” ဘယ်တော့များမှ အမြဲမခွဲနေရပါ့ “

ခင္ခSeptember 16, 20141min06

” ဘယ်တော့များမှ အမြဲမခွဲနေရပါ့ “

 

နှစ်တွေအလီလီ ပြောင်းကာ

မင်းငါကိုလှည့်စားနေတာသိပေမယ့်လည်း

ညနေဆည်းဆာနေဝင်လွန်ရင်

ငါနဲ့အတူရှိစေချင်။

 

တစ်ခါတလေ မင်းမလာသေးဘူးဆိုပေမယ့်

ငါကမျှော်လင့်မိနေတယ်

ဘာရယ်တော့မဟုတ်ဘူး မင်းကိုငါနဲ့အတူရှိစေချင်တာပါ။

 

ညဖက်အိပ်နေရင်း လန့်ကာနိုးလို့

ညဦးယံမှာ မင်းရှိနေပြီး ထကာကြည့်မှ မင်းမရှိရင်

စိတ်ထဲဘဝင်မကျ စိတ်ပူမိပါ့ မနက်ထိတိုင်ပြန်လာပါ့မလား စိုးရိမ်မိတယ်။

 

အနားမှာအမြဲ နာရီတိုင်းစက္ကန့်တိုင်းရှိပါ့မယ်လို့

မင်းပြောခဲ့တာမုသားဆိုတာသိပေမယ့်လဲ စိတ်တော်မဆိုးရက်ဘဲ

မလာရင်တော့မျှော်နေမိသလို လာပြန်ရင်လည်း ဘယ်တော့များပြန်ပျောက်မလဲလို့

စိုးရိမ်စိတ်အစဉ်နဲ့နေခဲ့ရပြီး၊ တစ်နေနေ့တော့ ငါအနားအမြဲရှိလာမှာပါလို့

စိတ်ဖြေမိကာနေခဲ့တာလည်း နှစ်လအလီလီ ကြာလှပေါ့ကွယ်။

 

တကယ်တော့ ငါအတွက်ရွေးချယ်စရာမရှိ မင်းမှမင်းဘဲဆိုတာ သိနေရော့မို့

အိုက်တင်ခံကာ လာတလှည့် မလာတလှည့် လုပ်နေတာများလား

ဒါမှမဟုတ် သတင်းကြီးတဲ့မင်းသမီးမို့ မော်ကာကြွားပိုဂရုမစိုက်လေလား

ဘာဘဲဖြစ်ဖြစ် မင်းမရှိတဲ့ညဟာ ငါအတွက်အမှောင်ကမ္ဘာသည်ပိုကြီးစိုးသမို့

လာနိုးငယ်ဘဝကလွတ်ကာ ငါတို့နဲ့အမြဲ မခွဲစတမ်းအတူနေစမ်းပါ

E ……….. P ……… C ။

 

 

ခင်ခ။

( စာကြွင်း – EPC = လျှပ်စစ်မီး )

6 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 16, 2014 at 6:03 am

    မီးး ရှိမှ ကိုယ့် ဘွ က ပြည့်စုံ မှာပါ

    :k:

    Reply

  • ဂျက်စပဲရိုး

    September 16, 2014 at 6:16 am

    ခု ဓာတ်ကြိုးတွေ ပြတ်ကျ ဝါယာတွေ ရှော့ခ် ဖြစ်လို့ မီးလာမှာကိုတောင် စိုးကြောက်နေကြတယ်ဆိုလား လား လား လား လား….

    Reply

  • htet way

    September 18, 2014 at 8:45 pm

    ကျနော်ကတော့ မီးမရှိရင် မနေတတ်ဘူးဆရာခ
    အခုတော့ မီးလာမှာစိုးနေမိတယ် ။
    ဘယ်နှယ်ဗျာ ဆောင်းဘောက်ကြီးတွေနဲ့ အရှေ့အနောက်တောင်
    မြောက်ဝဲယာ ဝိုင်းဖွင့်လိုက်ကြတာ ။တစ်အိမ်က တွံ့တေးသိန်းတန်
    တစ်အိမ်က တရားခွေ ၊တစ်အိမ်ကထူးအိမ်သင်၊တစ်အိမ်က စိုင်းစိုင်း အိုဗျာ
    စုံလို့ ။နားမခံနိုင်ဘူး ရပ်ကွက်ထဲမှာ…။

    Reply

  • ကိုပေါက်(မန္တလေး)

    September 18, 2014 at 10:26 pm

    အော် ည အိပ်ပြီ ဆို မှ သူ ရောက်ရောက်လာ လို့ ကိုယ်လန့် နိုး ရတာလေးရောထည့် ရေးပါအုံး

    Reply

  • alinsett

    September 21, 2014 at 2:03 pm

    အတွေးကောင်း အရေးကောင်း…

    ဒါနဲ့…
    တစ်သိန်းပြည့်တော့မယ်နော….

    :mrgreen:

    Reply

    • ခင် ခ

      September 21, 2014 at 11:15 pm

      ဂဇက်၏ အဲဒီမှတ်တိုင်ဆီ မရောက်ဖူးတော့ ရောက်တော့ ရောက်ချင်မိပါရဲ့။

      Reply

Leave a Reply

Your email address will not be published.