” အပြုံးလေးသာ ထပ်ကာကွန့်စို့ “

ခင္ခAugust 7, 20141min08

” အပြုံးလေးသာ ထပ်ကာကွန့်စို့ “

 

ပိတုန်းရောင်ကေသာအလှ

ဘေးအသာချလို့

မြန်မာဆန်ကာဝတ်ဆင်စွာနဲ့

ဆွဲခြင်းလေးနဲ့သူလှမ်းတယ်

မြင်သူကြည့်ရကျက်သရေဗျ

အိန္ဒြေအလှနဲ့ တင့်လို့တယ်၊

 

ဆံကေသာရောင်စုံချယ်

နုပျိုအကြွ လှသွေးကြွယ်

စကပ်တိုဘောင်းဘီတိုနဲ့

ဖြူဝင်းလှပေါင်တံနှစ်သွယ်

မြင်သူငေးကြသူ့အလှဝယ်

ပေါ့ပါးသွက်လက် သဘောကျဖွယ်၊

 

အမြင်ကွဲကြ လှဟန်များကို

ကြည့်မိခံစား အငြင်းပွားလို့

မြန်မာဆန်မှ လှသည့်ထင်သူ

ခေတ်ဆန်အလှ လက်ခံကြသူ

တကယ်ဆန်းစစ် တွေးမိလိုက်တော့

လူတိုင်းကိုယ်စီ အလှရှိသပေါ့။

 

တစ်ချို့ကလည်း ဆိုကြမြဲကွယ်

ရုပ်လှဖို့ထက် စိတ်လှဖို့လို

မြင်ကွင်းတွေ့ရ ရုပ်ပါဘဲမို့

အပြုံးလေးသာ ထပ်ကာကွန့်စို့

ဘာဘဲဝတ်ဝတ် လှတယ်ဗျို့။

 

ခင်ခ။

8 comments

  • ဇီဇီ ခင်ဇော်

    August 7, 2014 at 10:12 am

    ဟုတ်တယ်။။
    ကလက်တက်တက် အမူအယာ မပါတဲ့ အပြုံးးး ဟာ မြင်သူတိုင်း အေးချမ်းစေတယ်။

    :k:

    Reply

    • ခင် ခ

      August 7, 2014 at 10:45 am

      အမှန်ပါဘဲဗျာ ကလက်တက်တက် အမူအယာ မပါတဲ့ အပြုံးးး ဟာ မြင်သူတိုင်း အေးချမ်းစေတယ် ဆိုတာလေ။

      Reply

  • weiwei

    August 7, 2014 at 10:22 am

    ရွာထဲမှာတော့ အဝတ်အစားမမြင်ရဘူးဆိုတော့ကာ ..
    စိတ်အလှကိုသာ ခံစားနိုင်တာမို့လို့ ..
    စာသားလှလှ ကဗျာလှလှရေးနိုင်သူတွေသာ အလှဆုံးပေါ့နော် .. 🙂

    Reply

    • ခင် ခ

      August 7, 2014 at 10:49 am

      မဝေရေ ကဗျာဟာ အပြင် ဗဟု နဲ့ စာတင် စု တာဆိုတော့ အဝတ်မမြင်သော်လည်း ဝတ်ဆင်သလိုဘဲ မြင်တတ်ရင်တော့ဖြင့်………………။

      Reply

  • ဗုံဗုံ

    August 7, 2014 at 12:09 pm

    ဒါမိုး လေးပြုံးပြမယ်….. ကြည့်
    :mrgreen: :mrgreen:

    Reply

    • ခင် ခ

      August 7, 2014 at 12:22 pm

      အဲလိုပြုံးချင်ရင် သွားတော့သေချာတိုက်ပါနော်

      Reply

  • အလင်းဆက်

    August 8, 2014 at 4:18 pm

    ပိတုန်းရောင်ကေသာအလှ

    ဘေးအသာချလို့

    မြန်မာဆန်ကာဝတ်ဆင်စွာနဲ့

    ဆွဲခြင်းလေးနဲ့သူလှမ်းတယ်

    မြင်သူကြည့်ရကျက်သရေဗျ

    အိန္ဒြေအလှနဲ့ တင့်လို့တယ်၊

    အဲဒီ အစပိုဒ်လေးမှာ တင်…မျော..သွားတယ်… ။
    စိတ်ကူးထဲမှာလည်း… ပေါ်လာတယ်…

    😆

    Reply

    • ခင် ခ

      August 8, 2014 at 4:33 pm

      သေချာခံစားပေးလို့ အလွန်တရာကျေးဇူးပါဗျို့။

      Reply

Leave a Reply to ခင် ခ Cancel Reply

Your email address will not be published.