Pay it forward (လက်ဆင့်ကမ်းလိုက်ပါ) . . . . .

Yin Nyine NwayAugust 15, 20101min07

ဟိုး လွန်ခဲ့သော ၁၁ နှစ်ခန့်က ကြည့်ခဲ့သော အင်္ဂလိပ် ရုပ်ရှင်တစ်ကားက
မှတ်မှတ်ရရ ဖြစ်မိတယ်။ ကားနံမည်လေးကတော့ Good will hunting ဖြစ်ပြီး
အော်စကာဆုတောင် ရရှိခဲ့ပါတယ်။ ခု ပြောချင်တာကတော့ အဲဒီ ရုပ်ရှင်လေးထဲက
စာသားလေးတစ်ခုပါ။ အဲဒီစာသားလေးကတော့ `pay it forward´ တဲ့။ အဲဒီစာသားလေးကို
အရမ်းသဘောကျပါတယ်။ မြန်မာပြည်က ရောက်လာတာ မကြာသေးတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူ ဒီကိုရောက်ရောက်လာခြင်း အသိတစ်ယောက်မှ မရှိတော့
အလုပ်ရှာတာက အစ ကျွန်မကိုယ်တိုင်ပဲ လိုက်ရှာပေးရပါတယ်။ သူက ကျွန်မကို
အရမ်းကျေးဇူးတင်တယ်လို့ ခဏ ခဏ ပြောပါတယ်။ ဒါပေမယ့် ကျွန်မက `အမရေ ကျွန်မကို
ကျေးဇူးတင်နေမယ့် အစား အသစ်ရောက်လာတဲ့ လူတစ်ယောက်ကို အမသိသလောက် တတ်သလောက်ကလေး
ပြောပြရင် သူအတွက် အကျိုးရှိသွားမှာ´လို့ ပြန်ပြောလိုက်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း အဲဒီ `pay it forward´ စကားလေးကို
တော်တော်သုံးဖြစ်ခဲ့ဘူးပါတယ်။

များသောအားဖြင့် မြန်မာလူမျိုးတွေဟာ ကျေးဇူးခံ၊ ကျေးဇူးစား ဆိုတဲ့ စကားကို
တော်တော်လေး သုံးကြပါတယ်။ `ငါလုပ်ပေးလိုက်လို့ သူဒီလိုဖြစ်လာတာ။ ခု အဆင်ပြေတော့
ငါ့ကိုတောင် အဖက်မလုပ်ဘူး´ ဆိုပြီး တစ်ခါလောက် ကူညီဖူးခဲ့တဲ့ ကျေးဇူးကို
တစ်သက်လုံး ပြောမကုန်အောင ်တင်တော့တာပါပဲ။ ကျွန်မတို့ အိမ်မှာ နေတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူကကျွန်မကို အမြဲပြောဖူးတယ်။ ကိုယ်တိုင်လုပ်လို့
ရတဲ့ အလုပ်တွေကို သူများကို အကူအညီ မတောင်းပါနဲ့တဲ့။ တောင်းလိုက်လို့ ရတဲ့
အကူအညီဟာ ဘဝ တစ်သက်လုံးမှာ ဆပ်လို့ မကုန်ဆုံးနိုင်တော့ဘူးတဲ့။ ပိုက်ဆံနဲ့
ပေးလို့ရတဲ့ ကိစ္စတွေကို ပိုက်ဆံပေးပြီး လုပ်ခိုင်း လိုက်ရတာဟာ ပိုပြီး
ကိစ္စပြတ်တယ်လို့ ပြောပါတယ်။ ပိုက်ဆံပေးလိုက်တော့ ကိုယ်လည်း စိတ်ထဲမထင့်တော့
ဘူး။ သူကိုလည်း ကျေးဇူးတင်နေစရာ၊ အားနာနေစရာ သိပ်မလိုတော့ပါဘူး။ သူလည်း
သူ့တန်ရာ တန်ကျေးရသောကြောင့် ကျေးဇူးခံ၊ ကျေးဇူးစားဆိုတဲ့ စကားသံ ထွက်လာစရာ
အကြောင်းမရှိတော့ပါဘူးတဲ့။ ပထမ အဲဒီစကားသံ ကြားလိုက်ရတော့ ကျွန်မတော်တော်
အံဘြသွားတယ်။ မြန်မာလူမျိုးဖြစ်ပြီးတော့ အဲလိုစိတ်ထားတယ်ပေါ့။ ဒါပေမယ့်
အဲဒီစကားဟာ တော်တော်လေးကို မှန်ကန်ကြောင်း လူများများနဲ့ ပေါင်းကြည့်တဲ့ အခါမှာ
သိလာပါတယ်။

