” သွေးခုန်နှုန်း စမ်းကြရာဝယ် “

ခင္ခSeptember 11, 20141min09

” သွေးခုန်နှုန်း စမ်းကြရာဝယ် “

 

သွေတိုးအကြောင်း သွေးတိုးပုံအကြောင်း ဖတ်ဖူးခဲ့တဲ့စာပေလွှာတွေထဲက ကျန်းမာရေးဗဟုသုတအနေနဲ့ သွေးခုန်နှုန်းစမ်းတာနဲ့ပက်သက်ပြီး ပြန်မျှဝေချင်ပါတယ်။

မိမိမှာသွေးတိုးနေလား၊ မိမိသွေးပေါင်ချိန်ဘယ်လောက်လဲ သိရအောင်သွေးခုန်နှုန်းကို စမ်းသပ်ကြလေ့ရှိကြ မှာပါ၊ ဒါပေမယ် တကယ်သွေးခုန်နှုန်းအမှန်ရဖို့အတွက် သွေးစမ်းတော့မယ်ဆိုရင် ခေတ္တ ခဏ နားပြီးမှသာ သွေးစမ်းရပါမယ်၊ ဆေးရုံဆေးခန်းတွေမှာ တွေ့နေရတာက ဆရာဝန်လာပြတဲ့ လူနာတွေက ဆရာဝန်ပြချိန် ဆိုရင်အရမ်းများတာရယ် သက်ဆိုင်ရာဆေးဝန်ထမ်းတွေ အလုပ်တစ်ခုပြီးရောတွေကြောင့် ကျွန်တော်တို့ တွေ့နေရတာတော့ လူနာက ဆေးရုံ၊ ဆေးခန်းကို အပြင်ကရောက်လို့ လူနာမှတ်တမ်းစာအုပ်ထပ်လိုက်ရင်ဘဲ တာဝန်ကျသူနာပြု ဆရာမက သွေးခုန်နှုန်းတိုင်းတော့တာမျိုးတွေ တွေ့မြင်ရတာများပါတယ်။

တကယ်တော့ အရေးပေါ်ဝေဒနာရှင်ကလွဲပြီး အပြင်ကရောက်လျှင်ရောက်ခြင်း သွေးမစမ်းသင့်ပါဘူး၊ ခေတ္တ ခဏ နားပြီးမှသာ သွေးစမ်းသင့်သလို၊ ဝေဒနာရှင်ကလည်း ဆေးရုံ၊ဆေးခန်း ရောက်ရင်ခဏခန့် ထိုင်ကာနားပြီး မှ သွေစမ်းစေခြင်းသည် သွေးခုန်နှုန်းကို တိကျတဲ့အဖြေရစေမယ်လေ။

တိုင်းရင်းဆေးကျမ်းမှာတော့ သွေးမစမ်းသင့်တဲ့ ပုဂိ္ဂုလ်(၁၄)ဦးကို ဖော်ညွှန်းထားပါတယ်။

