” မျှတစွာဘဲ စားကြပါ “

ခင္ခAugust 23, 20141min04

” မျှတစွာဘဲ စားကြပါ “

 

ထန်းညက် နဲ့ သကြား

ချိုသည် ထားလို့

ဆား နဲ့ ငပိရေ

အငံ တွေနော့

သံပရာ ရှာလကာ

အချဉ် ဓာတ်ပါ

ကြက်ဟင်းခါးသီး

အခါး ပါသမို့

ငရုတ်သီးတောင့်စိမ်း

အစပ် ကိန်းကာ

ချို ချဉ် ငံ ခါး

အစပ်များနဲ့

သဘာတရား

ဖန်တီးထားလို့

အမျိုးရသာ စုံလှသည်၊

 

လွန်ကဲစားမိ

မကောင်းသည်ရှိ

ဥပမာပေး

ရေးပြအုံးမည်

အချိုများစွာ

စားသည့်သူမှာ

ဆီချိုရန်ဘေး

တွေ့နိုင်သေးသလို

အငံကဲပို

စားမည်ထိုထို

သွေးတိုးဖြစ်ရန်

ရာနှုန်းများပြန်

ထိုကြောင့်အစား

သင့်လျှော်ထားလို့

စုံကာ ရသာ စားကြပါဗျာ။

 

 

ခင်ခ။

4 comments

  • ကို ငြိမ်းမောင်

    August 23, 2014 at 4:25 pm

    တစ်ခါတလေ အသိနောက်ကို သတိမရောက်ဘဲ အချိန်မရတော့လည်း စားမိစားရာ စားဖြစ်တာပါဘဲဗျာ။

    Reply

  • အလင်းဆက်(24/05/2011)

    August 23, 2014 at 6:10 pm

    ဆာဂဗျေး (ဆေးကဗျာ )

    :mrgreen:

    ဆေးဆန်တဲ့ကဗျာကို
    ပြေးပြန်လို ့လာဖတ်ခဲ့ပါကြောင်း

    Reply

  • မြစာကလေး (23122011)

    August 24, 2014 at 2:51 am

    အချဉ် စားလွန်းရင် ရော ကိုခ။
    ငယ်တုန်းကတော့ အချဉ်စားရင် ပိန်တယ် ဆိုပြီး သံပုရာရည်ချည်း နင်းကန်သောက်တာ။ :-))

    Reply

    • ခင် ခ

      August 24, 2014 at 3:24 pm

      သဘာဝ အသီးအနှံတွေရဲ့တိုက်ရိုက်အချဉ် အစားများတာတော့ ဘာမှမဖြစ်ပေမယ့် ပြုပြင်ထားတဲ့ အချဉ်များများ ကြာရှည်စားရင်တော့ အူ နဲ့ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်

      Reply

Leave a Reply to ခင် ခ Cancel Reply

Your email address will not be published.