ဒေသဘုရားများ ဖူးကြစို့

ခင္ခAugust 26, 20141min07

” ဒေသဘုရားများ ဖူးကြစို့”

 

ဒေသတစ်ခု ပြယုဒ်ပြုလို့
တန်ခိုးကြီးဘုရားတွေရှိကြတယ်
ရန်ကုန်မှာဆို ရွှေတိဂုံနဲ့
ဆူးလေ ဗိုလ်တထောင်ဖူးရမယ်
သန်လျှင် ကျောက်တန်း
ရေလည်ဘုရားနဲ့ ကျိုက်ခေါက်စေတီ
ဖူးမဝဖွယ်
ပဲခူးရွှေသာလောင်း ဟင်္သာကုန်းနဲ့
မဟာစေတီ ဝင်ဖူးကွယ်
ကျိုက်ထိုဘက်တော့ မှဲ့ရှင်ဘုရားနဲ့
ကျိုက်ထီးရိုးတောင်ပေါ် တက်ကြမယ်
သထုံမှာဆို ဝင်ကာဖူးဖို့
မြသပိတ်စေတီ တည်ထားတယ်
ရွှေတောင်ဝင်ရင် ရွှေနတ်တောင်နဲ့
ရွှေမျက်မှန်ဘုရား ဆုတောင်းသွယ်
ပေါင်းတည်စွယ်တော် နံမည်ကြီးလို့
ဖူးမဝကာ ကြည်ညိုဖွယ်
ပြည်ဘက်မှာတော့ ရွှေဆံတော်နဲ့
ဆယ်ထပ်ကြီးဘုရား တင့်လို့တယ်
မကွေးရောက်တော့ မြသလွန်မယ်
ဘီလူးကြီးတွေ စောင့်ရှောက်တယ်
ဟိုဘက်ကမ်းကို ကူးကာသွားရင်
မင်းဘူးရွှေစက်တော် ရောက်လိမ့်မယ်
မုံရွာရောက်ရင် ဗောဓိတစ်ထောင်နဲ့
သမ္ဗုဒ္ဓေဘုရား ဝင်ဖူးကွယ်
ကျောက္ကာမြို့ဘက် ခြေဦးလှည့်ရင်
ရွှေဂူနီဘုရား ရွှေချမယ်
စစ်ကိုင်းမှာတော့ ကောင်းမှုတော်နဲ့
ဆွမ်းဦးပုံညရှင် တန်ခိုးကြီးဖွယ်
ကျောက်ဆည်မြို့ဘက် ပတ်ကာသွားရင်
ရွှေသိမ်တော်ဘုရား ဖူးသင့်တယ်
မန္တလေးကို အလည်ရောက်ရင်
မဟာမြတ်မုနိ ဖူးမဝကွယ်
တောင်ပေါ်တက်ကာ ရှုခင်းသာနဲ့
မန်းတောင်ဘုရားက သာယာတယ်
ပြင်ဦးလွင်ဘက် ခြေဆန့်တက်ရင်
အံထူးကံသာ ဝင်ဖူးကွယ်
သဘာဝလှိုင်ဂူ အတွင်းမှာလည်း
စေတီဘုရား တည်ကာထားတယ်
အမည်ခေါ်ဝေါ် ပိတ်ချင်းမြောင်တဲ့
တောင်ကွဲစေတီ နံမည်ကြီးလို့
လွိုင်ကော်ရောက်ရင် ဖူးသင့်တယ်
တောင်ကြီးကနေ တဆင့်သွားလို့
အင်းလေးဘုရားများ သွားဖူးဟယ်
ပုဂံကတော့ ဘုရားစုံပြီး
လက်ရာမြောက်လို့ နံမည်ကြီးတယ်
ရွှေစည်းခုံနဲ့ ဗူးဘုရားရယ်
အာနန္ဒာဘုရား ဖူးမဝကွယ်
ပခုက္ကူကို တက်ကာသွားရင်
သီဟိုရှင်ဘုရား ဖူးရမယ်
လမ်းမှာဖြတ်သွား ပခန်းရောက်ရင်
သိကြားဆက်လာ သရက္ခန်ဘုရား
တန်ခိုးကြီးလို့ မွှေးလှတယ်
ဘာရယ်မဟုတ် အားနေသူကျုပ်
ရောက်တဲ့ဒေသ ဖူးချင်လှရင်
သိကြဖို့အတွက် ရေးမိတယ်။

