ရွှေအကြောင်းသိကောင်းစရာ 116,117,118,119

Zaw AungJuly 28, 20141min06

ရွှေအကြောင်းသိကောင်းစရာ(116)
Fed က QE tapering လုပ်မှာမို့ ရွှေဈေးတွေကျတယ်လို့ facebook မှာ သတင်းတွေမှာရေးကြတော့ Fed ဆိုတာ
ဘာလဲ QE tapering ဆိုတာဘာလဲ မေးကြပါတယ်။ Fed ဆိုတာ Federal Reserve of United State ပါ အမေရိကန်
ဗဟိုဘဏ်ပေါ့ တစ်နိုင်ငံလုံးရဲ့ငွေရေးကြေးရေး policy တွေချမှတ်တဲ့ဌာနပေါ့ သူ့ရဲ့ policy အပြောင်းအလဲ တစ်ခုဟာ
ကမာ္ဘ့ရွှေဈေး စတော့ဈေးတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်လောက်အောင် အင်အားကြီးပါတယ်။ FOMC ဆိုတာ
ကတော့ Federal Reserve’s Open Market Committee ပါ အတူတူပါပဲ QE ဆိုတာက တော့ Quantitative Easing
ပါ purchasing bond (ငွေချေးစာချုပ်ဝယ်ယူခြင်း) လို့လဲခေါ်ပါတယ် tapering ကတော့ လျော့ချတာပါ။
အမေရိကန်စီးပွားရေးကျတဲ့အခါ လူတွေဘဏ်က အတိုးနှုန်းနဲနဲနဲ့ ငွေတွေချေးပြီး စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်အောင်
Fed ကဘဏ်တွေဆီက bond တွေဝယ်ပါတယ်။
ရွှေအကြောင်းသိကောင်းစရာ(117)
(စဉ် 116 မှအဆက်)
အဲဒီလို Fed ကဘဏ်တွေဆီက bond တွေဝယ်တဲ့အခါ ငွေကြေးဖောင်းပွမှုတွေဖြစ်ပြီး ရွှေဈေးတက်ပါတယ်။ bond
ဝယ်တဲ့ amount ကိုလျှော့ချ (tapering) လိုက်မယ်လို့သတင်းတွေထွက်ရင် လုံးဝမဝယ်တော့ဘူး ရပ်လိုက်တော့မယ်လို့
သတင်းတွေထွက်ရင် ရွှေဈေးကျပါတယ်။ ငွေဖောင်းပွမှုလျော့ပြီး အမေရိကန်ဒေါ်လာဈေးမာတော့မှာကိုး ကမာ္ဘမှာ
ဒေါ်လာဈေးတက်ရင် ကမာ္ဘ့ရွှေဈေးကျပါတယ်။ မြန်မာမှာဒေါ်လာဈေးတက်ရင် မြန်မာ့ရွှေဈေးတက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာမှာဒေါ်လာဈေးတက်တယ်ဆိုတာ မြန်မာကျပ်ငွေတန်ဖိုးကျတဲ့အဓိပ္ပါယ်ပါ။
မြန်မာကျပ်ငွေတန်ဖိုးကျတော့ မြန်မာကျပ်ငွေနဲ့ဝယ်ရတဲ့ မြန်မာ့ရွှေဈေးတက်တာပေါ့။
ရွှေအကြောင်းသိကောင်းစရာ(118)
ရွှေတစ်ထုပ်စာ (တစ်ပိဿာ) လောက်ရင်းပြီး ရွှေဝယ်ရောင်းလုပ်ချင်လို့မေးထားပါတယ် comment မှာ message
မှာမေးတာတွေကို post ကပဲပြန်ဖြေသွားပါမယ်။ အားလုံးသိရအောင်လို့ပါ ဝယ်ရောင်းလုပ်တယ်ဆိုတာ နှစ်မျိုးရှိပါတယ်
ဈေးနဲတဲ့ နေရာမှာဝယ်ပြီး ဈေးများတဲ့နေရာမှာပြန်ရောင်းတာ ဥပမာ ရန်ကုန်မှာရွှေဈေးမြင့်တဲ့အချိန် မန္တလေးကဝယ်ပြီး
ရောင်းတာမျိုး ရန်ကုန်မြို့ထဲမှာလဲ ရွှေဘုံသာလမ်းက ဈေးကွက်ထဲကိုအပင်ပန်းခံပြီး ဆင်းမဝယ်ချင်တဲ့သူတွေ
မရောင်းချင်တဲ့သူတွေအတွက် အမြတ်နဲနဲတင်ပြီး ဝယ်ရောင်းလုပ်ပေးတာမျိုး အဲဒါမျိုးကိုတော့ စီးပွားရေးလုပ်တယ်လို့
ဆိုနိုင်ပါတယ်။ နောက်တစ်မျိုးက ဒီနေရာကပဲဝယ် ဈေးတက်ရင် ဒီနေရာမှာပဲ ပြန်ရောင်းလုပ်တဲ့သူတွေ ရှိပါတယ်။
အဲဒါကိုတော့ စီးပွားရေးလုပ်တယ်မဆိုနိုင်ပါဘူး ရွှေကစားတယ်လို့ခေါ်ပါတယ် မြတ်လဲမြတ်နိုင်သလို ရှုံးလဲရှုံးနိုင်ပါတယ်
အတက်အကျကိုခန့်မှန်းပြီး ကစားရတာကိုး။
ရွှေအကြောင်းသိကောင်းစရာ(119)
(စဉ် 118 မှအဆက်)
ရွှေဝယ်ရောင်းကစားတာကို ပုံမှန်ဝင်ငွေရနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ မထင်မိဘို့အရေးကြီးပါတယ် ကိုယ့်မှာပုံမှန်
ဝင်ငွေရတဲ့စီးပွားရေး လုပ်ငန်းတစ်ခုရှိတယ် ငွေလဲပိုတယ် အချိန်လဲပိုတယ် ရွှေဈေးအတက်အကျကို စိတ်ဝင်စားတယ်
အရှုံးအမြတ်ကစားရတာ ဝါသနာပါတယ်ဆိုရင်တော့ အပျော်သဘောကစားသင့်ပါတယ် ငွေရင်းပြီးကစားလို့ရသလို
လေရင်းပြီးကစားလို့လဲရပါတယ်။ ( အမှတ် ၈ မှာရေးပြီးပါပြီ) များများကစားချင်ရင်တော့ အသင်းဝင် ဒါမှမဟုတ်
ကိုယ်တိုင်လမ်းထဲဆင်းတာ ပိုကောင်းပါတယ် online မှာလဲကစားလို့ရပါတယ်။(အမှတ် ၂၃ မှာရေးပြီး) မြန်မာပြည်မှာလဲ
မကြာခင် stock and share market ပေါ်လာတော့မှာပါအဲဒီအခါကျရင်တော့ တရားဝင်စိတ်ကြိုက်ကစားလို့ရပြီပေါ့ဗျာ။

