” အမြဲအစဉ် သာနေမြဲ”

ခင္ခAugust 29, 20141min03

” အမြဲအစဉ် သာနေမြဲ”

 

နေမင်းကြီးရဲ့ အလင်းရောင်

ထွန်းလင်းတောက်လို့ ပူပူလောင်

လောကတခွင် သူမရှိ

မဖြစ်ကြလို့ သူ့မျှော်၏

သူကနေ့အခါ လာသာလာ

တစ်ခါတလေ ပုန်းလို့သွား

တိမ်နောက်ထဲကို ရောက်ပါလား

သို့သော်ညအခါ သူမရှိ

နောက်မနက်မှ ထွက်လာ၏။

 

လမင်းကြီးရဲ့ အလင်းရောင်

ကြည်လင်လှလို့ အေးမြဆောင်

အပြည့်အဝ ထွန်းသည်ကား

ရက်အနည်းငယ် ရှိသည်ပ

ကျန်ရက်များမှာ လျော့ကာသွား

တစ်ချို့ရက်မှာ မှောင်လို့ထား

သို့သော်နေ့အခါ သူမရှိ

ညအခါမှ ထွက်လာ၏။

 

မိဘတို့ရဲ့ မေတ္တာရောင်

နေလိုလဲဘဲ ထွန်းသည်မောင်

လလိုလည်းဘဲ အေးတယ်ကွယ်

နေ့နေ့ညည ပျောက်မသွားဘဲ

အမြဲအစဉ် သာနေမြဲ။

 

ခင်ခ။

3 comments

  • တိမ်မည်း

    August 29, 2014 at 10:03 am

    လေးခရေ… ဖတ်သွားပါတယ်ဗျို ့

    Reply

  • Myo Thant

    August 29, 2014 at 10:14 am

    ရေးတတ်တဲ့ ကိုခရေ

    ဟုတ်သဗျို့

    Reply

  • မိဘမေတ္တာ ဆို တာ သားသမီး ဘက်ကသာ ပျက် ကွက်ရင် ပျက်ကွက်မယ် မိဘတွေ ဘက် ကတော့ မပျက်ကွက်

    ပျက်ကွက်ခဲ့ တယ် ဆိုရင်တောင်မှ ကိုယ့် ရှာမစားနိုင်ခင်က ကျွေးမွေး ပေး ခဲ့ တယ် ဆို တဲ့ အသိ တရားလေးတော့ ရှိသင့်ပါတယ်

    Reply

Leave a Reply

Your email address will not be published.