ကြယ်တစ်ပွင်ကို တောင့်တခြင်း

manawphyulayJuly 24, 20141min01

Star
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ
မင်းအချစ်တွေ မဟုတ်ဘဲ
ဆူးတစ်ချောင်းသာဆိုရင်တော့
အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး
နုတ်ပစ်မိမှာ အမှန်ပါ
အဲံဒီအတွက် ခံစားချက်မဲ့စွာ။

စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက်
မင်းသိအောင် ပြောဖို့ ခက်ခဲရင်း
မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ
ခုတော့ ဒဏ်ရာများစွာ။

ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ
တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို
ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ
မေ့ပစ်လိုက်ဖို့ ပြောရအောင်
အဲဒါက အိပ်မက်မှ မဟုတ်တာ။

မနောဖြူလေး

One comment

  • ခင်ဇော်

    July 24, 2014 at 6:25 pm

    အိမ်မက်တော့ မဟုတ်ဘူးးး
    ကျော်ဖြတ်ခဲ့ပြီး ပြန်ကြည့်မိတော့ အဲလို ခံစားတတ်ခဲ့ဖူးတာ ကိုယ် မဟုတ်သလို။

    😥

    Reply

Leave a Reply to ခင်ဇော် Cancel Reply

Your email address will not be published.