” ငယ်ကထဲက ချစ်မိလို့ “

ခင္ခSeptember 20, 20141min03

” ငယ်ကထဲက ချစ်မိလို့ “

 

ရော့ နင်ပန်ဖို့

ငယ်ငယ်တုန်းက လှမ်းကာပေး

မဆိုင်းမတွ လှမ်းယူသေး

သူ့ခေါင်းထက်မှာ ပန်လိုက်မနှေး

ငါ လှလားလို့ မေးကာဆို

လှပါရဲ့ဆို ပြုံးပျော်သကို။

 

ရော့ နင်ပန်ဖို့

အရွယ်ရောက်တော့ သူ့ကိုပေး

ခေါင်းလေးခါကာ ငြင်းဆန်လို့လေး

သူ့ကိုကို ပေးတဲ့ပန်းမှ ပန်းမယ်တဲ့လေး။

 

ရော့ နင်ပန်ဖို့

လှမ်းယူရမှာဝန်လေးပေမယ့်

ယူချင်တဲ့ဟန် မငြင်းဆန်မို့

ယူသာပန်ပါ ကြည်ဖြူတာဟု

တိုက်တွန်းကာထပ်မံပေး

ယူငင်ကာရင်ဝယ်ပိုက်တယ်

ငါ့ ဘဝမှာ နင်နားလည်ဆုံးဟယ်

ညီးတွားသံသူဆိုလေတော့

ရွှေလက်တွဲလို့ မြဲသည်ပေါ့။

 

 

ခင်ခ။

3 comments

  • မြစပဲရိုး

    September 20, 2014 at 3:58 pm

    လက်စသတ်တော့ ကိုခ က ဇွဲဆု နဲ့ ပန်းဝင် ခဲ့တာကိုး။
    အသေးစိတ် လုပ်ပါဦးလေ။ 🙂

    Reply

    • ခင် ခ

      September 20, 2014 at 4:37 pm

      ဟိုတစ်ရက်က သူငယ်ချင်းတစ်ယောက်ရဲ့ ငွေရတုမင်္ဂလာညစာစားပွဲသွားခဲ့ပြီး သူတို့အကြောင်းလေး ရေးစပ်ဖြစ်တာပါဗျ

      Reply

  • alinsett

    September 21, 2014 at 12:42 pm

    မလှဘူးဆိုရင်…ငိုချင်တယ်တို့..ဘာတို့..ပြောသေးလား..လေး ခ

    :mrgreen:

    Reply

Leave a Reply

Your email address will not be published.