သူငယ်ချင်း သိပါစေ

ကာရံAugust 23, 20141min01

ကြမ်းတမ်းတဲ့ ဘဝခရီးကြမ်းမှာ မင်းလေးမောဟိုက်နေရောပေါ့
ငါကမ်းလင့်ချင်ပါတယ် အားအင်တစ်ချို့ လောဘ လှေကားထစ်
ကိုတက်မလှမ်းချင်ပါနဲ့

နွေးထွေးတဲ့ အကြင်နာလက်ကလေး ကြိုဆိုနေကြတယ်
ပန်းကလေးရယ် မနွမ်းလိုက်ပါနဲ့နော် ငါလေဘေးမှာ
စမ်းချောင်းလေးအဖြစ် ရပ်တည်ပေးချင်သေးတယ်

အတ္တတွေ အရိပ်ဆိုးနဲ့ လမ်းမထက်မှာ ဖြန့်ကျဲနေကြတယ်
မေတ္တာအတိမ်အနက်ကို လက်ချိုးမရေချင်ပါနဲ့
စိတ်ထဲမှာ အမြတ်ဒေါသဆိုးတွေ အတိုးနဲ့ ကျန်ရစ်နေလိမ့်မယ်လေ

သူငယ်ချင်း သံသရာခရီးကြမ်းမှာ မင်းလမ်းတစ်ဝက်က
ဖြတ်မပြန်ချင်စမ်းပါနဲ့ လင်းလက်ကြယ်လေး အမြဲမသာပေမယ့်
ပန်းတိုင်းမရောက်မချင်း ဆက်လျှောက်စေချင်တယ်

ဒေါသကိုအရောင်မဆိုးပါနဲ့ကွာ လိုတိုင်းတမရပေမယ့်
ငိုတိုင်းပြီးမသွားတဲ့ ချိန်နာရီ စက္ကန့်တိုင်းမှာ
နာကျည်းချက်များ အနိုင်ကြဲနေကြလိမ့်လေ

သူငယ်ချင်းဆက်ရမယ့် ခရီးလမ်း မပြီးဆုံးသရွှေ့တော့
ဘဝအမောတွေကို လှောင်ပြုံးလေးနဲ့ရယ်လိုက်ပါ
တစ်နေ့ အနိုင်ရမယ့် ပန်းတိုင်က လက်တစ်ကမ်းမှာ ရှိပါတယ်

ကာရံ ၂၃ ့၈ ့၂၀၁၄

One comment

  • Alinsett@Maung Thura

    March 24, 2015 at 5:55 pm

    .ပြောတော့ဖြင့် လက်တကမ်း…
    လှမ်းလို့ကို မမိနိုင်ဘူး..
    ငါ့လက်များ…လက်မစစ်လို့လား..

    :buu:

    Reply

Leave a Reply to Alinsett@Maung Thura Cancel Reply

Your email address will not be published.