ရွှေအကြောင်းသိကောင်းစရာ 147,148

Zaw AungSeptember 4, 20141min04

ရွှေအကြောင်းသိကောင်းစရာ(147)
(စဉ်146 မှ အဆက်)
ကျွှန်တော့အစ်ကိုဝမ်းကွဲဆိုင်မှာ ပန်းတိမ်ဆရာတစ် ယောက် ခေါ်ထားတယ် စပေါ်မတင်ထားဘူး ဆိုင်မှာပဲလုပ်တယ။် ညနေဆိုင်ပိတ်လို့ မပြီးသေးရင်လဲ အကုန်ပြန်အပ်ရတယ်။ တစ်ရက်မှာ လက်ကောက်လုပ်ဖို့ ရွှေ ၃ ကျပ်သားလောက်ချပေး လိုက်တယ်။လက်ကောက်လုပ်ရင် နန်းကြိတ်ဆိုုင်မှာ နန်းသွားကြိတ်ရတယ်။ ဒါနဲ့ ၂၉ လမ်းမှာ နန်းသွားကြိတ်လိုက်အုံးမယ်ဆိုပြီး ထွက်သွားတာ ပြန်ပေါ်မလာတော့ဘူး ။ နန်းကြိတ်ဆိုင်သွားမေးတော့ မလာဘူးဆိုတော့ သေချာပြီ လစ်ပြေးတာ သူ့ကိုသွင်းပေးထားတဲ့ သူ့ယောက်ဖ ခေါ်မေးတော့ သူလဲမလျော်နိုင်ဘူးတဲ့ ဒါနဲ့အမှုဖွင့်လိုက်ကြတယ်။ သူနေတဲ့အိမ် ရပ်ကွက်မှာ သွားစုံစမ်းတော့ မိန်းမခိုးပြေးသွား သလိုလိုသတင်းကြားတယ်။ သူ့မှာ လဲမိန်းမနဲ့ ခလေးမွေးထားတာမှ မကြာသေးဘူး။ (စဉ် 148 သို့ )

ရွှေအကြောင်းသိကောင်းစရာ (148 ) (စဉ် 147 မှအဆက်)

တပတ်လောက်နေတော့ သူ့ရပ်ကွက်ထဲက တစ်ယောက်က သတင်းပေးတယ်။ဧရာဝတီတိုင်းက ရွာတစ်ရွာမှာ သူရဲ့နောက်မိန်းမနဲ့ အတူရှိနေတယ်တဲ့ ရဲကိုပြောတော့ ရဲကမအားလို့ဆိုပြီးသွားမဖမ်းပေးဘူး အထက်ကိုတိုင်မယ်ပြောလိုက်မှ ကိုယ့်လူတစ်ယောက်နဲ့ ရဲနဲ့အဲဒီရွာကို သွားပြီးဖမ်းလာရတယ်။ သူရောင်းခဲ့တဲ့နေရာတွေမှာ ရွှေပြန်လိုက်သိမ်းရတယ်။ အားလုံးပြန်ရပေမယ့်စရိတ်စကနဲ့တော်တော်ကုန်သွားတယ်။သူလဲထောင်နှစ်နှစ် ကျသွားတယ်။ဒါမျိုးလုပ်ရင် ပြေးလို့မလွတ်ပါလား။ဒီလိုမျိုးခ ံရတာပါလားဆိုတာ သိသွားတော့ နောက်ထပ်ပန်းတိမ်ဆရာတွေ မလုပ်ရဲကြတော့ဘူးပေါ့။တစ်ချို့ရွှေဆိုင်တွေဆို ပန်းတိမ်မအပ်တော့ဘူး လက်ကားရောင်းတဲ့ ဆိုင်ကပဲယူရောင်းလိုက်တော့တယ်။ အလုပ်ရှုပ်သက်သာသွားတာပေါ့။

4 comments

  • ခင် ခ

    September 4, 2014 at 8:47 pm

    ရွှေဆိုင်တစ်ခုရဲ့ နောက်မှာလည်း ဇာတ်လမ်းလေးတွေရှိတာဘဲနော်
    ဝယ်ရုံရောင်းရုံနဲ့မကပါဘဲလေ

    Reply

  • မြစာကလေး (23122011)

    September 5, 2014 at 4:30 am

    စီးပွါးရေးသမား တွေ ကလဲ မှန်ကန်တဲ့ ဥပဒေ ရှိဖို့ လိုလား ကြမှာပါ နော်။
    တကယ်တော့ မှန်မှန်ကန်ကန် နေတဲ့ ကိုယ့်အားကိုယ်ကိုး နိုင်တဲ့ လူတွေ အဖို့ အများအတွက် အကာအကွယ်ပေး တဲ့ ဥပဒေကောင်းကောင်း ကို ကြိုဆိုကြ မယ် ထင်ပါရဲ့။
    ဒါဆို ပိုပြီး လဲ စီးပွါးရေး လုပ်လို့ ကောင်းလာမှာထင်ရဲ့။

    Reply

  • Zaw Aung

    September 5, 2014 at 6:59 am

    yes. we need good law.

    Reply

  • kyeemite

    September 5, 2014 at 4:08 pm

    ပြသနာကတော့ လုပ်ငန်းတိုင်းကြုံရမှာပဲ..ဥပဒေစိုးမိုးဖို့သာလိုတယ်

    Reply

Leave a Reply

Your email address will not be published.