ခင်ခ။

7 comments

  • Ko chogyi

    August 26, 2014 at 8:41 am

    သာယာတဲ့နံနက်ခင်းမှာ မင်္ဂလာရှိတဲ့ကဗျာလေး ဝင်ဖတ်သွားပါတယ်

    Reply

  • ခင် ခ

    August 26, 2014 at 9:57 am

    Ko chogyi ဝင်အားပေးတာ ကျေးဇူးပါ။

    Reply

  • alinsett

    August 26, 2014 at 4:09 pm

    ဘုရားတွေ နေရာစုံအောင် လိုက် ကြည့် ချင်မိပါရဲ ့ဗျာ ။

    :kwi:

    Reply

  • ကိုခင်က စာ နဲ့ ရှေးတုန်းက ညွန့်ဝင်းဆိုထားတဲ့ ဘုရား ဖူး လည်မယ် သီချင်းတွဲ နားထောင်ရ မယ်

    Reply

  • မြစာကလေး (23122011)

    August 30, 2014 at 12:00 am

    ရခိုင် ဘက်တို့ မြစ်ဝကျွန်းပေါ် ဘက် တို့ ကို လမ်းမသင့် လို့ မဝင်တော့ တာ လား ကိုခ။ :-))

    Reply

    • ခင် ခ

      August 30, 2014 at 9:12 am

      ရခိုင်ဘက်က နယ်မြေ မအေးသေးဘူး မြစ်ဝကျွန်းပေါ် လမ်းမသာပါနော် မိုးတွင်းခါမိုးများနေလို့ မဝင်ဖြစ်သေးတာပါ အရီးရေ။

      Reply

  • manawphyulay

    August 30, 2014 at 2:04 pm

    မုံရွာရောက်ရင် ဗောဓိတစ်ထောင်နဲ့
    သမ္ဗုဒ္ဓေဘုရား ဝင်ဖူးကွယ်
    ကျောက္ကာမြို့ဘက် ခြေဦးလှည့်ရင်
    ရွှေဂူနီဘုရား ရွှေချမယ်
    စစ်ကိုင်းမှာတော့ ကောင်းမှုတော်နဲ့
    ဆွမ်းဦးပုံညရှင် တန်ခိုးကြီးဖွယ်
    ကျောက်ဆည်မြို့ဘက် ပတ်ကာသွားရင်
    ရွှေသိမ်တော်ဘုရား ဖူးသင့်တယ်
    ပြင်ဦးလွင်ဘက် ခြေဆန့်တက်ရင်
    အံထူးကံသာ ဝင်ဖူးကွယ်
    သဘာဝလှိုင်ဂူ အတွင်းမှာလည်း
    စေတီဘုရား တည်ကာထားတယ်
    အမည်ခေါ်ဝေါ် ပိတ်ချင်းမြောင်တဲ့
    တောင်ကွဲစေတီ နံမည်ကြီးလို့
    လွိုင်ကော်ရောက်ရင် ဖူးသင့်တယ်
    တောင်ကြီးကနေ တဆင့်သွားလို့
    အင်းလေးဘုရားများ သွားဖူးဟယ်

    ဒီနေရာတွေ လိုက်ပို့ကွယ်
    ရောက်ချင်တယ်.. ရောက်ချင်တယ်… :mrgreen:

    Reply

Leave a Reply to မြစာကလေး (23122011) Cancel Reply

Your email address will not be published.