မနေ့တုန်းက ကျွန်မ အစောကြီး အလုပ်သွားရတယ် ။ အိပ်ခြင် မူးတူးနဲ့ ဆင်းရမဲ့
ကားကိတ်ကို ခလုတ်မနှိပ်လိုက်မိတဲ့အတွက် ကားကမရပ်ပဲ ဆင်းရမဲ့မှတ်တိုင်
ကျော်သွားပါတယ်။ ကျွန်မလည်း ပူထူသွားတယ်။ အိပ်ချင်စိတ်တောင်
ဘယ်တွေရောက်သွားမှန်း မသိဘူး။ အလုပ်ကလည်း နောက်ကျတော့မယ်။ လမ်းလျှောက်ဘို့ကလည်း
တော်တော် ဝေးတယ်။ ဘစ်ကားပြန်ဆီး ဘို့ကလည်း တစ်ဘက်လာတဲ့ ဘစ်ကားကို မတွေ့ဘူး။
တော်တော်ကိုစိတ်ညစ်သွားတယ်။ နောက် မထူးတော့ပါဘူး။ ဆောင်းမနက်ခင်းမှာ ကျန်းမာရေး
ဖြစ်အောင် ပြေးမယ်ဆိုပြီး စိတ်ဆုံးဖြတ်လို့ ပြေးပါတော့တယ်။ အဲဒီအချိန်မှာ တက်စီ
တစ်စီးက ဘေးနားမှာ ထိုးစိုက်လာပါတယ်။ ပြီးတော့ ဘယ်သွားမလို့လည်း
သူလိုက်ပို့ပေးမယ်တဲ့။ ကျွန်မကလည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ငါလည်း
မတားပဲနဲ့ ဘာလို့လာရပ်တာလည်းလို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် ကားသမားက
အလကားလိုက်ပို့ပေးမယ် တက်ပါဆိုပြီးပြောတယ်။ ကျွန်မလည်း အလကားဆိုပြီး ဟိုရောက်မှ
ပိုက်ဆံအတင်းတောင်းရင် ဒုက္ခဆိုပြီး အတင်း ငြင်းတာပေါ့။ ဒါပေမယ့် ကားသမားက `မင်း
ဘာပိုက် ဆံမှပေးစရာမလိုဘူးလို့ ပြောတယ်။ ကျွန်မလည်း အလုပ်ချိန်
အရမ်းနီးနေတာနဲ့ပဲ တက်လိုက်ခဲ့ပါတယ်။

