ဖုန်းဖြင့် ဂဇက်တွင် ပို့စ်တင်မည် ဆိုပါလျှင် …

ကျုပ်လည်း ဒီပို့စ်ကို တင်မယ်၊ တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူး။

အခုမှပဲ တင်ရတော့တယ်။

ကျုပ်တို့ အနေနဲ့ နောက်ပိုင်းမှာ ကိုယ့်အတွက် မရှိမဖြစ် သဘောမျိုး အသွင် ဆောင်လာပြီး သွားလေရာ ယူသွားရတတ်တဲ့ ပစ္စည်း တစ်မျိုး ရှိလာပါတယ်။

ဒါကတော့ အားလုံးနီးပါး ကိုင်နေကြတဲ့ မိုဘိုင်းဖုန်း၊ တိတိကျကျ ပြောရရင် Android ဖုန်းများ ပါပဲ။

ဒီဖုန်းတွေမှာ အင်တာနက် လိုင်းပါ ထည့်ပေးလိုက်တော့ လူသုံးအများဆုံး Facebook ရော၊ အချို့အချို့သော ဝက်ဘ်ဆိုက် များကိုပါ မိမိရဲ့ ဖုန်းလေးနဲ့ပဲ ဝင်ရောက် ကြည့်ရှုလာကြတာ များပါတယ်။

ဒီနေရာမှာ ပြောစရာ နည်းနည်း ရှိလာတာက မန်းဂဇက် ပါပဲ။

ကျုပ်တို့ အနေနဲ့ မန်းဂဇက်ကို ဝင်ဖတ်မယ် ဆိုရင် အဆင်ပြေပါသေးတယ်။ ဘာကြောင့်လည်း ဆိုတော့ မန်းဂဇက် အတွက် Mobile Version ရှိလို့ပါပဲ။ ဒါပေသိ … အားသာချက် တစ်ခု ဖြစ်တဲ့ Sidebar က Recent Comments များအတွက် Mobile Version မှာ ပါမလာပြန်ပါဘူး။

ဒီနေရာကနေ အကြံပြုချင်တာ ကတော့ MG ရဲ့ Mobile HomePage မှာ Recent Posts တွေကို ၅ ခု၊ ၈ ခု လောက်သာ ပြသပြီး ဘေးမှာ မပြနိုင်တဲ့ Recent Comments တွေကိုတော့ ဒီပို့စ်တွေရဲ့ အဆုံး Load More ရဲ့ အောက်မှာ ပြသစေချင်ပါတယ်။

နောက်ပိုင်း မိုဘိုင်းဖုန်းနဲ့ ပို့စ်တင်တဲ့ အပိုင်းဟာလည်း မြန်မာပြည် ကိုးနတ်ရှင်နဲ့ သိပ်ပြီး အဆင်မချောလှပါဘူး။ ဒီတော့ကာ ပို့စ်ခေါင်းစဉ်နဲ့ အညီ အတိုချုပ်ပဲ ပြောရရင် ဖုန်းနဲ့ ပို့စ်တင်နည်း အတွက် အောက်က APK လေးကို စမ်းသုံးကြည့်ကြပါ။ ပို့စ်တင်ရတာ၊ ပုံတင်ရတာ အင်မတန် လွယ်ကူစေပါတယ်။ အချို့အချို့သော အကောင့်ပိုင်ရှင်များ အတွက်လည်း ဒီ APK လေးထဲကပဲ Comments တွေကို Reply ပြန်လို့ ရနိုင်စေပါတယ်။

Intro ဝင်တာ နည်းနည်း များသွားပြီ။ ကဲ … စမယ်ဗျာ။

  • ပထမအဆင့် အနေနဲ့ ဒါလေးကို အရင်ဆုံး Download ယူဗျာ။
  • ဒုတိယ အဆင့် အနေနဲ့ ရလာတဲ့ wordpress.apk ဖိုင်လေးကို နှိပ်ပြီး Install လုပ်လိုက်ဗျာ။

Install လုပ်ပုံ အဆင့်ဆင့်

Install လုပ်ပုံ - ၁
Install လုပ်ပုံ – ၁

 

Install လုပ်ပုံ - ၂
Install လုပ်ပုံ – ၂

 

