ရွှေအကြောင်းသိကောင်းစရာ 152,153

Zaw AungSeptember 12, 20141min02

ရွှေအကြောင်းသိကောင်းစရာ(152)

ကျွန်တော့်ညီဆိုင်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကလဲ
နဲနဲထူးခြားတယ် တစ်ကျပ်သားဟန်းချိန်းတစ်ခု ပျောက်သွားတယ် ညနေစာရင်းစစ်တော့ ရှိသေးတယ်
မနက်ဆိုင်ဖွင့်စာရင်းစစ်မှ ပျောက်နေတာဆိုတော့ အတွင်း
လူတစ်ယောက်ယောက် ယူလိုက်တာသေချာတယ် အဲဒီ
တုန်းက CCTV ကင်မရာမတပ်ရသေးဘူး အရောင်းဝန်ထမ်း စာရေးမတွေ အားလုံးကိုစစ်ရတာပေါ့
ချော့တစ်ခါ ချောက်တစ်လှည့်ပေါ့ တစ်ရက်အချိန်ပေးမယ်
မနက်ဖြန်မှ ပြန်မပေးသေးရင် ရဲစခန်းမှာအမှုဖွင့်မယ် အား
လုံးအဖမ်းခံရ အစစ်ဆေးခံရလိမ့်မယ်လို့ပြောလိုက်တယ်
နောက်နေ့မနက်ဆိုင်ဖွင့်တော့ ဆိုင်ရဲ့ထောင့်တစ်နေရာ
ကြမ်းပေါ်မှာကျနေတာတွေ့ရတယ် မနေ့ထဲကတစ်ဆိုင်လုံး
အနှံ့ရှာပြီးသား ဒါတစ်ယောက်ယောက်ဒီမနက်မှ လာချ
ထားတာဖြစ်ရမယ် ဘယ်သူလဲပြောဆိုတော့ မပြောကြပြန်
ဘူး ဒါနဲ့ကျွန်တော့်ညီက ရုပ်ရှင်တွေထဲမှာတွေ့ဖူးတဲ့ စုံ
ထောက်တွေစတိုင်နဲ့ ဟန်းချိန်းကိုဇာဂနာလေးနဲ့ကိုင် ပလပ်စတစ်အိတ်ထဲ ထည့်ပြီးလက်ဗွေရာ ရှာမယ်လို့ပြော
လိုက်တယ်
(စဉ် 153 သို့)

ရွှေအကြောင်းသိကောင်းစရာ(153)
(စဉ် 152 မှအဆက်)

လက်ဗွေရာရှာပြီး တရားခံမိရင် အမှုဖွင့်မယ် အခုဝန်ခံရင်
အမှုမဖွင့်ဘူးလို့ ပြောလိုက်တော့ ကောင်မလေးတစ်ယောက်က ဝန်ခံတယ် သူယူမိပါတယ်တဲ့ ခိုးဖို့ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူးတဲ့
အိမ်ကိုလဲယူမသွားပါဘူးတဲ့ ဆိုင်ကပန်းအိုးထဲမှာ ဖွက်ခဲ့
တာတဲ့ ဟန်းချိန်းထားတဲ့ ရွှေပုံးကိုကိုင်တဲ့ စာရေးမကို
မကျေနပ်လို့လုပ်တာတဲ့ သူကိုင်တဲ့ပုံးကပစ္စည်းပျောက်ရင်
သူအလုပ်ထုတ်ခံရအောင်တဲ့ အဲဒီစာရေးမနှစ်ယောက်က
လဲ သိပ်မတည့်ဘူးဆိုတော့ သူပြောတာဖြစ်နိုင်ပါတယ်
အလုပ်ပဲထုတ်လိုက်တယ် ဆိုင်မှာဝန်ထမ်းအချင်းချင်း
မတည့်တဲ့ပြဿနာကလဲ တော်တော်ရှင်းရခက်တယ်
မကြာခဏကြုံရတတ်တယ် လူတစ်ယောက်ချင်းဆီရဲ့စိတ်
ထဲမှာ သည်းခံစိတ် သဘောထားကြီးတဲ့စိတ် မေတ္တာစိတ်
တွေများလာမှပေါင်းသင်းဆက်ဆံရေး အဆင်ပြေတာလေ
ကိုယ်ကိုယ်တိုင်မှာလဲ များလာအောင်ကြိုးစားရသလို
ကိုယ့်ဝန်ထမ်းတွေမှာလဲ များလာအောင်ကြိုးစားရတာပေါ့
အလွန်ခက်ခဲတဲ့ အလုပ်ပါပဲ

2 comments

  • ခင် ခ

    September 12, 2014 at 10:49 pm

    ကိုယ့်ရှုးကိုယ်ပါတ်ပြီ ကိုယ်ဘဲအလုပ်ထုတ်ခံလိုက်ရတာပေါ့လေ

    Reply

  • မြစပဲရိုး

    September 15, 2014 at 7:32 pm

    အိမ်စာ ပုံမှန် လုပ်တဲ့ ကိုဇော်အောင်
    ဝင်ဖတ်ခဲ့ကြောင်းလေး။
    နောက်တစ်ပါတ်မှ အသေအချာမန့်ဗျစီ။ 🙂

    Reply

Leave a Reply

Your email address will not be published.