ကားပေါ်ရောက်တော့ ကားသမားက သူအရင် တက်စီ မမောင်းခင်တုန်းကလည်း အလုပ်ကို
အမြဲနောက်ကျတတ်သူ ဖြစ်တဲ့ အကြောင်း ကျွန်မလိုပဲ အမြဲပြေးနေရကြောင်း ဒါကြောင့်
ကျွန်မဘဝ ကိုသူစာနာ ကြောင်း လုံးစိပတ်စိ ပြောပြနေပါတယ်။ ကျွန်မလည်း အဲဒီတော့မှ
ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီလိုနိုင်ငံကြီးတွေမှာ အလကားဆိုတာ တယ်ရှားတာကိုး။
အားလုံးနီးပါး ပိုက်ဆံ ပေးမှရတာဆိုတော့ ခုသူရှင်းပြမှ သဘောပေါက်တော့တယ်။ သူက
ကျွန်မကို အလုပ်ဂိတ်ပေါက်ဝ အထိ ချပေးပါတယ်။ ကျွန်မလည်း သူကို ကျေးဇူးတင်ကြေင်း
အထပ်ထပ်ပြောမိတယ်။ ဒါပေမယ့် သူပြန်ပြီးပြောတဲ့ စကားတစ်ခွန်းဟာ ဘဝမှာ တစ်သက်လုံး
မှတ်သားလောက်စရာပါပဲ။ မင်း ငါ့ကို ဘာမှ ကျေးဇူးတင်စရာမလိုပါဘူး။ တကယ်လို့များ
မင်း တတ်နိုင်ရင် ငါမင်းကို ကူညီခဲ့သလို မင်းတစ်ခြားတစ်ယောက်ကို ပြန်လည်
ကူညီလိုက်ပါ။ အဲဒါဟာ ငါ့ကို ကျေးဇူးဆပ်လိုက်တာပဲတဲ့။ `pay it forward´
(လက်ဆင့်ကမ်းလိုက်) ပေါ့တဲ့။ ကျွန်မ အလုပ်သာ လုပ်နေရတယ် အဲဒီစကားလေးတစ်ခွန်းကို
စဉ်းစားလို့ မဆုံးသေးဘူး။ အော်… ဒီကမာ္ဘကြီးမှာ အဲလို လူမျိုးတွေသာ
များပြားခဲ့ရင် ကမာ္ဘကြီးဟာ ဘယ်လောက် အေးချမ်းမလည်း။

7 comments

  • laaminnthar

    August 15, 2010 at 12:50 pm

    ဘာမှ မမျှော်လင့်ဘဲ ကူညီတယ်ဆိုတာ ကောင်းတော့ ကောင်းပါတယ်
    ဒါပေမယ့် ကိုယ့်ဖက်က တစ်ဖက်သက်ကြီး အမြဲပေးနေရမယ်ဆိုရင်တော့
    သိတယ်မဟုတ်လား လူတွေက အလကားရရင်။

    Reply

  • bolay

    August 15, 2010 at 2:07 pm

    ဟုတ်တယ်ဗျာ…pay it forward

    Reply

  • kopauk mandalay

    August 15, 2010 at 3:58 pm

    စာသားလေးကတော့လှပါတယ်။
    ဒါပေမယ့်စေတနာသည်လူတိုင်းနဲ့မတန်ဆိုတာလေးက လဲ မမေ့သင့်သောစကားရပ်ပါ။
    ကိုယ်ကစေတနာကောင်းနဲ့ကူညီပေးနေတာကို ကြာလာတော့ သူ့ရဲ့ရပို်င်ခွင့်လိုထင်လာတာကို ကြုံလာတဲ့အခါ ရင်ခံပါတယ်။
    ကိုယ်ကမျှော်လင့်ချက်မဲ့စွာနဲ့ ကူညီလိုက်တာကို သူ့ဆီက အကူအညီပြန်တောင်းမယ် အခွင့်အရေးပြန်တောင်းမယ်ထင်လို့ ရှောင်နေသူ ခပ်တန်းတန်းနေသူများကို
    ကြုံရတာ့အခါ ရင်ထဲမှာအောင့်လာပါတယ်။
    အကောင်းဆုံးကတော့ အခြေအနေအချိန်အခါ အမှန်တကယ်လိုအပ်သူကိုသာ စိတ်ပါလက်ပါ ကူညီတာအကောင်းဆုံးလို့ ထင်မိကြောင်းပါ။
    ဒါကတော့ ကျနော့်အမြင်ဆိုတော့ သူများနဲ့ စိတ်သဘောချင်းတူချင်မှတူမယ်ဆိုတာကိုလဲ လက်ခံပါသဗျာ။