Install လုပ်ပုံ - ၃
Install လုပ်ပုံ – ၃

 

အပေါ်က ပုံတွေအတိုင်း အဆင့်ဆင့် Install လုပ်ပြီးသွားရင် WordPress App ဆီကို တိုက်ရိုက် ရောက်သွားပါလိမ့်မယ်။ နောက်ဆုံးနေရာမှာ Done ကို နှိပ်လည်း အတူတူပါပဲ။ သို့ပေမယ့် Done ကို နှိပ်လိုက်ရင်တော့ ကိုယ့်ရဲ့ Apps တွေထဲမှာ WordPress ဆိုတဲ့ App လေးကို သွားရောက် နှိပ်လိုက်မှသာ ပွင့်လာမှာပါ။

တတိယ အဆင့် အနေနဲ့ မန်းဂဇက်ကို Login ဝင်လိုက်ကြရအောင်ဗျာ။ အောက်မှာ ပုံတွေနဲ့ ပြထားပါတယ်။

 

MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ - ၁
MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ – ၁

 

MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ - ၂ Blog URL နေရာမှာ ပြထားတဲ့အတိုင်း ရိုက်ပါ။ Username, Password နေရာမှာ မိမိ ပုံမှန် Login ဝင်တဲ့အခါ ရိုက်သလိုပဲ ရိုက်ပါ။
MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ – ၂
Blog URL နေရာမှာ ပြထားတဲ့အတိုင်း ရိုက်ပါ။
Username, Password နေရာမှာ မိမိ ပုံမှန် Login ဝင်တဲ့အခါ ရိုက်သလိုပဲ ရိုက်ပါ။

 

MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ - ၃
MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ – ၃

 

MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ - ၄
MG သို့ မိမိအကောင့်ဖြင့် Login ဝင်ပုံ – ၄

 

ဒီအဆင့်ကို ရောက်ရင် အားလုံး ပြီးသွားပါပြီ။

Post အသစ် တင်ချင်ရင် New Post ကို နှိပ်။

Posts တွေကို ကြည့်ချင်ရင် Posts ကို နှိပ်။ (မှတ်ချက် ။     ။ အချို့ ကြည့်လို့ မရနိုင်ပါ။)

Pages ဆိုတာတွေကတော့ ကန့်သတ်ချက်မို့ မရနိုင်ပါ။

Comments တွေ ကြည့်ချင်ရင် Comments ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ရုံပါပဲ။

အချို့ကတော့ဖြင့် ဒီထဲကနေပဲ Comments တွေကို Reply ပြန်လို့ ရနိုင်စေပါတယ်။ အချို့ မရနိုင်ပါဘူး။

 

အပေါ်က အနီနဲ့ ပြထားတဲ့ နေရာလေးကတော့ Refresh လုပ်တဲ့ နေရာပါ။ သူ့ရဲ့ ဘေးက အတုံးလေးတွေကတော့ မူလနေရာကို ပြန်သွားတဲ့ ဟာလေးပါ။
အပေါ်က အနီနဲ့ ပြထားတဲ့ နေရာလေးကတော့ Refresh လုပ်တဲ့ နေရာပါ။ သူ့ရဲ့ ဘေးက အတုံးလေးတွေကတော့ မူလနေရာကို ပြန်သွားတဲ့ ဟာလေးပါ။

 

Quick Photo ကတော့ MG CJ တွေ အနေနဲ့ လတ်တလော ဓာတ်ပုံတွေကိုပဲ ချက်ချင်း တင်မယ်ဆို မြန်မြန်ဆန်ဆန် တင်လို့ ရနိုင်စေပါလိမ့်မယ်။

ရိုးရိုး ပို့စ်ထဲမှာလည်းပဲ ဓာတ်ပုံတွေ ထည့်မယ်ဆိုရင်လည်း ရနိုင်ပါတယ်။ စာကိုယ် ရိုက်ထည့်တဲ့ နေရာရဲ့ ညာဘက် အောက်ထောင့်နားမှာ ကင်မရာ ပုံလေး ပါပါတယ်။ အဲ့ဒီ ကင်မရာ ပုံလေးကို နှိပ်ပြီး မိမိ ဖုန်းထဲက ထည့်ချင်တဲ့ ပုံတွေကို ထည့်လို့ ရနိုင်ပါတယ်။