၁။ ဆီလိမ်းကျံထားသောသူ

၂။ အိပ်ပျော်နေသူ

၃။ အစာစားနေသူ

၄။ အစားစားပြီးစသူ

၅။ ဆီသောက်ထားသူ

၆။ အခိုးပွင့်ဆေး၊ ငန်းဆေး စသည်တို့သောက်ပြီးစသူ

၇။ ချွေးထုတ်ခြင်း၊ သွေးထုတ်ခြင်း စသည်တို့ပြုထားသူ

၈။ ရေချိုးပြီးစသူ

၉။ အလွန်ဆာလောင်မွတ်သိပ်နေသောသူ

၁၀။ အပူကိုမှီဝဲပြီးစသူ

၁၁။ ကာမဂုဏ်ပြုပြီးစသူ

၁၂။ ကိုယ်ကို ပင်ပန်းနွမ်းနယ်အောင်ပြုပြီးစသူ

၁၃။ အားကစားလှုပ်ရှားမှုပြုပြီးစသူ

၁၄။ ခရီးရောက်မစိုက်သူ……………… တို့ဖြစ်ကြပါသည်။

စသောသူတို့သည် နှလုံးခုန်နှုန်း၊ သွေးလှုပ်ရှားစီးဆင်းနှုန်း ပုံမှန်မဟုတ်သောကြောင့် သွေးမစမ်းသပ်ရသူများ လို့ဆိုပါတယ်။ ထိုအဖြစ်အပျက်ရှိနေသောသူများကိုသွေးစမ်းလျှင် အဖြေမှန်မရနိုင်လို့ ဆိုပါတယ်။

တိုင်းရင်းသမားတော်တွေကတော့ သွေးစမ်းချိန်ကို နံနက်ပိုင်း စမ်းသပ်ခြင်းသည် သင့်လျှော်ဆုံးလို့ဆိုထား ပါတယ်၊ ဘာလို့လဲဆိုတော့ ဓာတ်များ၊ ကလာပ်များ တက်ကြွလန်းဆန်းသော အချိန်အခါဖြစ်ခြင်း၊ စိတ်ဓာတ် ကြည်လင်နေခြင်း၊ အကြောများတက်ကြွပွင့်လန်းနေခြင်း စသောအချိန်အခါဖြစ်လို့ အကြောနဲ့သွေးတို့၏ လည်ပတ်စီးဆင်းမှု မှန်ကန်နေခြင်းကြောင့် သွေးတိုးပုံမှန်ကန် တိကျမှုကို ရရှိနိုင်သောအချိန်ဖြစ်တယ်လို့ဆို ပါတယ်။ အရေးပေါ်လူနာများအတွက်တော့ လိုအပ်သည့်အချိန်တွင် တိုင်းတာရမည်ဖြစ်ပြီး ပုံမှန်တိုင်းတာသူ တွေ အတွက် သွေးစမ်းသင့်သောအချိန်ကိုဆိုလိုတာပါ။ နာတာရှည်ဝေဒနာလူနာအတွက်တော့ နံနက်ပိုင်းတွင် စမ်းသပ်သင့်သလို သွေးတိုးရောဂါရှိသူတွေလည်း မနက်ပုံမှန်တိုင်းသင့်ပါတယ်။

သွေးတိုးမှုစမ်းသပ်ခံမည့်လူနာ၏ ကိုယ်နေဟန်ထားသည် လဲလျောင်း၍ ပက်လက်အနေအထားဖြင့် စမ်းသပ် လျှင် ပိုတိကျကောင်းမွန်ပါတယ်၊

ခန္ဓာကိုယ်တွင် ရောဂါအခြေအနေပေါ်မူတည်ပြီး သွေးတိုးပုံမတူညီကြပါဘူး၊ ရှေးတရုတ်ကားတွေမှာ ကြည့်မြင်ရ သလို လူနာ ၏ လက်ပက်အနေအထားဖြင့် လက်ကောက်ဝတ်တွင် သွေးစမ်းမည့်ဆရာ၏ မညီညာသောလက် သုံးချောင်း (လက်ညိုး၊လက်ခလယ်၊လက်တကြွယ်) ကို သွေးကြောပေါ်တင်ပြီး လက်မကိုအခြားတဖက်တွင် ထားကာအားယူပြီး ဖွဖွလေးဖိထားလိုက်ရင် တင်ထားတဲ့လက်သုံးချောင်းကို တိုးလာတဲ့သွေးတိုးမှုပေါ်မူတည်ပြီး တိုင်ရင်းဆေးမှာ အတွင်းရောဂါကို ခန့်မှန်းတတ်ကြပါတယ်။ ဆိုလိုတာက နှလုံးသွေးကြောအဆီပိတ်ရောဂါ၏ သွေးတိုးပုံ(တနည်းသွေးလျှောက်ပုံ) နဲ့ အသည်းရောဂါ၏ သွေးတိုးပုံမတူပါဘူး။ ကိုယ်တိုင်လည်း ညာလက်ဖြင့် ဘယ်လက်မှာကသွေးကြောမှာ သွေးတိုး(သွေးလျှောက်)ပုံကိုစမ်းသပ်လို့ရနိုင်ပါတယ်၊