    Reply

  • bigcat

    August 15, 2010 at 4:29 pm

    ကောင်းပါတယ်ဗျာ၊ သူတပါးကိုကူညီတာ။ ပိုပြီးကောင်းတာကတော့ ဘယ်သူ့ကိုကူညီခဲ့ဖူးတယ်ဆိုတာကို ပြီးရင်မေ့လိုက်ပါ။ ကိုယ်က ပေးဆပ်ခဲ့တာလေးကိုပဲ သတိရပါ။ ကူညီမူအပေါ်မှာ အပြန်အလှန်သဘောမျိုး မျှော်လင့်ချက်ထားခဲ့ရင်လဲ သေချာအောင်လုပ်ပါ။ ဒါဆိုရင် ကိုယ့်အလှည့်မရှိလို့ဆိုပြီး ဒါမှမဟုတ် ကျေးဇူးကန်းတယ်ဆိုပြီး မခံစားရတော့ဘူးပေါ့။

    Reply

  • alfred

    August 15, 2010 at 6:06 pm

    ကိုယ်သူများကို ကူညီတာကို ပြန်ပြီးကျေးဇူးဆပ်ဖို့မမျှော်လင့်ထားပေမယ့် ကိုယ်တကယ် ဒုက္ခရောက်တဲ့အချိန်မှာ (သို့) ကိုယ်ကူညီခဲ့ဘူးသူပဲ ကူညီဖို့လိုအပ်လာတဲ့အခါ (သို့) သူပြန်ကူညီနိုင်တဲ့အခါ မကူညီရင်တော့ တော်တော်ဒေါသထွက်မိပါတယ်။ မမျှော်လင့်ထားပေမယ့် တကယ် ကြုံရတဲ့အခါမျက်နှာလွှဲထားရင် တကယ်ခံရခက်ပါတယ်။ အစ်မပြောတဲ့ pay it forward က အများအားဖြင့် နိုင်ငံခြားတွေမှာသာ စိတ်ထားကောင်းတဲ့လူတွေက ပဲလုပ်ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာက သူများကို ကူညီတာရှားပါတယ်။ ဒီမြန်မာနိုင်ငံမှာကတော့ ကျေးဇူးရှိဘူုးရင်တော့ ကျေးဇူးပြန်ဆပ်ကြတာများပါတယ်။ ပြီးတော့ တကယ် အခက်ကြုံရင် အများကြီးမဟုတ်တောင် စတိလောက်တော့ ကူညီကြပါတယ်။

    Reply

  • maungmoenyo

    August 16, 2010 at 1:16 am

    အမှန်တော့မြန်မာစကားမှာ ‘ပုဗ္ဗ၊မုန်စ။ပ၇’ လို့ဆိုပါတယ်။ ကိုယ်ကူညီခဲ့တာ၊လှူဒါန်းခဲ့တာတွေကိူပေးပြီးလှူပြီးရင် return ကိုပြန်မျှော်လင့်ရင်၊ အလှူမမြောက်ပါဘူး။ အရေးကြီးတာက ကိုယ်ပေးကမ်းကူညီလှူဒါန်းသူတွေကကိုယ်ပေးခဲ့တဲ့အတိုင်းအတာနဲ့ရည်ရွယ်ချက်ကိုနောက်လူတွေဆီလက်ဆင့်လမ်း နိုင်ကြည့်ပြီးပီတိဖြစ်သင့်ပါတယ်။ ကိုယ်ကူညီခဲ့သူကကိုယ့်ကိုကျေးဇူးမဆပ်တဲ့အပြင်ကျေးစွပ်တာတွေများလာတဲ့ခုခေတ်မှာ၊ စေတနာ(၃)တန်ရဲ့အနက်သ ဘောကိုပိုပြီးနှလုံးသွင်းကြဘို့လိုပါတယ်။

    Reply

  • yin min

    August 16, 2010 at 3:30 am

    yes kopauk mandalay your right

    Reply

Leave a Reply to alfred Cancel Reply

Your email address will not be published.