ပြီးတော့ Catagories ရွေးချင်ရင်လည်း လွယ်ကူပါတယ်။

Dashboard ဆိုတဲ့ နေရာကတော့ဖြင့် ရိုးရိုး အသုံးပြုနေကျ နေရာကိုပဲ ရောက်သွားပါလိမ့်မယ်။

 

Color Note ဖြင့် အလွယ်တကူ ပို့စ်တင်နည်း

 

Color Note Download လုပ်ရန်

Color Note ဆိုတာ ဖုန်းထဲမှာ မှတ်စရာရှိတာ မှတ်ဖို့ ထားတဲ့ Note တစ်ခုပါပဲ။ သူ့ရဲ့ အားသာချက်ကတော့ အရောင် စိုစိုပြေပြေလေးနဲ့ သုံးလို့ ရနိုင်သပေါ့ဗျာ။

ဒါလေး ထဲမှာ ပို့စ်ခေါင်းစဉ်နဲ့ စာသားတွေ ရိုက်ထည့်ပြီးတော့မှ MG ကို တိုက်ရိုက် ပို့စ်တင်လို့ ရနိုင်ပါတယ်။ ဒီအခါမှာ ပို့စ်ခေါင်းစဉ်က ခေါင်းစဉ် နေရာမှာ ဝင်သွားပြီး၊ ပို့စ်စာသားကတော့ ပို့စ်စာကိုယ်နေရာမှာ ဝင်သွားပါလိမ့်မယ်။

Catagories လေး ရွေးပြီး ပို့စ်တင်လိုက်ရုံပါပဲ။

Color Note ထဲတွင် စာအရင်ရိုက်ထည့်။
Color Note ထဲတွင် စာအရင်ရိုက်ထည့်။ ပြီးရင် ဖုန်းရဲ့ အောက်က Menu button လေးကို နှိပ်ပြီး Send ကို နှိပ်

 

Wordpress ကို ရွေး
WordPress ကို ရွေး

 

သူ့နေရာနဲ့ သူ ဝင်သွားလိမ့်မယ်။
သူ့နေရာနဲ့ သူ ဝင်သွားလိမ့်မယ်။

 

အထက်က အချက်တွေထဲက မရှင်တာ ရှိရင် Comment ထဲမှာ ဝင်မေးကြပါဗျို့။

ကိုယ်ကိုယ်တိုင်လည်း စမ်းပြီး ကလိကြည့်ကြပေါ့ဗျာ။

အားလုံးပဲ …. သန်းခရုပါပဲ။

 

ချစ်ခြင်းများဖြင့် …

အံစာတုံး

15 comments

  • alinsett (gazette)

    July 27, 2014 at 2:20 pm

    မရှင်းတာ မရှိပါကြောင်းး
    HUAWEI ဖုန်းတွေမှာ..မြန်မာစာလုံးက… ကသောင်းကနင်းတွေ ပေါ်နေတတ်တယ်ဆိုတာကို သိနေလို ့… ပိုစ့်တနင်ည်း ဆိုတာ… ပိုစ့်တင်နည်း ကိုဆိုလိုကြောင်း…
    ရှင်းပါတယ်.. အံဇရာ…

    အဲဒီ… မြန်မာစာကသောင်းကနင်းတွေ မပေါ်အောင်…လုပ်လို ့ရပါကြောင်း…
    မြန်မာစာဖောင့် ပြောင်းသွင်းကြည့်ရင်ရပါကြောင်း…
    ကျနော်တော့ ကွကိုယ်မလုပ်တတ်လို ့.. ဆိုင်မှာ..သွား ပြောင်းလိုက်တာ.. မြန်မာစာအဆင်ပြေပြေပေါ်နေပါကြောင်း…

