“ အဲ့ ဒီ ည က ကျ နော် ဥဩ တွေ ဆွဲ တယ်“

“ အဲ့ ဒီ ည က ကျ နော် ဥဩ တွေ ဆွဲ တယ်“

 

တစ်ရက်မှာ

တူရာလူတွေစုပေါင်း

လုပ်ငန်းတစ်ခုအောင်စေကြောင်းအတွက်

ဆုတောင်းပွဲလေးတစ်ခုကျင်းပကြပါတယ်။

မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ

တောာက်ပစွာ

ပလွှားစွာ

အားကျစရာ

အဆင်အယင်တွေနဲ့

လမ်းသလား ကြ

အော်ကြ ခေါ်ကြ

ပြောင်ကြ နောက်ကြ

မတွေ ့ ဘူး သေး တဲ့ သူ တွေကလဲ

ကျနော်က တော့ ဘယ်သူပါဆို ပြီး

လက်တွေ ဆွဲလို့မိတ်ဆက်ကြ

ဖုန်းနံပါတ်တွေလဲကြ

လိပ်စာကဒ် တွေကို စားပွဲပေါ် ကြဲချ

တကယ် ကို ပျော်စရာကြီးပါနော်။

ပဏာမ အခင်းအကျင်းအဖြစ်

ဟင်နီကင် နဲ့ တိုက်ဂါး

အမည်သညာပေးထားတဲ့

သံဗူး တွေ နဲ့

ကွင်း စ ဖွင့်လို်က်ကြပါတယ်။

ပဋိသန္ဓာရ

ချိုမြစွာသော

မိတ်ဆက်စကားတွေ

ပြောကြတဲ့ အခါသမယမှာတော့

လက်ခုပ်သံတွေမြိုင်နေအောင်တီးလိုက်

အောင်ပါစေ အော်လိုက်နဲ့

အားလုံးအားလုံး

ယစ် မူး ပျော်ရွှင်

ချစ် ခင်ခြင်းတွေ ကို ပြ ကြ ပါတော့တယ်။

သိပ်မကြာခင်

ဟင်းပွဲတွေအချ

ကရိဝိက်နဲ့ကျား တွေက

စားပွဲပေါ်မှာ နေရာယူ

တို့သူတို့

တိုက်သူတိုက်

သောက်သူသောက်

စားသူစား

ဝါးသူဝါး

အပြီးမှာ

လေထဲကို

ခွက်တွေမြောက်လို့

အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတွေ

ဒုတိယမ္ပိ ထပ်မံတောင်းရင်းက

ခွက်တွေကို ၄၅ဒီဂရီစောင်း

ပါးစပ်ထဲကို အားလုံး လောင်းထဲ့လ ိုက်ကြပါတော့တယ်။

အတော်များများနဲ့သိနေသော

ကျနော်ကတော့

ဟိုဘက်ဝိုင်းသွားလိုက်

ချီးယားလုပ်လိုက်

စကားတွေပြောလိုက်

ဒီဘက် ဝိုင်းသွားလိုက်

ကမ်ပေ့လုပ်လိုက်

ရီလိုက်မောလိုက်

ကျား စီး တဲ့ အခါ စီး

ကရိဝိတ်ကြီးနဲ့ လိုက် လို့ လိုက်

တုတ်ကောက်ကိုင်ပြီးလမ်းလျှောက်လိုလျှောက်

အနက်ရောင် ခေါင်းနှစ်လုံးကို ကိုင်လိုကိုင်

စကော့တလန်စမ်းရေသောက်လိုသောက်

အတော်လေးကိုမြောက်သွားပါတယ်။

ဝိုင်းကြိးပါတ်ပါတ်

ဘယ်နှစ်ပါတ် ပါတ်မိမှန်းတောင်

မသိတတ်တော့တဲ့အချိန်

ည ကိုးနာရီ အခွဲ

ပျော်ပွဲရွှင်ပွဲ လဲ အဆုံးသတ်

စီးယူ လိတ်တား

စကားတွေ အထပ်ထပ်ပြောရင်း

လက်တွေပြလို့

လူစုအခွဲ

အိမ်ထဲပြန်အရောက်မှာတော့

ကျနော် လေ ……

ကျနော်

အဲ့ဒီညက…………………… ……………………………….. ………………………………………………….. …………………………………………………………………။

(လွန်လေပြီးခဲ့သော နေ့ လေး တစ်နေ့ ကိုအမှတ်တရ)

