U Pyaung GyeJuly 21, 20141min00

စတုတ္ထတန်း အခန်းတွင်းဖြစ်ပါသည်။

ကျောင်းမှသတ်မှတ်ထားသည့် အင်္ကျ ီဖြူနှင့် ပုဆိုးမဝတ်ခဲ့သော ကျောင်းသားကို ခုံပေါ်တက် မတ်တတ်ရပ်ခိုင်း ထားပါသည်။ ကြိမ်လုံးကိုင်ထားသည့် အတန်းပိုင်ဆရာမ လာချေပြီ။ ရိုက်ရန်အတွက် ဘောင်းဘီပေါ်ဖုံးနေသည့် အင်္ကျ ီစကို မတင်ခိုင်း၏။ ကျောင်းသားကားမလှုပ်။ ဆရာမဒေါသထွက်၍ မတင်ခိုင်းပြန်သဖြင့် ကျောင်းသားမှ မတင်ပေးလိုက်၏။

ဆရာမလက်တွင်းမှ ကြိမ်လုံးလွတ်ကျသွားပြီး ကြမ်းပြင်နှင့်ထိတွေ့သံ၊ ကျောင်းသား ၏ ငိုရှိုက်သံနှင့်အတူ ဆရာမ၏သက်ပြင်းရှိုက်သံတို့ ရောထွေးထွက်ပေါ်လာလေသည်။ ကျောင်းအပ်ရန် ပိုက်ဆံမရှိသဖြင့် သနားတတ်သူ၏ ကျောင်းအပ်ခဖြင့် ကျောင်းဝင်ခွင့်ရခဲ့သူ၊ ကွယ်လွန်သွားပြီ ဖြစ်သောဖခင်နှင့် မောင်နှမ ၁ဝ ဦးအတွက် ငွေရှာနေရသောမိခင်မှ မွေးဖွားလာသူ ထိုကျောင်းသားမှာ ဘောင်းဘီဖင်ပြဲလေးဝတ်ကာ ဖင်ပြဲကို သူတစ်ပါးမမြင်စေရန်နှင့် အင်္ကျ ီဖြူ မရှိ၍ သူ့အဖေ၏ စွပ်ကျယ် လက်စကအား လက်ခေါက်ပြီး အင်္ကျ ီအောက်စကို ဘောင်းဘီအပြင်ထုတ်ဝတ်ဆင်ထား၏။ သူ့တွင် ဝတ်စရာ ကျောင်းစိမ်းပုဆိုးမရှိ။

စာပေဖန်တီးပြီး ငွေမရှာချင်၊ ငွေရှာပြီး စာပေဖန်တီးချင်သော ဆရာ ” ကိုရွှေအောင်သင်း ” ငယ်ဘဝဖြစ်ပါသည်။

Leave a Reply

Your email address will not be published.