    Reply

  • surmi

    July 27, 2014 at 2:22 pm

    ဖုန်းနဲ့စာရိုက်တာ မြန်ချင်တယ်ဆိုရင်ဖြင့် လက်မနှစ်ချောင်းကို သုံးပါလေ ။
    ဖုန်းကိုဒေါင်လိုက်ကိုင်ပြီး ကီးဘုတ်ကို တစ်ခြမ်းစီတာဝန်ယူပြီးနှိတ်ပါ ။
    ကွန်ပြုူတာမှာရိုက်သလောက်မမြန်ပေမယ့် အထိုက်အလျောက်တော့မြန်ပါကြောင်းးး

    လိုအပ်ပါက ဓတ်ပုံပို့ပေးပါမည်

    Reply

    • alinsett (gazette)

      July 27, 2014 at 2:54 pm

      သဂျားလေးကို..ပြောတာလား..ဦးဆာ..
      အဟိ.. ။
      :mrgreen:

      Reply

  • အရီးခင်

    July 27, 2014 at 3:09 pm

    ကိုယ့်စိတ်ကို မနိုင်သူ အရီး မို့ အိတ်ထဲပါနိုင်တဲ့ Gadget များအားလုံး မှာ မြန်မာ Font ကို လုံးဝ ထည့်မထားပါ သောကြောင့် ဗဟုသုတ အဖြစ်သာ ဖတ်သွားပါကြောင်း မောင်မောင်အံ လေး။
    တစ်ကူးတစ်က အချိန်ယူ ရေးပေးထားလို့ ကျေးဇူးပါရှင့်။
    ဒါထက် စာလုံးပေါင်း တွေ လွဲ နေတာ လဲ Font ကြောင့်ထင်ရဲ့။
    ဥပမာ – လုံမေလးမွန်မွန် ဖြစ်နေတာမျိုး။
    :-))

    Reply

  • lu lu

    July 27, 2014 at 4:55 pm

    အဲ့ ဒီ word press apk ကိုဘယ်က ယူရမှာလဲ
    🙂

    Reply

  • ခင်ဇော်

    July 27, 2014 at 5:33 pm

    ကျန်တာ စိတ် အဝင်စားဝူးးး
    ပုံတွေရဲ့ ညာဘက် အပေါ်ထောင့်က ဘူ့ပုံလေးလဲ။

    😀

    Reply

    • padonmar

      July 27, 2014 at 9:36 pm

      ကေဇီရယ်၊
      မသိခြင်ထောင်ထောင်နေလိုက်တာမဟုတ်၊
      သူက အဲသလို မမေး..မေးအောင် ပြထားတာ။

      Reply

  • မောင်အံ့ရေ..ဒေါင်းဆွဲပြီးစမ်းကြည့်တာ အဆင်ပြေပါတယ်..ပို့စ်တွေတော့ကြည့်လို့သိပ်မရချင်ဘူး..သို့ပေမယ့် ကျေးဇူးပါ..လမ်းမှာကြုံလို့တွေ့ရင် ဘီဘီတိုက်ပါ့မယ်..

    Reply

  • manawphyulay

    July 28, 2014 at 9:31 am

    ဒါပေမယ့် ဖုန်းနဲ့စာရိုက်ရတာ တယ်မလွယ်ပါဘူး။ နောက်ပြီး ပိုစ့်တွေ ကြည့်ရတာ အဆင်မပြေဘူး။
    အပေါ်ရွှေ့လိုက် အောက်ရွှေ့လိုက် မနည်းလုပ်နေရတယ်။ ပိုစ့်တင်ဖို့တော့ ပုံတွေ အပ်လုပ်ရတာ အဆင်ပြေပေမယ့် စာရေးဖို့ကျတော့ အများကြီးမရိုက်တတ်ဘူး ဖြစ်နေတယ်။

    Reply

  • မင်း ခန့် ကျော်

    July 28, 2014 at 9:36 am

    မရှင်းတာတခုလောက်မေးပါရစေ။
    ဖုန်းနဲ့ဖတ်နေကြည့်နေရတာမို့ ပုံတွေကသေးသေးလေးဖြစ်နေတော့
    ဟိုဟာပါ။တခြားမဟုတ်ပါဘူး။
    အဝိုင်းပုံလေးထဲက ဦးထုတ်နဲ့မျက်မှန်နဲ့က
    ဘယ်သူတုံးဗျ :mrgreen:
    ကျန်တာတော့ရှင်းနေတာပါပဲ
    ဝင်ကလိကျိဖို့ပဲကျန်တော့တယ်။
    ခါတိုင်းတော့ မိုဇီလာနဲ့နှစ်ပါးသွားနေရတာ။