ကိုပေါက်လက်ဆောင်အတွေးစဉ်

                                                                 31-8-2014

 

15 comments

  • kyeemite

    September 2, 2014 at 8:48 am

    .ဥဩ တွေ ဆွဲ တယ်…ဆန်ပြုတ်တွေရောင်းတယ် :))
    .လိုင်းစုံ သွားတာကိုးဗျ…

    Reply

  • ခင် ခ

    September 2, 2014 at 9:01 am

    ကိုပေါက်က စွမ်းသဗျ အိမ်အထိပါဆယ်သယ်သွားနိုင်တယ်နော် ကျွန်တော်ကတော့ လမ်းဘေးတစ်မှာထိုင်ပြီး ဆက်မသယ်နိုင်တဲ့ဝမ်းထဲကပါဆယ်ကို ဥဩဆွဲထုတ်ခဲ့ဘူးပါရဲ့။
    တစ်ခါတုန်းကပေါ့ဗျာ။

    Reply

  • ကိုခ ရေ

    ကိုခ က အိမ်နဲ့ ဝေးတဲ့ နေရာ သွား သွားသောက်တာကိုးဗျ။

    ကျနော် က အိမ်ပြန်ရတာ မဝေးတော့ အိမ်အထိ အပါ သယ် သွားနိုင်တာပေါ့

    နောက်ခါ ပါ ဆယ် ဆွဲ ခြင်ရင် အိမ်နဲ့ နီးတဲ့ နေရာမှာသောက်

    Reply

  • Yae Myae Tha Ninn

    September 2, 2014 at 11:41 am

    လေးပေါက်ရေ.. ကျွန်တော်ကတော့ ဥဩထက်… ပလွတ်ကျပ်တတ်တဲ့ ကောင်ဗျ.. ဟီး… 🙂

    Reply

  • kai

    September 2, 2014 at 3:04 pm

    လူသားတွေအတွက်.. အကောင်းဆုံးသဘာဝပေးလက်ဆောင်တခုကို…
    သုံးစွဲပြီး.. လိုက်ရစ်တတ်တဲ့သူတွေကို သိပ်မုန်းတာပဲ…ဘုရားသခင်…။

    ကဲ.. သောက်ပြီး… ပျော်ကြ…
    ပျော်မှ.. သောက်ကြ :k:

    Reply

    • ုကိုခိုင်

      ငယ်ငယ်ကတည်းက ကျနော် နဲ့ အရက်တွဲ သောက်ချင်သူများတယ်

      ရီစရာတွေပြောတတ်လို့

      တစ်ခါလောက်အတူသောက်ကြရအောင်

      Reply

  • Paing Lay

    September 2, 2014 at 3:54 pm

    အနော်ကတော့ ရေချိန်လွန်သွားရင် ထိုးအိပ်သွားတာများတယ် :k:

    Reply

  • Myo Thant

    September 2, 2014 at 4:09 pm

    ကျနော်ကတော့ သိပ်မူးလာရင် ဥဩမဆွဲတတ်ပေမယ့်

    ဘယ့်နှယ် မာဆတ်ကိုပဲ တည့်တည့်မတ်မတ် ရောက်တတ်မှန်း မသိတော့ပါဘူးဗျာ ၊

    ဟီး ဟီး နောက်တာနော် 🙂

    Reply

  • alinsett

    September 2, 2014 at 4:13 pm

    ကျနော်ကတော့… ဥဩဆွဲသံကြားရင်… ဥဩဆွဲချင်သူ

    :mrgreen:

    Reply

  • Mr. MarGa (12512)

    September 3, 2014 at 9:12 am

    ဥဩတွေ ဆွဲလိုက်
    ဆန်ပြုတ်တွေ ကျိုလိုက် နဲ့
    ပျော်ဇယာဂျီးပေါ့လေ… 🙂

    Reply

Leave a Reply to ခင် ခ Cancel Reply

Your email address will not be published.