” သမိုင်းလှလှ ထုဆစ်သူပင် “

ခင္ခAugust 9, 20141min04

” သမိုင်းလှလှ ထုဆစ်သူပင် “

 

ဘဝတစ်ခုမှာ ခဏပြုကာ

တွေ့ကြ ဆုံကြ ခင်မင်ကြနှင့်

ငြင်းကြ ခုံကြ ရန်ဖြစ်ကြဖြင့်

အချိန်တွေကုန် အရွယ်လွန်အို

ကိုယ်ပြုသည့်ကံ ကိုယ်ထံမှာရှိ

မောဟဖုံးလွှမ်း ရင်မောစခန်းနှင့်

ဒေါသဖုံးလွှမ်း ပင်ပန်းဖြစ်အင်

စစ်မက်ပေါများ ပျက်စီးသို့အစဉ်

ကိုယ်လုပ်ခဲ့သမျှ အများအကျိုးရရင်

သမိုင်းလှလှ ထုဆစ်သူပင်။

 

ခင်ခ။

PPtu

4 comments

  • Mr. MarGa

    August 9, 2014 at 4:23 pm

    ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနေကြအိ

    Reply

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 4:05 pm

    အလှူ အတွက် လည်း သာဓုပါ ကိုကြီးခရေ…

    🙂

    Reply

  • lu lu

    August 10, 2014 at 7:03 pm

    မြင်ကွင်းလေးက ပီတိဖြစ် ရပါတယ်
    သမိုင်းလှလှထုဆစ်သူများထဲမှာ လုလုလည်းတစ်ယောက်အပါအဝင်
    ဖြစ်ချင်စမ်းပါဘိ :buu:

    Reply

  • ခင် ခ

    August 11, 2014 at 9:03 am

    ပရဟိတ လုပ်ငန်းတွေကို တစ်ချို့က သေချာထဲထဲဝင်ဝင် အချိန်ပေးပြီး လူသားချင်းစာနာလို့ လုပ်ကြတယ်၊ ဥပမာ နာရေးကူညီမှုအသင်းတွေ အေအိုင်ဒီအက်တိုက်ဖျက်ရေပညာပေးစီမံကိန်းတွေ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းတွေ မန်းက ပန်းပျိုးသူစာသင်ဝိုင်း ဝိုင်းတော်သားတွေ စသည်ဖြင့်ပေါ့လေ။
    အဲဒီမှာ ဝင်ရောက်လုပ်တဲ့သူတွေဟာ အများအကျိုးကို စာနာပြီးလုပ်ကြတာမို့ သူတို့ကို သမိုင်းလှလှ ထုဆစ်သူတွေလို့ ကျွန်တော် တင်စားမိတာပါ။
    ထိုသမိုင်းလှလှ ထုဆစ်သူတွေလို ကိုယ်အချိန်ပေးပြီးမလုပ်နိုင်ပေမယ့် တဖက်တလမ်းက ကူညီပံပိုးနေခြင်း ဟာလည်း ကောင်းမွန်သောလုပ်ရပ်ဟု တိုက်တွန်းချင်တာပါ။
    ဒီရွာသူားတွေထဲမှာလည်း လစဉ်ထိုသို့လုပ်ဆောင်နေတဲ့အဖွဲ့တစ်ခုရှိပါတယ် အဲ ဒါဇင်ပလပ် ဝိုင်းတော်သား တွေပါဘဲ။
    အဲဒါလေးတွေ တွေးမိပြီး ရေးစပ်ထားတာပါ။

    ဝင်ရောက်မန့်ကြသော ကိုမာဃ ဇီဇီခင်ဇော် နဲ့ Lu Lu တို့ကို ကျေးဇူးပါ။

    Reply

Leave a Reply

Your email address will not be published.