အမုန်းမုန်တိုင်းပေါ်က ရက်စက်သောရယ်သံ

htet wayAugust 2, 20141min07

အမုန်းမုန်တိုင်းပေါ်က ရက်စက်သောရယ်သံ

အမုန်းမုန်တိုင်းကြားမှာ
ရက်စက်မှုဟာဟားတိုက်ရယ်လို့
မီးမုန်တိုင်းတွေတောက်လောင်တဲ့အခါ
အိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေကြား
ရက်စက်မှုဟာဟားတိုက်ရယ်လို့
အမုန်းကြောင့်ရက်စက်ရတာဆိုပဲ
ရက်စက်မူက ဆင်ဝှေ့ရန်ရှောင်လေးပြောတယ်
ကလေးသူငယ်လည်းမချန်ဘူးသက်ကြားအိုလည်းမငဲ့ဘူး
ရက်ရက်စက်စက် ရက်စက်ရဲတယ်
ရက်စက်မှရာဇာဆိုတဲ့စကားနဲ့
ရက်စက်မှုဟာဟားတိုက်ရယ်လို့
အကြင်နာတစ်စတစ်လေတောင် မရှိတဲ့
အမုန်းလေပင့်လို့ ဖြစ်တည် လာတဲ့ အနိုင်အားနဲ့
ကျရှုံးမှုတွေကို ပင့်မြှောက်လို့ အော်ဟစ်သံပေးတယ်
ကြောက်ရွံ့တုန်လှုပ်စွာပြေးလွှားတဲ့နောက်ကိုလိုက်ပြီး
တောင်းပန်သံတွေကိုလည်း နားလေးသူလိုဥက္ခောပြုရင်း
ရက်စက်မှုဟာဟားတိုက်ရယ်လို့
ချစ်ခြင်းမေတ္တာမြစ်ကို သူ့အပူငွေ့နဲ့ ခြောက်ခမ်းစေတယ်
ရက်စက်မှုကို တားပေးကြပါ
ရက်စက်မှုကိုတရားပြပါ
ရက်စက်မှုကိုမရက်စက်ဖို့
ရက်စက်မှုတွေ ပပျောက်ဖို့
ခင်ဗျားတို့ကျနော ်တို့ ရက်စက်မှုကို
ရက်ရက်စက်စက်နိမ်နင်းရလေမလား

ခင်ဗျားအနားမှာ
ရက်စက်မှုဟာဟားတိုက်ရယ်နေတယ်
ကျနော့အပါးမှာ
ရက်စက်မှုဟာဟားတိုက်ရယ်နေတယ်
ကျနော ်နှလုံးသားထဲလှံချွန်နဲ့ထိုးသလို
သူ့ရယ်သံကထက်မြနေတယ်
ကျနော် စိတ်ထဲအော် ကလီဆန်အောင်
သူ့အသံက ရွံ့စရာကောင်းနေတယ်

တိတ်……..တိတ်စမ်း…တိတ်လိုက်စမ်း
ရက်စက်မှုဟာဟားတိုက်ရယ်လို့
ရက်စက်မှုဟာဟားတိုက်ရယ်လို့ …..။

7 comments

  • Foreign Resident

    August 3, 2014 at 4:31 am

    ကိုထက်ဝေး ။
    မတွေ့ရတာတောင် ကြာပေါ့ ။

    ကျနော်တို့ ဗုဒ္ဓ ဘာသာ အမြင်အရ ၊
    ပါရမီတွေ ဖြည့်ဆည်းကြတဲ့အခါမှာ ၊
    အဆိုး လောကဓံ တွေလဲ ကြုံရလေ့ ရှိတယ်ဗျ ။

    အဲလို အဆိုး လောကဓံ တွေနှင့် ကြုံတဲ့အခါမှာ ၊
    ဪ ငါ ပါရမီတွေ ဖြည့်ဆည်းနေတာပါလားလို့ သဘောထားရကြသပေါ့ဗျာ ။

    ဒီလိုပါဘဲ ၊ နေသာအောင် ဖြေတွေးလေး တွေးရသပေါ့ဗျာ ။

    Reply

  • black chaw

    August 3, 2014 at 12:17 pm

    ဆရာထက် ရေ။
    ကျွန်တော် ရွာထဲမ ရောက် နိုင် ချိန်မှာမှ
    ခင် ဗျားက ရွာထဲဝင် နေတယ် ပေါ့။
    ဖိတ်တုန်းက အတင်း ဖိတ်ပြီး
    လာတော့မှ ဧည့်ဝတ်မ ကျေတဲ့
    အိမ် ရှင် တစ်ယောက်လို ဖြစ်သွားတာ
    ခွင့် လွှတ်ပါ ဗျာ။
    ချစ် ခင် လေးစားတဲ့
    ဘလက်ချော။

    Reply

  • alinsett (gazette)

    August 3, 2014 at 6:58 pm

    ရက်စက်မှုဟာ…မေတ္တာနဲ့… တန် မတန်….
    စဉ်းစားနေမိတာ.. ။

    Reply

  • ဇီဇီ ခင်ဇော်

    August 3, 2014 at 7:29 pm

    ရက်စက်မှုတို့ ယုတ်မာမှုတို့ဟာ သူ့အတိုင်းချည်း သီးသန့်မရှိဘူးးး
    တွဲဖက်မှုရှိတယ်။
    ဘာနဲ့လဲ ဆိုတော့ လူသားတွေနဲ့။
    သဘာဝ တရား မဟုတ်တဲ့ ရက်စက်မှုမျိုး လူသားတွေဆီမှာပဲ ရှိတယ်။

    😥

    Reply

  • kyeemite

    August 4, 2014 at 10:49 am

    ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ….ဆိုတဲ့ သီချင်းစာသားလေး သတိရသွားတယ်

    Reply

  • manawphyulay

    August 5, 2014 at 2:47 pm

    ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဟောဒီကမ္ဘာကြီး
    အံတု ရင်ဆိုင်ဖြတ်သန်းရင်း
    ရက်စက်မှုတွေနဲ့
    ငါဟာ…..
    အသားကျနေသူတစ်ဦးပါ…
    :mrgreen:

    Reply

  • ခင် ခ

    August 5, 2014 at 2:56 pm

    ရက်စက်ခြင်းကြောင့် ရက်စက်ခံရသူချင်း ဂရုနာပြုကာ ပေါင်းစည်းသွားသောအခါ ထိုရက်စက်မှုကို အံတုချင်လေရဲ့။

    Reply

Leave a Reply to black chaw Cancel Reply

Your email address will not be published.