ကြက် တွန် သံ

ခင္ခSeptember 14, 20141min06

မြန်မာဓလေ့ တောနယ်ဘက်ဝယ်
တွန်လှကြက်သံ အောအီအီးအွတ်ဟန်
ခွဲခြားကာသိအချိန်ဟူ၏
မှောင်ရီပျိုးစညနေစောင်း
ခြောက်နာရီမှာတွန်လေတယ်
အိပ်တန်းတက်ချိန်တဲ့ကွယ်
သက်ငယ်ခေါင်းချတွန်သံက
ညခွန်းခွဲသာသာဗျ
သက်ကြီးခေါင်းချတွန်သံပြ
ညတစ်ဆယ်ဝန်းကျင်မယ်
ညဉ်နက်ချိန်ခါတွန်လေတာ
သန်ခေါင်းဆယ့်နှစ်နာရီဟာ
လုလင်ပြန်ချိန်တွန်သံပေး
ညနှစ်နာရီအခါလေး
နံနက်အာရုံတွန်သံချို
မနက်လေးခွဲအခါဆို
မိုးလင်ခြောက်နာရီတွန်သံက
လင်းကြက်တွန်တယ်ဟ
ကိုးနာရီထိုးတွန်သံပျို
ဆွမ်းခံဝင်ချိန်ကိုး
နေ့လည်ဆယ့်နှစ်နာရီတွန်သံပြု
မွန်းလွဲအောက်အီအီးအွတ်။

ခင်ခ။

6 comments

  • ရာမည

    September 14, 2014 at 8:35 am

    ကြက်တွေလည်းကာလတွေပြောင်းတော့
    တွန်ချိန်မမှန်တော့ပါဘူး ခင်ဗျာ
    ကြက်တွန်သံကြားရင် ကာလသားဟင်းလေးသတိရလာတယ်
    ရှလွတ် 🙂

    Reply

    • ခင် ခ

      September 14, 2014 at 8:40 am

      ဝင်မန့်တာအတွက်ကျေးဇူး

      Reply

  • ကိုခ ရေ

    ကျနော်အပြင် က ပြန် တဲ့ အချိန် ည သန်းခေါင်

    ကြက်တွန်သံတော့ မကြားရ ဘူး

    အရက်မူး ပြီး ဆိုင်ကယ် ကို လီဘာကုန်ဖြဲ လာတဲ့ အသံ ဘဲ ကြား ရ တယ်

    Reply

    • ခင် ခ

      September 14, 2014 at 9:49 am

      ကျွန်တော်အိမ်ဘေးက တိုက်ကြက်တော့ တွန်နေစဲဗျ

      Reply

  • မြစာကလေး (23122011)

    September 14, 2014 at 3:52 pm

    ငယ်တုန်းက အဖွားမြို့လေးမှာ မနက် ဆို ကြက်တွန်သံ တွေ ဈေးလာတဲ့ နွားလှည်းသံ တွေ နဲ့ နိုးရတာ အရမ်း ကို လှ တယ်။
    အဲဒီမြို့ တွေ ကို ဒါလေးတွေကြောင့် ဘဲ ကျောင်းပိတ်တိုင်း ပြေးတာဘဲ။ 🙂

    Reply

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 4:15 pm

    တကယ်ဗျ။
    အဲဒီ ကြက်တွန်သံ ကို တော့ လွမ်းသားးး
    ဟာသပဲ။
    ဒီက ကလေးတွေက ကြက် အရှင် နွား အရှင် အပြင်မှာ မမြင်ဖူးဘူးး

    :a:

    Reply

Leave a Reply to ခင် ခ Cancel Reply

Your email address will not be published.