    Reply

    • ခင် ခ

      July 28, 2014 at 11:29 am

      ဪ ငါ့လူနဲ့ နည်းပညာလေးမျှဝေမိပါတယ် ဗိုက်ခေါက်ကဆွဲခံရပါပေါ့ကိန်းဆိုက်လေ ဆိုသလိုဖြစ်ရတော့မယ်၊ သက်ဆိုင်သူကမေးနေပြီး ဘယ်သူပုံလဲတဲ့………….

      Reply

  • ရွှေတိုက်စိုး

    July 28, 2014 at 3:35 pm

    အံချာကောင်ကြီး အိုင်တီတမားဖစ်ပြီး… အလိုက်တာအေ…. present လုပ်ရင် ဘယ်တော့မှ ကိုယ်နဲ.သက်ဆိုင်တဲ့ ပုံတွေ မပါစေနဲ.
    ပါလို.ကတော့ အဲဒီပုံတွေပဲစိတ်ဝင်စားကြမှာ….. ဘယ်နှယ့်အေ…. အခုတော့ နီအဆွဲခံရတော့မယ်…
    ဟိုနေ.က ဘီယာထဲ ရှကီနှစ်ဖုံးထည့်သောက်တာ… မပြောတော့ပါဘူးအေ……….. ခိခိခိ..

    နီအပလီကေးရှင်းလေး ကောင်းသားအေ… အားပေးသွားဒယ် အံအံ

    Reply

  • မဟာရာဇာ အံစာတုံး

    July 29, 2014 at 12:14 am

    အို …
    ဟိုထောင့်က ပုံလေးကိုပဲ အမေး များနေဂျဒယ် ..
    ဒက်ဒီတိုက် ပြောဒလို ဖစ်နေဘီလား တိဘာဘူး …
    ဒါမယ့် .. အဲ့ပုံလေးဂ ဘူ့ပုံလေးလဲဆိုဒါ ပြောလိုက်ဘာအုံးမယ် …
    အဲ့ပုံလေးဂလေ .. အိုက်ပုံလေးဂ ကျော့်ရဲ့ ချစ်ဆုံးပုံလေးပေါ့လို့ … ခိခိ ..
    :mrgreen:

    အားလုံးဘဲ ခုလို လာပီး အားပေးဂျဒါ ကျေးဇူးပါဗျာ …
    @ဥဆာ … ဥဆာ ကျွမ်းတာတော့ တိဘီးဒါး … အဲ့ဒီနေရာမှာ ဆြာတင်ရလောက်တဲ့ လူဘဲ … ဖုန်းနဲ့ ပို့စ်တင်မယ်ဆို ဥဥဆာ ဆီမှာ နည်းလမ်း တောင်းဗျို့ .. ဒီလူဂျီးက အိတ်ပက်ပဲ …
    @အရီး … ဘယ်လို စိတ်မနိုင်တာတုန်း တိဂျင်မိဘာရဲ့ .. ငဲ့ငဲ့ ..
    @Lu Lu … ဒေါင်းလုပ်က အဲ့ဒီမှာပဲ လင့်ခ်ပေးထားတယ်လေ …
    @ပေါက်ပေါက်ကျိုင်း … မှတ်ထားလိုက်မယ်နော် … ဒဂယ် မတိုက်လို့ဂဒေါ့ .. ဟွန့် …

    Reply

  • Mr. MarGa

    August 1, 2014 at 1:22 pm

    ဂွတ်ထ… ဂွတ်ထ
    ကောင်းလှောင့်တေးးးး
    ငါလဲ တဖြည်းဖြည်းနဲ့ ကွန်ပူတာကနေ ဖုန်းပေါ်ရောက်တော့မယ်
    လောလောဆယ်တော့ ဖုန်းနှစ်လုံး ပလက်ဖောင်းနှစ်ခုနဲ့ တိုင်ပတ်နေတယ် (အလွတ်ဝင်ကြွားတာ) :mrgreenn:

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.