ဘာဘဲဖြစ်ဖြစ် လိုအပ်လို့ သွေးပေါင်ချိန်ရန်လိုတဲ့အခါ အဖြေမှန်ရဖို့ ခဏတာထိုင်ကာအနားယူပြီးမှ သွေးခုန်နှုန်း ချိန်သင့် ပါကြောင်း တိုက်တွန်းလိုက်ပါတယ်လေ။

 

 

ခင်ခ။

9 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 11, 2014 at 11:35 am

    အာ့ဆို….
    အခြေအနေ နဲ့ အချိန်အခါကိုကြည့်ပြီး သွေးတိုးစမ်းရမှာပေါ့နော်။

    :kwi:

    Reply

    • ခင် ခ

      September 11, 2014 at 1:03 pm

      အသိဝေဌမှု အကြံပေးရုံသက်သက်ပါဗျ
      သွေးတိုးစမ်းတာတော့ သဘောတော်မြတ်အတိုင်းပါဘဲနော်။

      Reply

  • Yae Myae Tha Ninn

    September 11, 2014 at 3:31 pm

    အရက်သောက်ထားရင်လဲ မရလောက်ဘူးနော်… ကိုခ… 🙂

    Reply

    • ခင် ခ

      September 11, 2014 at 4:11 pm

      မှန်တာပေါ့ဗျာ။ တွေးတတ်ပါပေ့နော်။

      Reply

      • Yae Myae Tha Ninn

        September 12, 2014 at 1:06 pm

        နီးစပ်ရာ ပြေးမြင်တာပဲ.. ခိ… သဘာဝတရားကိုး… 🙂

        Reply

  • Zaw Thant

    September 12, 2014 at 11:23 am

    .. တရုပ်ရှေးကားထဲမှာဆို ဘုရင့်သမီးလက်ကောက်ဝတ်ကို အပ်ချည်ကြိုးလေးပတ် သမားတော်က အဝေးကနေ အပ်ချည်ကြိုးလေးကိုင်လိုက်ရုံနဲ့ ရောဂါအကုန်သိတယ်၊ ကိုယ်ဝန်ရှိတာလည်းသိတယ်၊ ပိုင်တယ်ဗျ..

    Reply

    • ဇီဇီ ခင်ဇော် (15102012)

      September 12, 2014 at 11:25 am

      ခုခေတ် ဆြာဝန်တွေ နေခဲ့တော့နော်။
      ဟိဟိ။
      တုံဖုန်းပုပိုက်လောက် တောင် မတော်။

      ဖရောင်းတိုင်နဲ့ ဦးနှောက်ပါခွဲတာ။
      သဘောပေါက်!!
      :k:

      Reply

      • Zaw Thant

        September 12, 2014 at 1:10 pm

        .. အဲလောက်ကတော့ ကိုယ်တွေလည်းဖြစ်ပါတယ်.. ဖရောင်းတိုင်တောင်မလိုဘူး၊ အမွှေးတိုင်နဲ့တောင်ခွဲလို့ရတယ်.. လူနာအသက်ကတော့ အာမမခံဘူးပေါ့.. 😀

        Reply

  • ကိုပေါက်(မန္တလေး)

    September 12, 2014 at 11:56 am

    ဒါကြောင့် ဆေးခန်းတွေ ရောက်ရင် ဆရာဝန်က ချက်ခြင်းသွေး မတိုင်းချင်လို့ တိုကင်ယူပြီး ထိုင်စောင့် ခိုင်းထားတာနေမှာနော်

    Reply

Leave a Reply to Yae Myae Tha Ninn Cancel Reply

Your email address will not be published.