သေမထူး နေမထူး

ခင္ခSeptember 6, 20141min08

သေမထူး နေမထူး

ငါတို့ပြည်သူတွေ
ဘဝပင်လယ်ထဲ
အံခဲကာဒုက္ခချိုတွေနဲ့
လက်ပစ်ကူးတာကြာလှခဲ့
အသားရယ်ကျနေမှတော့
ပီအာမကလို့ဘာဘဲလာလာ
လုပ်ချင်တာသာလုပ်ကြပါတော့
ဝဋ်ကြွေးရှိရင် ကြေပါစေလို့
ရွာမှအဖွားစကားပါးတယ်
မျက်ဝန်းအိမ်ထဲမျက်ရည်စို့လို့ကွယ်။

ခင်ခ။

8 comments

  • မြစာကလေး (23122011)

    September 6, 2014 at 5:11 am

    ဒီနေ့ ကလေးကျောင်း လမ်းဘေးအုတ်စည်းရိုး လေးပေါ်မှာ ဝက်ဝံရုပ်လေး တွေ့လိုက်တယ်။
    ကြည့်ရတာ ကျောင်းလာတဲ့ကလေး ဒါမှမဟုတ် သူ့ကို လာကြိုရင်း ပါလာတဲ့ ကလေးတစ်ယောက် ရဲ့ အရုပ်လေး ကျကျန်ခဲ့တာ ကို တစ်ယောက် က ကောက်တင်ထားပေးတာ ထင်တယ်။

    အရုပ်ပျောက်တဲ့ ကလေး တော့ စိတ်မကောင်း ဖြစ်နေတော့မှာဘဲ လို့ တွေး ပြီး စိတ်မကောင်းဖြစ် သွားမိတယ်။
    တကဲ့လက်တွေ့မှာ အရုပ် ပိုင်ရှင်လေးက အိမ်က တစ်ခြား အရုပ်တစ်ကောင် ဒါမှမဟုတ် အရုပ်သစ် နဲ့ ပျော်ပြီး ကစားနေချင်လဲ နေမှာ။

    အဲဒါကို ကိုယ့်မှာသာ …….
    ဘာမှတော့ မဟုတ်ပါ ကိုခ ရယ်။
    တွေးမိတာလေးပါ။

    Reply

    • ခင် ခ

      September 6, 2014 at 9:05 am

      အရီးရဲ့တွေးမိတာလေးကို သဘောကျမိတယ်ဗျ

      Reply

  • kyeemite

    September 6, 2014 at 9:03 am

    .သေမထူး နေမထူးပေမဲ့
    .မသေခင် နေဖူးချင်ရဲ့
    .ငရဲတွင်းကလူသားလိုမဟုတ်ပဲ
    .တကယ့်လူသားစစ်စစ်တစ်ယောက်လို :p:

    Reply

    • ခင် ခ

      September 6, 2014 at 9:06 am

      ကျွန်တော်လည်း အမှန်ပြောရရင် ကိုကြီးမိုက်လိုဘဲ တကယ့်လူသားစစ်စစ်တစ်ယောက်လို နေဖူးချင်ပါရဲ့ ဒီနိုင်ငံမှာလေ။

      Reply

  • pooch

    September 6, 2014 at 10:24 am

    ခုတလော မြင်မိနေတာ ဘွဲ့ဝတ်စုံနဲ့ ဆန္ဒပြကြတယ် ဘွဲ့ရ ဆိုက်ကားနင်းကြတယ်ပေါ့
    ဒါပေမဲ့ ဘွဲ့ချင်းတူတာတောင် ဆိုက်ကားပဲ နင်းလောက်တဲ့ အရည်အချင်းမျိုး ပဲ သင်ယူခဲ့တဲ့သူက တော့ နင်းမှာပေါ့
    self learning လို ကိုယ်တိုင် သင်ယူချင်စိတ်ရှိတဲ့သူကတော့ ကျောင်းပြီးလို့ အလုပ်ရှာတာပဲဖြစ်ဖြစ် လုပ်ငန်းခွင် ဝင်သွားတာပဲဖြစ်ဖြစ် အနေအထားတခုမှာ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်ပါတယ်။

    ပညာရေးစနစ်မကောင်းတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ရဲ့ ခံယူချက် တွေကသာ ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးသွားတာပါ။ ဒီမှာက တခုခုဆို လွယ်လွယ်လက်လျှော့ လွယ်လွယ် အပြစ်တင်တတ်တာ အရိုးစွဲနေကြပြီ။

    နာဇီအကျဉ်းသားဘဝမှာ ရောက်ခဲ့တဲ့ ဂျူးလူမျိုး တယောက် သူနဲ့ ဘဝတူတွေက သေဖို့စောင့်ရင်း မျှော်လင့်ချက်မဲ့နေတဲ့ အချိန် သူက လူသေအလောင်းတွေပေါ် အဝတ်ဗလာနဲ့ လူသေယောင်ဆောင်ပြီး ရက်တော်တော်ကြာ ဟန်ဆောင်သီးခံခဲ့ပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ် အောင်မြင်ခဲ့တယ်
    နောက်ပိုင်း သူ့ရဲ့ လွတ်မြောက်နို်င်မှုက မှတ်တမ်းဝင်ခဲ့တယ်…
    လွတ်လမ်းမရှာနိုင်တဲ့သူတွေက တော့ ရက်ရက်စက်စက်အသတ်ခံခဲ့ရတာပေါ့

    ပြသာနာတိုင်းမှာ အဖြေရှိတယ်။ အဲ့ဒီ အဖြေကို ရှာဖို့ မကြိုးစားပဲနဲ့ ပြသာနာကိုပဲ ညည်းတွားနေရင် အချိန်ကုန် လူပန်းပြီး အားကုန်တယ်။ ဘယ်တော့မှလဲ လွတ်မြောက်မှာ မဟုတ်ဖူး။

    ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။

    Reply

  • kyeemite

    September 6, 2014 at 11:20 am

    pooch ကို အကြီးကြီးထောက်ခံပါဂျောင်းးးးး

    Reply

  • alinsett

    September 6, 2014 at 4:48 pm

    ကြွေးဟောင်းဆပ်တယ်လို့ သဘောထားပေမဲ့….
    အဲဒီ ကြွေးဟောင်းက…အတိုးယူလို့ မဆုံးတဲ့အခါ….

    😥

    Reply

  • ဇီဇီ ခင်ဇော် (15102012)

    September 6, 2014 at 7:21 pm

    ၂၀၁၅ အဖြေ စိတ်တိုင်းမကျလို့ကတော့ ကျနော်တို့ တစ်သက် စိတ်လျှော့လိုက်ပေတော့။
    :a:

    နိုးဟုတ်(ပ) ဖော် မြန်မာ ဝစ် သီ(စ) ဂျန်တာ ဂါးဗားမန့်

    😥

    Reply

Leave a Reply to pooch Cancel Reply

Your email address will not be published.