ကြေးစည်သံ

ခင္ခAugust 24, 20141min03

“ကြေးစည်သံ”

 

 

ကြေးစည်သံလေး တဝေဝေ
အပေါ်ထပ် ဘုရားခန်းကလေ
အမေကြီးတီးလို့ အမျှဝေ
မနက်စောစော သံသာနေ။

ကြေးစည်သံလေး တလွင်လွင်
ရွာဘုန်းကြီးတို့ ဆွမ်းခံဝင်
လောင်းလှုကြလို့ ကုသိုလ်ပြု
မြင်သူအေးလို့ ချမ်းမြေ့စု။

ကြေးစည်သံက တူဝေတူဝေ
လိုက်ပါပို့ဖို့ လူစုကြလေ
ကျန်ရစ်သူများ ငိုကြလို့နေ
သံဝေဂ မြင်သူရကြစေ။

ကြေးစည်သံက တသာသာ
ရွာထိပ်တောင်ပေါ် စေတီကလာ
ညချမ်းချိန်ခါ ကုသိုလ်မျှ
ဘုရားဖူးနဲ့ လွန်စည်ပါ့။

ခင်ခ။

3 comments

  • manawphyulay

    August 25, 2014 at 9:29 am

    ကြေးစည်သံမှာတောင် အမျိုးအစား အတော်ခွဲတယ်နော်။

    သာယာမှု
    အေးချမ်းမှု
    ဝမ်းနည်းမှု
    ပူဆွေးမှု
    များနဲ့ ပေါင်းစည်းထားတဲ့ ကြေးစည်သံသာများစွာကို နားထောင်မိပါတယ်။

    Reply

  • Mr. MarGa (12512)

    August 25, 2014 at 10:47 am

    ကြေးစည်သံ….
    တညံညံနဲ့
    စီစီညံဝေ
    သာရေးမလည်း သူ ပါသလေ…
    နာရေးမလည်း သူ ပါသလေ…
    တို့ မြန်မာပြည်..
    ကြေးစည်သံတွေ.. တဝေဝေ..

    Reply

  • alinsett

    August 25, 2014 at 1:37 pm

    ကြေးစည် လှူရင် နောင်ဘဝ အသံကောင်းမယ်ဆိုလား….

    :mrgreen:

    Reply

Leave a Reply

Your email address will not be published.