6 comments

  • အရီးခင်

    July 29, 2014 at 3:53 am

    ကိုဇော်အောင်
    လွန်ခဲ့တဲ့ ၁၅နှစ် လောက်က မြန်မာပြည် အတွက် Stocks နဲ့ Shares တွေ အကြောင်း သင်တန်း ရဘူးခဲ့တယ်။
    အတော်လေးစိတ်ဝင်စားမိပါတယ်။
    အခုတော့ ဝေးသွားပါပြီ။
    နေရာတိုင်းမှာ အကောင်းတွေချည်းဘဲ စုပြီး လိုချင်လို့ မရ တော့လဲ ကံ အတိုင်းဘဲပေါ့။
    ဒီမှာတော့ သူငယ်ချင်း တစ်ယောက် က အဲဒီ Field ထဲ မှာ Database Admin လုပ်နေတယ်။
    စည်းကမ်းတွေ အရမ်းကို ကျပ်တယ်။
    သူတို့ Stocks နဲ့ Shares တွေဝယ်ချင်ရင် ဘာကို ဘယ်မှာ ဘယ်လောက် နဲ့ ဝယ် ချင်တယ် ပြောပြီး အခွင့် ရမှ ဝယ်လို့ ရတယ် တဲ့။
    သဘောကတော့ သူတို့ သိတဲ့ Data တွေ ကို အလွဲ သုံးစား လုပ်မှာ စိုးလို့။
    မြန်မာပြည် မှာတော့ လူတွေ ရဲ့ Ethics က ဒီလောက် ခိုင်မာ ပါဦးမလား မသိနိုင်။
    ဗဟုသုတ စာလေးတွေ အတွက် ကျေးဇူးပါ။

    Reply

  • Zaw Aung

    July 29, 2014 at 6:37 am

    ဒီမှာ ၂၀၁၅ စမယ် ဘယ်လိုတွေ ဖြစ်မလဲတော့ မသိသေးဘူး

    Reply

  • kai

    July 29, 2014 at 1:51 pm

    အဲဒီစတော့/ရှယ်ယာတွေအကြောင်းသိချင်လို့.. လက်တွေ့ကျကျ.. ဖေ့စ်ဘုတ်နဲ့ဂိုဂယ်ရှယ်ရာကိုဝယ်ကြည့်..ရောင်းကြည့်မယ်ဆိုပြီး.. အင်တာနက်ကနေဝယ်လို့ရတဲ့.. ပွဲစားနေရာလိုက်ရှာနေတာ.. တော်တော်ကြာပြီ..
    တွေဝေနေတုံးပဲ…။
    အဲဒီကြားထဲတင်သူတိ့ဈေးတွေတက်တက်နေတာတွေ့ရတယ်…

    အဲဒီတော့ အကြံတခုရတယ်..
    နောက်များမှ.. :a:

    Reply

  • alinsett (gazette)

    July 29, 2014 at 3:25 pm

    ရွှေဝယ်ရောင်း..ဆိုလို ့…
    ဟိုတလောက…လုပ်ထားတဲ့ လက်စွပ်လေး..သွားရောင်းတာ…
    ခြောက်သောင်းကျော်လေးနဲ ့ လုပ်တာ..တစ်သောင်းခွဲ ရှုံးသဗျ… ။
    နောက်များဆို..ရွှေကိုလည်း..ဝေးဝေးကရှောင်မယ်…
    စိန်ကိုလည်း..ဝေးဝေးကရှောင်မယ်.. ။
    အရှုံး ထပ် မခံနိုင်ဘူး ။

    😆

    Reply

  • Zaw Aung

    July 29, 2014 at 8:04 pm

    မရှုံးချင်ရင်အခေါက်ဝယ်စုလေ

    Reply

Leave a Reply

Your email address will not be published.