မစ္စတာ :(

MAUNGJuly 26, 20141min010

နိုင်ငံခြား သား မြင် မစ္စတာ မစ္စတာ လုပ် စရာလားဗျာ…….
ကျုပ် တို့တိုင်းပြည် ထဲလာ မှုခင်း ကျူးလွန် တောင် မစ္စတာ..မစ္စတာ နဲ့ ခင်ဗျားတို့ ဟာ နဲနဲ မဟုတ်ဘူး တော်တော် လွန်နေပြီ ။
ဘယ်နှယ် ဗျာ…ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီး မျိုး ကိုတောင် ဘယ်နိုင်ငံခြား မိဒီယာ မှ ဘာမှ တတ်မခေါ်ဘူး ….။ ရှင်းလား..?

ဒါ နဲ့ ပါတ်သက်လို့ လွပ်လပ် စွာကွဲလွဲ လို့ရပါတယ်……

မောင်

10 comments

  • Iris

    July 26, 2014 at 7:15 pm

    ဟုတ်​တယ်​. ​ထောက်​ခံတယ်​။ ကျမ က​တော့ မတိမ်​းမယိမ်​း အရွယ်​ဆိုရင်​ sir name ​တောင်​မ​ခေါ်ဘူး ။ သူ့နာမည်​ပဲ​ခေါ်ပလိုက်​တယ်​။ အသက်​ကြီးရင်​ ရယ်​ ပထမဦးဆုံး​တွေ့ရင်​သာ မစ်​စတာ​ခေါ်တာ။ မ​လေးစားတာ ဟုတ်​ဘူး ပိုပြီးရင်​နှီးပြီးတန်​းတူထားတယ်​ဆိုတာကို ပြတာပါ။ သူတို့ကလည်​း မစ်​စတာလို့​ခေါ်တာမကြိုက်​ပါဘူး။
    ကျမစိတ်​ထင်​ မြန်​မာ​တွေ မစ်​စတာလို့သုံးတာ ဦး” လို့ဆိုလိုချင်​ဟန်​ရှိတယ်​လို့ထင်​တယ်​။

    Reply

    • MAUNG

      July 26, 2014 at 7:19 pm

      ဦး တတ်ခေါ်သင့် လို့ခေါ် တာ မပြော ပါဘူး ဗျာ

      ခု ဟာ ….ဘယ်နှယ် ….နိုင်ငံခြား သား ဆို တိုင်းဖြစ်နေတာ …

      Reply

  • ဦးကြောင်ကြီး

    July 27, 2014 at 4:00 am

    မစ္စတာ
    ခြစ်ရာ
    အဆစ်ပါ
    တစ်လျှာ..

    Reply

  • ခင်ဇော်

    July 27, 2014 at 10:05 am

    ငင်?
    အဲလို နှိုင်းလို့ မရဝူးထင်တယ် မစ်စတာ မောင်။

    အဟိ။
    မောင့် နာမည်က
    မောင် မို့
    မောင် လို့ ခေါ်တာကို
    မောင် လို့ ခေါ်မိ အပြစ်ရှိလို့
    ယူဆသူတွေ များသမို့
    မောင့် ကို
    မောင် လို့ မခေါ်တော့ ပါ ဝူး မောင် ရယ်။

    :mrgreen:

    အဟွတ်။

    Reply

  • မဟာရာဇာ အံစာတုံး

    July 27, 2014 at 12:51 pm

    ရှားလော့ဟုမ်းရဲ့ ဝတ္ထုတွေထဲမှာ
    ရှားလော့ဟုမ်းက သူ့ကို မစ္စတာ တပ်ခေါ်မှ ကြိုက်တယ် …
    သဘောက သူ့ရဲ့ ဉာဏ်စွမ်းကို အားကိုးဖို့အတွက် လာတဲ့လူတွေအနေနဲ့
    သူ့ကို လေးစားကြောင်း ပြသဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြထားတယ် ထင်ပါရဲ့ ….
    ဒါပေမယ့် …
    လူတိုင်းကိုတော့ မစ္စတာ တပ်ခေါ်စရာ မလိုပါဘူး …
    ဒါပေမယ့် … အမျိုးသမီးတွေ အများစု ကိုတော့ဖြင့် မစ္စစ် ဆိုပြီး တပ် ခေါ်ကြတာ များတယ် …
    ဘာသဘောလဲတော့ မသိ …။

