမှတပါး မြန်မာစာပေတွင် အခြားနည်းမရှိဟူ၍ ရှေးဆရာကြီးတို့ ဆိုရိုးစကားရှိခဲ့လေသည်။
စကားပြေရေးသားရာတွင် လွန်စွာ အရေးကြီးသော အချက် ၂ ချက်ရှိ၏။ ထိုအချက် ၂ ချက်မှာ (က) မှန်ကန်ခြင်း နှင့် (ခ) ကောင်းမွန်ခြင်းတို့ ဖြစ်လေသည်။ မှန်ကန်ခြင်းသည် သဒ္ဒါနှင့်ဆိုင်၍ ကောင်းမွန်ခြင်းသည် အနက်သဘော အသုံးအနှုန်း အတွေးအခေါ်တို့နှင့်ဆိုင်၏။ စကားပြေ အရေးကောင်းလျှင် အလိုအလျောက် သဒ္ဒါမှန်ကန်၍ လာလေသည်။ မှန်ကန်ခြင်းမှာ စကားပြေ
အရေးကောင်းသူတို့အတွက် သဒ္ဒါမှန်ကန်အောင် ရေးတတ်ပြီး ဖြစ်သောကြောင့် ပြောစရာမလိုတော့ပေ။
သို့ဖြစ်၍ ဒုတိယအချက်ဖြစ်သော ကောင်းမွန်ခြင်း ဆိုရာ၌ အသုံးအနှုန်းနှင့် နားလည်သဘောပေါက်မှုကို များစွာ သတိချပ်အပ်ပေသည်။ ၎င်းကို ထပ်ဆင့်ခွဲခြားရသော် စကားလုံး ရွေးချယ်မှုနှင့် ဆီလျော်မှု၊ ရှင်းလင်းမှု၊ တိကျမှု၊ ပြတ်သားမှု၊ သိပ်သည်းမှု၊ အစီအစဉ်ကျမှု၊ ကျိုးကြောင်းဆက်စပ်မှု စသည်ဖြင့် ပါဝင်နေသည်ဟု ဆရာ ဒဂုန်ရွှေမျှား၏ အရေးအဖွဲ့များနှင့် စာပေအရေးအသားများတွင် ဖတ်ရှုမိသမျှကို ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။ ထို့ကြောင့် မိမိရေးသားသော အရေးအသားသည် မည်သည့်ခေါင်းစဉ်အောက်တွင် ရောက်ရှိနေသနည်းဆိုတာကို ကိုယ်တိုင် ကိုယ်ကျ သရုပ်ခွဲ ကြည့်နိုင်ပေတော့သည်။
ဒီတော့ ရွာသူရွာသားတွေကော ဒီ ငါးမျိုးထဲက ဘယ်တစ်မျိုးကို ရေးအားသန်ပြီး ဖတ်အားသန်ပါသလဲရှင်။ ပြောပြပေးခဲ့ပါဦး။

9 comments

  • ခင် ခ

    September 19, 2014 at 1:08 pm

    ” ၁။ မိမိတို့ ရပ်သုံး၊ ရွာသုံး၊ နေ့စဉ်သုံး စကားများဖြင့် ရေးသားခြင်း နည်းတစ်မျိုး။ ”
    ရေးနည်းတွေတော့ ခုမှဖတ်ဖူးတာ ကျုပ်ရေးတာတော့ အဲဒီနည်းနဲ့များ အကျုံးဝင်သလားလို့။

    Reply

  • htet way

    September 19, 2014 at 2:37 pm

    ၁။ မိမိတို့ ရပ်သုံး၊ ရွာသုံး၊ နေ့စဉ်သုံး စကားများဖြင့် ရေးသားခြင်း နည်းတစ်မျိုး။
    အဲ့ဒီရေးနည်းပဲ ကိုယ်က တတ်တာပါ ဟာဟ

    Reply

  • kyeemite

    September 19, 2014 at 2:40 pm

    .ပညာရှင်တွေမဟုတ်လေတော့ ခံစားချက်တွေကို နံပါတ်တစ်နည်းနဲ့သာရေးလေ့ရှိပါတယ်
    .သတ်ပုံမှန်ဖို့လည်းအရေးကြီးသဗျ (တမင်ပြောင်ပြီးရေးတာကလွဲရင်ပေါ့) :))

    Reply

  • Mr. MarGa

    September 19, 2014 at 4:59 pm

    မာဃရေးနည်း – စိတ်ထဲရှိသည်ကို ရှိသလို ပုံစံမျိုးစုံ ပေါင်းစပ်မွှေကာ ရေးသားခြင်း နည်းတစ်မျိုး :re: :re:

    Reply

  • မြစပဲရိုး

    September 20, 2014 at 3:03 am

    မနောဖြူလေးလးလးလးလးလးလးလးလးလးလးလးလးလးလး
    ဆက်စပ်ရေးသည့်
    ဤစာစုမှာာာာာာာာာာာာာာာာာာာာ …..
    ဖတ်လို့ မဝ
    အတွေးပွားရန်န်န်န်န်န်န်န်န်န်န်န်န်န် ……
    ရည်စိတ်သန်သည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည်ည် ……
    နတ်လူ သာဓု ခေါ်စေသောဝ်။
    အော်ဝေါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ်ါ် ………………
    (ရတု ဖြစ်၍ အသံနေ အသံထား မှန်မှန် ဖြင့် ဖတ်တော် မူကြပါ)
    lol:-)))

    Reply

  • naywoon ni

    September 20, 2014 at 12:08 pm

    ရုံးစား​ရေးနည်​းက ၉ မျိုး​တောင်​ရှိဆိုပဲ ။

    Reply

    • manawphyulay

      September 20, 2014 at 1:01 pm

      ဒါဆို သိတာလေးတွေ ထပ်မျှပေးပါဦး အဘနီရဲ့နော်… :mrgreen:

      Reply

  • alinsett

    September 21, 2014 at 12:30 pm

    မြန်မာဘာသာစကားနဲ့.. ရေးချင်တဲ့အကြောင်းအရာမှန်သမျှ..ရေးလို့မရကတည်းက…
    တခြား ဘာသာစကား..သို့မဟုတ် တခြား ကြားခံပစ္စည်းတွေကို စိတ်ဝင်စားနေမိတာ…

    😆

    Reply

Leave a Reply

Your email address will not be published.