ဘာသာရပ် မတူညီခြင်း…

ကုိ ထြဋ္August 21, 20141min06

ဟီး.. ပထမက ပို့စ်တင်ဖို့ မဟုတ်ပါဘူး.. ဇီဇီကို နောက်ပြီး ကော်မန့်ရေးဖို့ပါ…

လက်တမ်းချရေးလိုက်တာ… ကိုယ့်သာသာ သဘောကျသွားလို့…

စိတ်ဆိုးသွားရင် ချောတီးနော် ဇီဇီ… 🙂

တကယ်တော့ ဇီဇီက မိန်းကလေးဆိုတော့ အတွေးတမျိုးပေါ့…

ကျွန်တော်ကတော့ ယောကျာင်္းလေးဆိုတော့ တမျိုးပေါ့..

အဓိကက ဘာသာရပ်မတူတာပါ…

တကယ်လို့ သဘောမကျရင် ဖျက်လိုက်ပါနော်….

 

စိတ်ညစ်ရင် ရှာကြံ ရီ တယ်။

.
စိတ်နာရင် များများ ပြုံးတယ်။

.
ရန်သူ ကို နီးနီးထားတယ်။

.

.
ချစ်သူကို ဝေးဝေးမှာ နေခိုင်းတယ်။

.

.
စိတ်ညစ်ရင် အလှပြင်ပြီး စိတ်ပျော်ရင် ထင်သလိုနေတယ်။

.

.

ကိုယ် နေသာထိုင်သာမရှိရင် သူများကို လိုက်နှောက်ရှက်တယ်။

.

သတ်ချင်တဲ့သူကို ကျောသပ်ပြီး
မြတ်နိုးတဲ့ သူကို စကားနာထိုးတတ်တယ်။

.

.

ချစ်သူနဲ့ တော်စပ်ရမဲ့ ပြိုင်ဘက်ကို ဝိုင်းစုခိုင်သိန်းလောက်တော့ ဖြစ်စေချင်ပြီးးး
ရန်သူ့လက် ချစ်သူရောက်တဲ့နေ့ ကိုယ့်ကိုယ်ကို သတ်သေမိမလား မပြောတတ်။

..

သများ ရူးသွားပြီလားဟမ်?

 

ဒါက Original ပါ…

 

Feeling ပြဲကြောင်.!!!…

စိတ်ညစ်ရင် အရက်သောက်…

စိတ်နာရင် အမြည်းမစား…(အမြည်း အရင်မလုပ်ပေးဘဲ ဟင်းအရင်ချက်ရင်)

သေမင်းကို နီးနီးထားတယ်… (High Class ပုလင်းဘေးထားအိပ်တာကိုး)

စစ်ကူကို ဝေးဝေး နေခိုင်းတယ်… (ပြောမရတော့ အမေတို့ကို တိုင်မှာစိုးလို့)

စိတ်ညစ်ရင် ပုလင်းထောင် မူးပြီးရင်တော့ ပြဲသွားတယ်…

သတ်ချင်တဲ့သူကို နားဖာချီးခပ်ပြီး…

မြတ်နိုးတဲ့သူဆို ပြေစာထိုးပေးတတ်တယ်….

ချစ်သူနဲ့ တော်စပ်ရမဲ့ ယောက်ဖကို အသေးတလုံး အကြီးတလုံး ဖြစ်စေချင်ပြီး…

ယောက္ခမအိမ်ကို ချစ်သူနဲ့ ရောက်တဲ့နေ့ ကိုယ့်ဘာသာ ငတ်သေမလား ထင်ထားတယ်…(မိန်းမက စိတ်ဆိုးပြီး ထမင်းမပြင်ပေးတော့ဘူး… အရက်ချည်းလိမ့်သောက်လို့တဲ့… ဟီး အိမ်မှာဆို ၂ ပက်ထက်မပိုရဘူးလေ)

ကို တော့ မူးသွားပြီလား ဟင်….

PS: ခင်လို့စတာနော်… ဟီး… :)

 

ဒါလေးက ကျွန်တော် ရွှေညာဏ်တော် စူးရောက်ထားတာ…. ဟီး… 🙂

6 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 21, 2014 at 10:17 am

    အဟီးဟီးးး
    ဘာမှ မပြောနိုင်တော့ဘူးးး
    ရီသွားတယ်။

    :mrgreen:

    Reply

  • Yae Myae Tha Ninn

    August 21, 2014 at 10:25 am

    ဟီး.. တခါတည်းပါနော်… နောက်မဖြစ်စေရဘူး… 🙂

    Reply

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 11:29 am

    ကဗျာပြခန်း ပြန် လုပ်ဖြစ်ရင် အစ်ကိုတော့်ကို
    ညီတော်က ကဗျာ ဒမြ တိုက်ပါ့မယ်

    :mrgreen:

    Reply

  • Yae Myae Tha Ninn

    August 21, 2014 at 11:49 am

    ဗျာ.. အခုကဗျာကိုလား.. သပ်သပ်ရေးထားတဲ့ ကဗျာကိုလား… 🙂

    Reply

    • အလင်းဆက်(24/05/2011)

      August 21, 2014 at 12:08 pm

      ပြခန်း ပြန် ဖွင့်ဖြစ်ရင်ပြောပါတယ်

      ကဗျာဆိုရင် အသေရရ အရှင်ရရ

      :kwi:

      Reply

  • ခင် ခ

    August 24, 2014 at 4:21 pm

    လက်စွမ်းလား လက်တန်းလားတော့မသိဘူး ဖတ်ရတာတော့ သဘောတွေ့ပဗျာ

    Reply

Leave a Reply

Your email address will not be published.