    Reply

  • kai

    July 27, 2014 at 1:09 pm

    ဒီမှာတော့.. ကလေးတွေက.. ဆရာ/မတွေဆို.. မစ္စတာ/မစ္စစ်တပ်ခေါ်သဗျ…
    ကျုပ်တို့ရုံးအလုပ်မှာတော့… မခေါ်ရေးချမခေါ်…
    ဘယ်လောက်ရာထူးကြီးကြီး.. တန်းတူရင်းရင်းနှီးနှီးပဲ…။
    ပထမတခါတွေ့တွေ့ချင်းဆိုရင်တော့.. အခြေအနေခေါက်ပြီး.. ဖန်မလီနာမယ်ခေါ်ချင်ခေါ်မယ်..။

    ဆိုတော့..
    သမ္မတလည်း.. အိုဘားမားပဲ..။
    မစ္စတာပရဲဆဲဒန့်လို့တော့.. ခေါ်ချင်ခေါ်ကြမယ်..။
    လူသားတိုင်းတန်းတူဟူသောစိတ်.. (အတွင်းစိတ်ထဲကကို) အခြေခံထား.. ရေးသင့်..ပြောသင့်.. လုပ်သင့်.. ဟူလို… :k:

    Reply

  • အရီးခင်

    July 27, 2014 at 3:16 pm

    နာမည်မှာ မစ္စတာ တပ်ခေါ် တာထက် တစ်ခြား Body Language တွေ က ပိုပြီး အရေးကြီး မယ်ထင်ရဲ့။
    သဘောကတော့ ဟိုတယ် လို နေရာမျိုး မှာ စကားပြောရင်
    အဲလို Mr, Mrs , Miss, Ms တပ်မခေါ်တာက အင်မတန် ရိုင်းမှာပါ။
    ဒါပေမဲ့ အတင်းကာရော ဒူးထောက်ရို့ကျိုး ပြနေတာကတော့ လုံးဝ မသင့်ပါဘူး။
    ယဉ်ယဉ်ကျေးကျေး ဆိုတာ နဲ့ အောက်ကျို့တာနဲ့ မတူပါဘူးလေ။

    နောက်ပြီး ဒီမှာလဲ ရင်းနှီးသူချင်း အပေါ်က သူကြီးပြောသလို Boss ကိုတောင် မှ နာမည်ဘဲ ခေါ်ပါတယ်။
    ဒါပေမဲ့ တစိမ်း မသိရင်တော့ Mr, Mrs, Miss, Ms တပ်ပြီး ခေါ်ကြတာ “ဓလေ့ မှန်” လို့ ထင်ပါတယ်။
    ဒါကြောင့် ပုံသေနည်း ထက် နေရာ၊ဒေသ၊ အချိန်ကာလ နဲ့ လိုက်လျောညီထွေ နေသင့် ပြောသင့်ဖို့ ဘဲ ကြိုးစားသင့်တာ လို့ ထင်မိပါကြောင်း။ :-))

    Reply

  • kyeemite

    July 29, 2014 at 11:54 am

    ထောက်ခံပါတယ် မှောင်
    ကျုပ်တို့ ကမ်ပဏီမှာလည်း မစ္စတာတတ်ခေါ်လေ့မရှိ :boss:

    Reply

  • alinsett (gazette)

    July 29, 2014 at 3:21 pm

    အော်… မစ္စတာမောင်ရယ်… ။
    :mrgreen:

    Reply

  • ခင် ခ

    August 7, 2014 at 10:27 pm

    အဲ မစ်စ္စတာ ခါနာခါရေးကား လို့ဆိုလိုက်ရင် အိုကေ ဆိုပြီး ထမင်းလိုက်စားတာဘဲဗျ
    အဲဒီနေရာမှာ ဦးမာမွတ် မန်မန်စားမလား လို့အစားထိုးပြောကြည့်အုံးမှဘဲ ဘယ်လိုနေမလဲလို့

    Reply

Leave a Reply to မဟာရာဇာ အံစာတုံး Cancel Reply

Your email address will not be published.